တရုတ်နိုင်ငံ က ကိုယ်စားလှယ်အဖြစ် ပါဝင်ဆောင်ရွက်သွားမည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်း ရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့ မိုင်းလား မှာ တွေ့ဆုံဆွေးနွေးသွားကြမှာဖြစ်တယ်လို့သိရပါတယ်။
တရုတ်ရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းမှုအရ တွေ့ဆုံမှာ ဖြစ်ပြိး ကိုယ်စားလှယ်တွေအနေနဲ့ မေလ (၃၀) ရက်နေ့မှာ မိုင်းလားမြို့ကို ရောက်ရှိနေပြီလို့ သိရပါတယ်။ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူးသံတမန်လည်း မိုင်းလားမြို့ကိုရောက်ရှိနေပြီလို့ သိရပါတယ်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDAA၊TNLA နဲ့ AA တို့ဟာ ဇွန်လ (၁) ရက်နေ့မှာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ အထူးဒေသ(၄)၊ မိုင်းလားမြို့မှာ တွေ့ဆုံသွားကြမှာ ဖြစ်တယ်လို့ စစ်ကောင်ဘက်က ထုတ်ပြန်ထားပါတယ်။
Era’sEye/Photo -စစ်ကောင်စီ ထုတ်ပြန်ချက်။