နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း

တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးအသစ် ခန့်အပ်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်၊ ခေတ်မျက်လုံး။

ပြီးခဲ့တဲ့ အောက်တိုဘာလမှာ တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Li Shangfu ရာထူးက ထုတ်ပယ်ခံခဲ့ရပြီးတဲ့နောက် သူ့နေရာကို ဆက်ခံမယ့်သူကို တရုတ်အစိုးရက ကြေညာလိုက်ပါတယ်။

တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနရဲ့ ဖော်ပြချက်အရ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ၊ တရုတ်ပါလီမန်က ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် Dong Jun ကို ဒီနေ့ ဒီဇင်ဘာလ (၂၉) ရက်နေ့မှာ ခန့်အပ်ခဲ့ပါတယ်။

မခန့်အပ်ခင် တရုတ်ရေတပ်ရဲ့ အရင်စစ်ဦးစီးချုပ် Dong Jun ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရနိုင်တယ်လို့ ဟောင်ကောင်မီဒီယာတေကက ဖော်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ရေတပ်ရဲ့အရေးပါမှု တိုးလာတယ်လို့ ထောက်ပြခဲ့ပါတယ်။

အရင်ကာကွယ်ရေးဝန်ကြီး Li Shangfu ကို အောက်တိုဘာလမှာ ရာထူးမှ ထုတ်ပယ်ခဲ့ပြီးကတည်းက ကာကွယ်ရေးဝန်ကြီး လစ်လပ်နေတာ နှစ်လရှိပြီဖြစ်ပါတယ်။

Lee ရာထူးက ထုတ်ပယ်ခံရတဲ့ အကြောင်းရင်းကို ထုတ်ဖော်ပြောကြားတာ မရှိပေမယ့် စစ်လက်နက်ပစ္စည်း ဝယ်ယူရေးမှာ အကျင့်ပျက်ခြစားတာကြောင့်လို့ ပြောဆိုနေကြပါတယ်။

ဓာတ်ပုံအညွှန်း။

တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးအသစ် Dong Jun

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 26 Views
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့မရှိဘူးလို့ဆို ဇန်နဝါရီလ (၂၄)ရက်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မြင်းခြံမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်ဘက်က (၂၂)ဦး သေဆုံးကာ (၂၀)ကျော် ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 31 Views
ဇန်နဝါရီလ (၂၄)ရက်။ ဇန်နဝါရီလ (၂၀)ရက်နေ့က မြင်းခြံနဲ့ နွားထိုးကြီးမြို့အကြားမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့
နိုင်ငံတကာသတင်း မြောက်ကိုရီးယား

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ဒုတိယဝန်ကြီးချုပ်တစ်ဦးကို ရာထူးမှထုတ်ပယ်၊ ‘နွားလှည်းကို ဆွဲတဲ့ဆိတ်’ ဟုခိုင်း နှိုင်းပြစ်တင်ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 22 Views
CNN- ဆိုးလ်မြို့ – AP မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် စက်ရုံအဆင့်မြှင့်တင်ရေး စီမံကိန်း တစ်ခု တွင် ပြဿနာများရှိခဲ့ခြင်းကြောင့် ဒုတိယဝန်ကြီးချုပ်တစ်ဦးကို ရာထူးမှ ထုတ်ပယ် လိုက် သည်။ ဤလုပ်ရပ်သည် အရေးကြီးသော နိုင်ငံရေးညီလာခံ မတိုင်မီ
ဆော်ဒီအာရေးဘီးယား နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆော်ဒီအာရေဗျတွင် ဒေါ်လာ ၂.၅ ထရီလီယံတန်ဖိုးရှိ သတ္တုတွင်းထွက် အရန်အင်အား ရှိကြောင်း ပြောကြား၊ ၎င်းသည် မြေရှားသတ္ထု (Rare Earths) ပြိုင်ပွဲတွင် အဓိက ကစား သမား ဖြစ်လာနိုင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်းကျွန်းနှင့် ပတ်သက်၍ ရှားပါးမြေဒြပ်စင်ဆိုင်ရာ အခွင့်အရေးများ ပါဝင်မည့် ဖြစ်နိုင်ခြေရှိသော သဘောတူညီချက်တစ်ခု ရရှိခဲ့ကြောင်း ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့ပြီးနောက် သတ္တုတွင်းထွက်ပစ္စည်းများသည်
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

ဥရောပ၏ ‘လက်တွေ့ဘဝသစ်’ – အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေးများ ပြိုကွဲသွားခဲ့သည့် သီတင်းပတ်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက် ဘရပ်ဆဲလ်မြို့ — ဒေါ်နယ်ထရမ့်အနေဖြင့် ကမ္ဘာသစ်တစ်ခုကို တည်ဆောက်ရန် ခြောက်ရက် သာ အချိန်ယူခဲ့ရသည်။ ခုနစ်ရက်မြောက်နေ့တွင်မူ သူ၏ ဥရောပမဟာမိတ်ဟောင်းများ အနေဖြင့် သူ့ကို
မြန်မာသတင်း

ဂန့်ဂေါမြို့မရဲစခန်းက ဒုရဲအုပ် ဒရုန်းဗုံးမှန်ပြီး သေဆုံး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 31 Views
ဇန်နဝါရီလ (၂၄)ရက်။ ဂန့်ဂေါမြို့ရှိ စစ်ကော်မရှင်ရဲ့ မြို့မရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ဒုရဲအုပ် သေဆုံးခဲ့တယ်လို့ ယောအလင်းတန်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ ဇန်နဝါရီလ (၁၂)ရက်နေ့မှာ ဂန့်ဂေါမြို့ ခလရ(၅၀)တပ်အနီးရှိ လမ်း‌ဆုံက
မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲထဲ ဗမာ့တပ်တော်(BA)ရဲဘော် (၂)ဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 30 Views
ဇန်နဝါရီလ (၂၄)ရက်။ KIA ဦးဆောင်တဲ့ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးထဲမှာ ဗမာ့တပ်တော်(BA) ပါဝင်တိုက်ပွဲဝင်နေတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ဆင်ရေးထဲ ဇန်နဝါရီလ (၁၆)ရက်နေ့ တိုက်ပွဲနဲ့ (၂၁)ရက်နေ့ တိုက်ပွဲတို့မှာ ဗမာ့တပ်တော်(BA)ရဲ့ ရဲဘော် (၂)ဦး ကျဆုံးခဲ့တယ်လို့
မြန်မာသတင်း

အာဆီယံအထူးကိုယ်စားလှယ်နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 31 Views
ဇန်နဝါရီလ (၂၃)ရက်။ ဖိလစ်ပိုင်နိုင်ငံ တာဂေတေမြို့မှာ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နဲ့ NUG ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ NUG ကိုယ်းစားပြုတဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ပြီးတော့ တွေ့ဆုံခဲ့တာရှိပါတယ်။ အာဆီယံဥက္ကဋ္ဌအဆက်ဆက် အခုလိုမျိုး