၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်၊ ခေတ်မျက်လုံး။
ချင်းပြည်နယ်၊ မတူပီမြို့နယ်ရှိ ဇိုတုန်နယ်ရှိ ရေဇွာမြို့ကို ချင်းတော်လှန်ရေးတပ်များက အပြီးတိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဒီနေ့ နိုဝင်ဘာလ (၂၉) ရက်နေ့ မနက်အစောပိုင်းတွင် ရေဇွာမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို CNA ဦးဆောင်တဲ့ CDF-Mara၊ CDF-Matupi (B-2)၊ CDF-Zoung၊ DF-Hualngoram၊ CDF-Senthang၊ CDF-Lautuနှင့် CDF-Zotung စတဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်များက စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေအကြားက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်တာ ဖြစ်ပါတယ်။
လက်ရှိမှာ ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ်မြို့ (နိုဝင်ဘာ ၁၃ ရက်)၊ လိုင်လင်းပီမြို့ (နိုဝင်ဘာ ၂၄ ရက်)၊ ရေဇွာမြို့ (နိုဝင်ဘာလ ၂၉ ရက်)တို့ကို ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိထားပြီး ဖြစ်ပါတယ်။