နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း

တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးအသစ် ခန့်အပ်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်၊ ခေတ်မျက်လုံး။

ပြီးခဲ့တဲ့ အောက်တိုဘာလမှာ တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Li Shangfu ရာထူးက ထုတ်ပယ်ခံခဲ့ရပြီးတဲ့နောက် သူ့နေရာကို ဆက်ခံမယ့်သူကို တရုတ်အစိုးရက ကြေညာလိုက်ပါတယ်။

တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနရဲ့ ဖော်ပြချက်အရ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ၊ တရုတ်ပါလီမန်က ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် Dong Jun ကို ဒီနေ့ ဒီဇင်ဘာလ (၂၉) ရက်နေ့မှာ ခန့်အပ်ခဲ့ပါတယ်။

မခန့်အပ်ခင် တရုတ်ရေတပ်ရဲ့ အရင်စစ်ဦးစီးချုပ် Dong Jun ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရနိုင်တယ်လို့ ဟောင်ကောင်မီဒီယာတေကက ဖော်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ရေတပ်ရဲ့အရေးပါမှု တိုးလာတယ်လို့ ထောက်ပြခဲ့ပါတယ်။

အရင်ကာကွယ်ရေးဝန်ကြီး Li Shangfu ကို အောက်တိုဘာလမှာ ရာထူးမှ ထုတ်ပယ်ခဲ့ပြီးကတည်းက ကာကွယ်ရေးဝန်ကြီး လစ်လပ်နေတာ နှစ်လရှိပြီဖြစ်ပါတယ်။

Lee ရာထူးက ထုတ်ပယ်ခံရတဲ့ အကြောင်းရင်းကို ထုတ်ဖော်ပြောကြားတာ မရှိပေမယ့် စစ်လက်နက်ပစ္စည်း ဝယ်ယူရေးမှာ အကျင့်ပျက်ခြစားတာကြောင့်လို့ ပြောဆိုနေကြပါတယ်။

ဓာတ်ပုံအညွှန်း။

တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးအသစ် Dong Jun

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တန့်ဆည်အချုပ်ထောင်မှာ ဆေးကုသခွင့် ပိတ်ပင်ခံရတာကြောင့် နိုင်/ကျဉ်းသူတဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 2 Views
မတ်လ (၃၀)ရက်။ မတ်လ (၂၇)ရက်နေ့ နံနက် (၅)နာရီခန့်က တန်ဆည်အချုပ်ထောင်မှာ ဆေးကုသခွင့် ပိတ်ပင်ခံရတာကြောင့် နိုင်ငံရေးအကျဉ်းသူတဦး ကျဆုံးခဲ့တယ်လို့ PPNM
မြန်မာသတင်း

စစ်တပ်ရဲ့ တပ်ချုပ်နဲ့ ဒုတပ်ချုပ် ပြောင်းလဲခန့်အပ်တာတွေပြုလုပ်

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 2 Views
ရဲဝင်းဦး တပ်ချုပ်အသစ်အနေနဲ့ ခန့်အပ်ခံရ မတ်လ (၃၀)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က နေပြည်တော် ဇေယျာသီရိဗိမာန်မှာ စစ်တပ်ရဲ့ တပ်ချုပ်နဲ့ ဒုတပ်ချုပ်နေရာတွေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 23 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က အီရန်၏ စာရင်းတွင် မပါဝင်ခဲ့ဖူးသည့် အချက်တစ်ချက် ပါဝင်လာခဲ့သည်၊ ၎င်းမှာ ဟော်မုဇ် ရေလက်ကြား
မြန်မာသတင်း

ရခိုင်မှာ ချိတ်ပိတ်ထားတဲ့ နေအိမ်အချိုကို AA က ပြန်လွှဲအပ်

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 34 Views
ရခိုင်မှာ ချိတ်ပိတ်ထားတဲ့ နေအိမ်အချိုကို AA က ပြန်လွှဲအပ် မတ်လ (၂၈)ရက်။ ရခိုင်ဒေသ မြိုသိမ်းတိုက်ပွဲတွေပြီးနောက် စစ်ကော်မရှင်အပါအဝင် အကြမ်းဖက်အဖွဲတွေနဲ ဆက်စပ်တဲ့ နေအိမ်တွေကို AA က လုပ်ထုံးလုပ်နည်းနဲ့တွေနဲ့အညီ ချိတ်ပိတ်ခဲ့တယ်လို သိရပါတယ်။ အဲ့ဒီလို
မြန်မာသတင်း

CDM သူနာပြုဆရာမကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့တဲ့ ပျုစောထီး ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 43 Views
မတ်လ (၂၈)ရက်။ မတ်လ (၂၀)ရက်နေ့ ည (၁၀)နာရီခွဲအချိန်က အုတ်ဖိုမြို အောင်သုခရပ်ကွက်နေ ပျူစောထီး မောင်ဆန်းကို နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ(၅)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပျူစောထီး မောင်ဆန်းကို
မြန်မာသတင်း

တပ်မတော်နေ့အခမ်းအနားကျင်းပတဲ့ စစ်တပ်ရဲ့ ဘုရင့်နောင်သင်တန်းကျောင်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 45 Views
မတ်လ (၂၈)ရက်။ မနေ့က နံနက် (၇)နာရီကျော်အချိန်က သံတောင်ကြီးရှိ စစ်တပ်ရဲ့ ဘုရင့်နောင်တိုက်ခိုက်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို BWM ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဘုရင့်နောင်တိုက်ခိုက်ရေးကျောင်းမှာ ခွေးတပ်မတော်နေ့ ကျင်းပတဲ့နေရာကို ၁၀၇မမ ရှော့တိုက်ဒုံး
မြန်မာသတင်း

အောင်ပွဲဟာ လက်တကမ်းအကွာကို ရောက်နေပြီလို NUG ပြော

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 47 Views
မတ်လ (၂၈)ရက်။ အောင်ပွဲဟာ လက်တကမ်းအကွာကို ဆိုက်ရောက်နေပြီလို NUG က (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ကို ပေးပိုတဲ့သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ “ အမှောင်ထုဟာ အလင်းကို မအုပ်စိုးနိုင်သလို ပြည်သူရဲ့ မတုန်မလှုပ်တဲ့ သန္နိဋ္ဌာန်နဲ့ စည်းလုံးတဲ့
မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 53 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ် (Donetsk) ဒေသမှာရှိတဲ့ ခံစစ်မြို့ကြီး လေးမြို့ကို ဦးတည်ပြီး နွေဦးထိုးစစ်ကို အရှိန်မြှင့် ဆောင်ရွက်နေပါတယ်။