ချင်းပြည်နယ် ထန်တလန်မြို့နယ် ခွာဖို ရွာကို စစ်ကောင်စီတပ်က မတ်(၃၀) ရက် က ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့်အမျိုးသမီး ၅ ဦး အပါ အဝင် ဒေသခံ ၈ဦး သေဆုံးခဲ့ရတယ်လို့ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) က ထုတ်ပြန်ချက်အရသိရပါတယ်။
စစ်ကောင်စီတပ်က ခွာဖို ရွာကို ၄ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီဒေသမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီ ကအကြောင်းမဲ့ တိုက်ခိုက်လာတာလည်းဖြစ်ပါတယ်။ လက်ရှိတွင် အဆိုပါကျေးရွာရှိနေအိမ်များ မီးလောင်လျက်ရှိနေတယ်လို့သိရပါတယ်။ ဒဏ်ရာရရှိသူများမှာ လတ်တလောစာရင်းအရ ၂၀ ဦးကျော်ရှိပြီး ဒဏ်ရာပြင်းထန်သူများလည်းရှိနေတာကြောင့် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်သေးတယ်လို့လည်း သိရပါတယ်။
ပြည်သူ့ကို ပစ်မှတ်ထား တိုက်ခိုက်မှု လုပ်ရပ်ကို စစ်ကောင်စီတပ်က ဒေသအသီးသီး၌ ကျူးလွန်နေတာဖြစ်ပြီး အခု ရက် ပိုင်းများအတွင်း ထန်တလန်မြို့နယ်၌ တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ ခွာဖိုရွာကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ တာဖြစ်ပါတယ်။