ပဲခူးတိုင်း၊ တောင်ငူမြို့မြောက်ဘက်ရှိ စစ်ကောင်စီ၏ တောင်ငူလေတပ်စခန်း ဌာနချုပ်ကို Rain Of Fire စစ်ဆင်ရေးက တိုက်ခိုက်ခဲံရာမှာတော့ စစ်ကောင်စီဘက်က ၃ ဦး သေပြီး ရဟတ်ယာဉ်တစ်စီး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၂၅ ရက်နေ့က ရှော့တိုက်ဒုန်း ၄ လုံး၊ မတ်လ ၂၇ ရက်နေ့က ရှော့တိုက်ဒုန်း ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Bago Region PDF တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အဲဒီ တိုက်ခိုက်မှုကို KNLA / PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။