နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဟုမ္မလင်းက ရွှေပြည်အေးမြို့အုပ်ချုပ်ရေးမှူးရုံးမှာ တော်လှန်ရေးအလံ လွှင့်တင်တာကို NUG ထုတ်ပြန်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၉)ရက်၊ ခေတ်မျတ်လုံး။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က ရွှေပြည်အေးမြို့အုပ်ချုပ်ရေးမှူးရုံးမှာ ပြည်သူ့တော်လှန်ရေးအလံတော် လွှင့်တင်ခဲ့တာကို NUG က မနေ့တုန်းက မှတ်တမ်း ရုပ်သံထုတ်လွှင့်ခဲ့ပါတယ်။

ဟုမ္မလင်းမြို့နယ်က ရွှေပြည်အေးမြို့ကို နိုဝင်ဘာလ (၂၃)ရက်နေက PDF မဟာမိတ်တပ်ပေါင်းစုတွေ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာပါ။

အခုလို မြို့သိမ်းယူပြီးတဲ့အချိန်ကစပြီး စစ်ကောင်စီဘက်က မြို့ပြန်လည်ရရှိဖို့အတွက် ထိုးစစ်ဆင်တာတွေရှိခဲ့တယ်လို့ ဒီဇင်ဘာလ (၂၅)ရက်နေ့မှာ ဟုမ္မလင်း PDF က ပြောဆိုထားပါတယ်။

ရွှေပြည်အေးမြို့ကို ပြန်လည်ရရှိဖို့အတွက် စစ်ကောင်စီဘက်က လက်အောက်ခံ ခလရ(၄၀)နဲ့ ရှမ်းနီအမျိုးသားတပ်မတော်(SNA)တို့ ပူးပေါင်းကာ ဌာနေပြည်သူ့စစ်တွေနဲ့အတူ ထိုးစစ်ဆင်တာကြောင့် တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် စစ်ကောင်စီဘက်က ရွှေပြည်အေးမြို့နဲ့ အနီးတဝိုက်ကို မကြာခဏဆိုသလို လက်နက်ကြီး ပစ်ခတ်တာတွေနဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဟုမ္မလင်း PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေစကြိုမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၅)ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 1 ရက်
  • 19 Views
စက်တင်ဘာလ (၁)ရက်။ မနေ့က နေ့လယ် (၁)နာရီခွဲဝန်းကျင်က ရေစကြိုမြို့ ရေလယ်ကျွန်းဒေသရှိ ငတရော်ရွာကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက
မြန်မာသတင်း

တရုတ်သမ္မတနဲ့ အိန္ဒိယဝန်ကြီးချုပ်တို့က မင်းအောင်လှိုင်ရဲ့ ရာဇဝတ်မိတ်ဖက်တွေလို့ Justice for Myanmar ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 1 ရက်
  • 22 Views
စက်တင်ဘာလ (၁)ရက်။ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ဟာ စစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်ရဲ့ ရာဇဝတ်မိတ်ဖက်တွေလို့ Justice for Myanmar(JFM)က ဒီကနေ့မှာ
မြန်မာသတင်း

စစ်ကောင်စီရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ဦးစိုးထက်ကို NLD က ပါတီကနေထုတ်ပယ်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 1 ရက်
  • 21 Views
စက်တင်ဘာလ (၁)ရက်။ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ဦးစိုးထက်(ခ)ဆလိုင်းမဲလုကို ပါတီကနေ ထုတ်ပယ်လိုက်တယ်လို့ NLD ပါတီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဦးစိုးထက်(ခ)ဆလိုင်းမဲလုဟာ NLD ပါတီ ပလက်ဝမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်နဲ့ ပလက်ဝမဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး
မြန်မာသတင်း

မင်းလှမြို့ရှိ ကြံ့ခိုင်ရေးပါတီရုံး မိုင်းခွဲခံရ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 1 ရက်
  • 19 Views
ဩဂုတ်လ (၃၀)ရက်။ မနေ့က ည (၇)နာရီ (၂၀)မိနစ်အချိန်က မင်းလှမြို့ ဗိုလ်ရုံတန်းရပ်ကွက်ရှိ ကြံ့ခိုင်ရေးပါတီရုံးကို မိုင်းခွဲခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဗိုလ်ရုံတန်းရပ်ကွက်က ကြံ့ခိုင်ရေးပါတီရုံးရဲ့ ဝင်ပေါက်အနီးကို မိုင်းခွဲခဲ့တာ။ အဲ့ဒီမှာ
မြန်မာသတင်း

အသက်မပြည့်သေးတဲ့သူတွေကို စစ်မှုထမ်းခွင့်မပြုဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 1 ရက်
  • 22 Views
ဩဂုတ်လ (၃၀)ရက်။ အသက်(၁၈)နှစ်မပြည့်သေးတဲ့ ကလေးငယ်တွေကို ကာကွယ်ရေးတပ်ဖွဲ့တွေမှာ ဝင်ရောက်တာဝန်ထမ်းဆောင်တာ မရှိစေဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အသက်မပြည့်တဲ့ ကလေးငယ်တွေ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေမှာ ပါဝင်လာရင် သတ်မှတ်စည်းမျဉ်းစည်းကမ်းနဲ့ စိစစ်ပြီး
မြန်မာသတင်း

ရခိုင်မှာ စစ်တပ်ရဲ့ စစ်သင်္ဘောတစီး ပစ်ခတ်ခံရပြီး မီးလောင်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 1 ရက်
  • 19 Views
ဩဂုတ်လ (၃၀)ရက်။ မနေ့က ညနေပိုင်းအချိန် မာ‌န်အောင်ကျွန်းနဲ့ ရမ်းဗြဲကျွန်းကြားမှာ စစ်တပ်ရဲ့ စစ်သင်္ဘောတစီးကို AA က ပစ်ခတ်ခဲ့တယ်လို့ ဒေသထဲသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ ဖြစ်တာက မနေ့က ညနေ (၅)နာရီကျော်လောက်၊ မာန်အောင်ကျွန်းနဲ့ ရမ်းဗြဲကျွန်းကြားမှာ
မြန်မာသတင်း

ဂုတ်ထိပ်တံတားနဲ့ အနီးတဝိုက်ကို ပြန်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 1 ရက်
  • 22 Views
ဩဂငတ်လ (၃၀)ရက်။ ဩဂုတ်လ (၂၉)ရက်နေ့က ဂုတ်ထိပ်တံတားနဲ့ အနီးတဝိုက်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ TNLA ထိန်းချုပ်ထားတဲ့ ဂုတ်ထိပ်တံတားနဲ့ အနီးတဝိုက်ကို ပြန်ရဖို့ စစ်တပ်က စစ်ကြောင်း (၂)ကြောင်းခွဲပြီး တိုက်ခိုက်ခဲ့ရာ
မြန်မာသတင်း

ရဲတပ်ဖွဲ့ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများနှင့် အင်ဒိုနီးရှားတစ်ဝှမ်းတွင် တင်းမာမှုများ မြင့်တက်လာခြင်း။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 1 ရက်
  • 23 Views
CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁ရက် ဂျကာတာ၊ အင်ဒိုနီးရှားAPသတင်း။  အင်ဒိုနီးရှားနိုင်ငံ တစ်ဝှမ်းရှိ မြို့အများအပြားတွင် ဆန္ဒပြပွဲများ ပြင်းထန်လာပြီး လွှတ်တော်အမတ်များ၏ ထောက်ပံ့ကြေးကို ဆန့်ကျင် ကန့်ကွက်သည့် ဆန္ဒပြ ကျောင်းသားများကြား ရုန်းရင်းဆန်ခတ်ဖြစ်မှုအတွင်း ပစ္စည်းပို့ဆောင် သည့်