နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ဦးသိန်းစိန်လက်ထက်က ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်ကို စစ်ကောင်စီ ထိန်းသိမ်း

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်၊ ခေတ်မျက်လုံး။

ဦးသိန်းစိန်အစိုးရ လက်ထက် ပြန်ကြားရေးဝန်ကြီး ဖြစ်ခဲ့သူ ဝန်ကြီးဟောင်း ဦးရဲထွဋ်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ စစ်ကောင်စီက အောက်တိုဘာလ (၂၈) ရက် ညပိုင်းမှာ ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်ကို စစ်ကောင်စီက ထိန်းသိမ်းလိုက်တဲ့ အကြောင်းရင်းက ဘာကို ဖော်ပြနေခဲ့သလဲ။

စစ်အာဏာသိမ်းမှုကို ဝန်ကြီးဟောင်း ဦးရဲထွဋ်က မကြိုက်ပါဘူး၊ သူက မကြိုက်ကြောင်း သူ့အမြင်ကို လူမှုကွန်ရက်စာမျက်နှာမှာ ရေးတင်ခဲ့ပါတယ်။ဒါပေမဲ့ ဦးရဲထွဋ်ရဲ့ လူမှုကွန်ရက် ရေးသားချက်တွေဟာ ပြည်သူလူထုထိတ်လန့်စေဖို ကြံရွယ်ပြီး မမှန်သတင်း ဖြန့်ဝေခြင်း၊ အစိုးရ ဝန်ထမ်းတွေပြစ်မှုကျူးလွန်လာစေဖို ရည်ရွယ်လှုံဆော်‌တယ်လို့ဆိုကာ လာရောက်အမှုဖွင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့ပြင် လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဝေဖန်ရေး သားတယ်ဆိုပြီး ဦးရဲထွဋ်ကို စစ်တပ်ထောက်ခံတဲ့ အုပ်စုတွေဖြစ်တဲ့ ဟန်ငြိမ်းဦး၊ ကျော်စွာ၊ ဘညွန့်စတဲ့ တယ်လီဂရမ်ချန်နယ်တွေကနေ အောက်တိုဘာလ ၂၁ ရက်က ဖမ်းဆီးဖို့ ဖော်ပြခံရပြီးနောက် တပတ်အကြာမှာ အခုလို ဖမ်းဆီး ခံခဲ့တာ ဖြစ်ပါတယ်။

အဲဒီစစ်တပ်လော်ဘီတွေရဲ့ဖမ်းဆီးခိုင်းနေမှုနဲ့ ပတ်သက်ပြီး ဦးရဲထွဋ်က “ ကျွန်တော်က သူတို့လို ကိုယ်ဘယ်သူလဲ၊ ဘယ်မှာနေလဲဆိုတာ လူသိမခံရဲတဲ့ သူမှမဟုတ်တာ။ ဒီအတိုင်း သွားလာနေတာပဲလေ။ သူ့ကိုစွပ်စွဲပြောဆိုတာတွေကို သူမိတ်ဆွေတွေက လာသတိပေးကြကြောင်း သူ့အိမ်လိပ်စာကို ရေသန့်ပိုသမားကအစ သိတဲ့အတွက် အချိန်မရွေး လာဖမ်းနိုင်ကြောင်းကို လွန်ခဲ့တဲ့ ရက်သက်နှစ်ပတ်ခန့်က ဖမ်းဆီးခိုင်းနေမှုကို ပြန်လည်တုန့်ပြန်ရေးသားခဲ့ပါသေးတယ်။

ဦးရဲထွဋ်ကို အလုံမြိုမရဲစခန်းက (ပ) ၂၁၆/၂၀၂၃ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့် ဖမ်းဆီးပြီး ယနေ့ နံနက်ပိုင်း အင်းစိန်ထောင်ကို ပို့ဆောင်လိုက်တယ်လို့ စစ်တပ်ဘက်က သတင်းထုတ်ပြန်ခဲ့တာပါ။

ဦးရဲထွဋ်ဟာ စစ်တက္ကသိုလ် အပတ်စဉ် ၂၂ ဆင်း အရာရှိတစ်ဦး ဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထပ် ၂၀၁၂ ခုနှစ်မှာ ပြန်ကြားရေး ဒုဝန်ကြီးဖြစ်လာကာ ၂၀၁၄ ခုနှစ်မှာ ပြည်ထောင်စုဝန်ကြီးဖြစ်ခဲ့သလို ပြန်ကြားရေးဝန်ကြီးတာဝန်ကအနားယူပြီးနောက် ခရီးသွားဆောင်းပါးနဲ့ လက်ရှိနိုင်ငံရေးကို ထင်ဟပ်စေတဲ့ ဆောင်းပါး‌တွေ ရေးနေတဲ့သူ ဖြစ်ပါတယ်။

မတည်မငြိမ်ဖြစ်နေတဲ့ စစ်ကောင်စီအနေနဲ့ လူမှုကွန်ရက်တွေမှာ သူတို့ကိုဝေဖန်သူတွေ ကို လိုက်လုပ်သူတွေကအစ ဖမ်းဆီးနေတဲ့အထိ အကဲဆတ်နေတဲ့အချိန်မှာ စစ်မှုထမ်း အရာရှိဟောင်း တဦးလည်းဖြစ် ပြန်ကြားရေးဝန်ကြီးဟောင်းတဦးလည်း ဖြစ်တဲ့ ဦးရဲထွဋ်ရဲ့ဆောင်းပါးတွေဟာ လက်ရှိ စစ်ခေါင်းဆောင်ကို ပါးပါးလေးပုတ်ပြီး ဝေဖန်တာမျိုးတွေပါနေတာကို မျက်လုံး ဒေါက်ထောက်ကြည့်နေတဲ့ စစ်လော်ဘီတွေက ကျေနပ်ပုံမရသော်လည်း စောင့်ကြည့်နေခဲ့ပြီး မကြာခင်က စစ်အရာရရှိဟောင်း တယောက်နဲ့ ချိန်းဆိုမှုမှာ အဲ့ဒီအရာရှိရဲ့ အိမ်လိပ်စာကိုပါ ထည့်ရေးပေးလိုက်တာကို PDF တွေကို သတ်ဖို့ သတင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးလိုက်တယ်လို့ ယူဆရပါတယ်။

စစ်အုပ်စုဟာ စစ်တပ်ထောက်ခံတဲ့ အုပ်စုတွေဖြစ်တဲ့ ဟန်ငြိမ်းဦး၊ ကျော်စွာ၊ ဘညွန့်စတဲ့ တယ်လီဂရမ်ချန်နယ်တွေက ပြောတဲ့သူတွေကို အရေးယူနေတာကြောင့် ဒီချန်နယ်တွေဟာ စစ်ကောင်စီရဲ့အနီးကပ် ထောက်လှန်းရေးလက်တံတွေလို့ ယူဆရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 12 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ မြိုင်နဲ့ ပေါက်မြို့နယ်ထဲရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး NUG နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မိတ္ထီလာလေတပ်စခန်းဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 13 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က စစ်ကော်မရှင်ရဲ့ မိတ္ထီလာလေတပ်စခန်း ဌာနချုပ်ထဲကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BWM ရဲ့
မြန်မာသတင်း

မင်းအောင်လှိုင်အပါ ဒုသမ္မတ (၃)ဦးကို အရည်အချင်းပြည့်မီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 83 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ ပြုလုပ်တဲ့ သမ္မတအရည်အချင်း စိစစ်ရေးကော်မတီရဲ့ ဒုသမ္မတ (၃)ဦးဟာ အရည်အချင်းကိုက်ညီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်က ကြေညာခဲ့တယ်လို့ သိရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တွေက တင်ပြတဲ့ ဒုသမ္မတတွေနဲ့ပတ်သက်ပြီး သမ္မတ‌အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်စုံမှု
မြန်မာသတင်း

သံတွဲမြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 23 Views
စစ်ကော်မရှင်ရဲ့ တပ်ချုပ်သစ်လက်ထက် မိသားစုလိုက် စစ်ရာဇဝတ်မှုကျူးလွန်သတ်ဖြတ်ခံရတာလို့ AA ပြော ဧပြီလ (၂)ရက်။ မနေ့က နေ့လယ် (၁၁)နာရီကျော်အချိန်က သံတွဲမြို့ကို လေကြောင်းဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

“YDF နောက်ကွယ်က NUG ရဲ့ ခြေလှမ်းများ”

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 18 Views
၂၀၂၆ ခုနှစ် မတ်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ယောကာကွယ်ရေးတပ် YDF ရဲ့ သူ့တပ်ပြေးရာဇဝတ်သားတွေကို လိုက်လံနှိမ်နင်းမှုအပေါ် YDF က တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းအပေါ် သေနတ်ဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ယောကာကွယ်ရေးတပ်ကို ပုံမှားရိုက် နာမည်ဖျက်တိုက်ခိုက် ဘက်လိုက်ရေးသားမှုတွေကို သတင်းဌာနတချို့က
မြန်မာသတင်း

လယ်ဒိုမြို့ရှိ စစ်တပ်ဂိတ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 31 Views
ဧပြီလ (၁)ရက်။ မနေ့က ည (၁၀)နာရီခွဲအချိန်မှာ လယ်ဒိုမြို့ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA ဦးဆောင်တဲ့ ပူးပေါင်းစစ်ကြောင်းက သာယာကုန်းနဲ့ ခြံကြီးကြား မီးရထားလမ်းက စစ်တပ်ဂိတ်စခန်းကို
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့ ငပလီကမ်းခြေကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 29 Views
ဧပြီလ (၁)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က သံတွဲမြို့ရှိ ငပလီကမ်းခြေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ငပလီကမ်းခြေတလျှောက်ကို စကစက လေယာဉ် (၅)စီးလောက်နဲ့ ဆက်တိုက်ဗုံးလာကြဲသွားတာ။ အဲ့ဒီနေရာမှာ စစ်ရေးလှုပ်ရှားတာလဲမရှိဘဲ
မြန်မာသတင်း

သက်ငယ်မုဒိန်းမှုနဲ့ မြန်မာဘက် ထွက်ပြေးလာသူကို ထိုင်းဘက် NUG ပြန်လွှဲပြောင်းခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 32 Views
ဧပြီလ (၁)ရက်။ ထိုင်းနိုင်ငံထဲ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသူကို ထိုင်းအာဏာပိုင်တွေဆီ ပြန်လွဲပြောင်းပေးအပ်ခဲ့တယ်လို့ NUG လက်အောက်ခံ တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းက ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင်မှာ နေထိုင်တဲ့ စောကဲလဲ (၃၇)နှစ်ဟာ