နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်

အတွေးအမြင်ကဏ္ဍ

အတွေးအမြင်ကဏ္ဍ

သတ်ဖြတ်ခြင်း (Killing) အဓိပ္ပါယ်ကို သတ်မှတ်ခြင်း

(က) နိုင်ငံတကာဥပဒေအရဆိုလျှင် သတ်ဖြတ်ခြင်း၏ အင်္ဂါရပ်များကား အဘယ်နည်း။

သတ်ဖြတ်ခြင်းကို လူ့အခွင့်အရေးချိုးဖေါက်မှုတစ်ရပ်အဖြစ် မှတ်တမ်းပြုရန်အလို့ငှာ အောက်ပါ အင်္ဂါရပ် (၃) ရပ် ထင်ရှားကြောင်း ဖေါ်ပြရပါမည်။

၁။ လူ့အသက်ကို သေစေခြင်း။

၂။ တရားဥပဒေမဲ့ သတ်ဖြတ်ခြင်း။

၃။ အစိုးရ၏ လုပ်ဆောင်ချက်။

အပြည်ပြည်ဆိုင်ရာ ဥပဒေလူတဦး၏ အသက်ရှင်နေထိုင်ခွင့်ကို အတင်းအကြပ် ရုပ်သိမ်းခြင်းကို အပြည်ပြည်ဆိုင်ရာ ဥပဒေများက ပိတ်ပင် တားမြစ်ထားပါသည်။

သတ်ဖြတ်ခြင်းသည် အသက်ရှင် နေထိုင်ခွင့်ကို ရုပ်သိမ်းခြင်းအဖြစ် အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖေါက်ရာ ရောက်သည်။

(ခ) တရားဥပဒေမဲ့ သတ်ဖြတ်ခြင်းဆိုသည်ကို မည်သည့်အချက်များက အထမြောက်စေသနည်း။

“တရားဥပဒေမဲ့”သတ်ဖြတ်ခြင်းတွင် ဥပဒေမဲ့သတ်ဖြတ်ခြင်း သို့မဟုတ် တရားရုံးမှာ စီရင်ခြင်းမရှိသော၊ အကျဉ်းရုံးစီရင်သော သတ်ဖြတ်ခြင်း သို့မဟုတ် အတင်းအကျပ် သတ်ဖြတ်ခြင်းတို့ အကျုံးဝင်ပါသည်။ ယေဘုယျအားဖြင့် ဆိုရလျှင်၊ သတ်ဖြတ်မှုတရပ်သည် တရား မမျှတမှု ဖြစ်စေ၊ ကျိုးကြောင်း မခိုင်လုံမှု ဖြစ်စေ၊ လက်လွတ်စပယ်ပြုခြင်း ဖြစ်စေ ပါရှိနေပါက ၎င်းသည် တရားဥပဒေမဲ့သတ်ဖြတ်ခြင်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ အောက်ပါတို့သည် တရားဥပဒေမဲ့ သတ်ဖြတ်ခြင်း၏ သာဓကအချို့ ဖြစ်ပါသည်။

– ညှဉ်းပမ်းနှိပ်စက်ရာမှ သေဆုံးခြင်း

– တရားမျှတသော တရားရုံးကြားနာစစ်ဆေးမှု မရှိဘဲ ကွပ်မျက်ခြင်း

– စစ်သုံ့ပန်းကို သတ်ဖြတ်ခြင်း

– အလွန်အကျွံ အင်အားအသုံးပြုရာမှ သေဆုံးခြင်း (အထူးသဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများမှာ ဖြစ်ပွားသည်။)

– ထိန်းသိမ်းချုပ်နှောင်ထားစဉ် ကာလအတွင်း အသက်သေစေလောက်သော အခြေအနေများမှနေ၍ သေဆုံးခြင်း။

သာဓကအားဖြင့် အစားအစာမကျွေးဘဲ ထားခြင်း၊ သို့မဟုတ် ဆေးဝါးကုသမပေးခြင်းစသည်- သတ်ဖြတ်ခြင်းသည် လက်နက်ကိုင်တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ရာမှ သေဆုံးခြင်း သို့မဟုတ် တရားမျှတသော တရားရုံး ကြားနာစစ်ဆေးမှု လုပ်ပြီးနောက် သေဒဏ်ပေးမှုကြောင့် သေဆုံးခြင်းကဲသို့သော အနည်းအကျဉ်းမျှသော အခြေအနေများမှာသာလျှင် “ဥပဒေနှင့်အညီ” ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

ကျန် သတ်ဖြတ်ခြင်း အများစု (နိုင်ငံ၏ အရေးပေါ်အခြေအနေများအတွင်းမှာ ကျူးလွန်သော သတ်ဖြတ်ခြင်း အပါအဝင်ဖြစ်သည် ) သည် တရားဥပဒေနှင့်မညီသော သတ်ဖြတ်မှုများဖြစ်သည်)။Source: Network for Human Rights Documentation Photo: LanGeek

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

အတွေးအမြင်ကဏ္ဍ

ဘုံရန်သူပျောက်ပြီးအချင်းချင်းသတ်ကြတော့မှာလား။

  • 2025 ခုနှစ်၊ ဇူလိုင်လ 18 ရက်
  • 13 Views
ဘုံရန်သူပျောက်ပြီးအချင်းချင်းသတ်ကြတော့မှာလား။ ဇူလိုင်၁၅ရက်နေ့က ဆိုင်ကယ်စီး ခရီးထွက်လာတဲ့ GZA ခေါင်းဆောင် ကိုဂျီဇက်နဲ့ ရဲဘော် ၄ ယောက်တို့ကို ဂန့်ဂေါ်မြို့နယ်ထီးလင်းနားမှာ ဂန့်ဂေါခရိုင်တပ်ရင်း(၁၀)တပ်ခွဲ(၇)က
အစ္စရေး အတွေးအမြင်ကဏ္ဍ အရှေ့အလယ်ပိုင်း

အာရပ်-အစ္စရေးစစ်ပွဲ ဘာကြောင့်ဖြစ်ခဲ့တာလဲ? (ဒုတိယပိုင်းနိဂုံး)

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 38 Views
အာရပ်-အစ္စရေးစစ်ပွဲ ဘာကြောင့်ဖြစ်ခဲ့တာလဲ? (ဒုတိယပိုင်းနိဂုံး) ဒုတိယပိုင်းမှာ စစ်ဖြစ်ရတဲ့အကြောင်းရင်းများနဲ့ ဘယ်နှစ်ကြိမ်ဖြစ်ခဲ့သလဲ ဘယ်သူတွေက အနိုင်ရသလဲ၊  အနိုင်ရသူကဘာအကျိုးအမြတ်တွေရခဲ့သလဲဆိုတာတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဦးထွန်းအောင်ကျော်ကသူဟာလူသားဝါဒီတယောက်ဖြစ်ပြီး
အတွေးအမြင်ကဏ္ဍ

အာရပ်-အစ္စရေးစစ်ပွဲ ဘာကြောင့် ဖြစ်လာရသလဲ? (ပထမပိုင်း)

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 31 Views
အာရပ်-အစ္စရေးစစ်ပွဲ ဘာကြောင့် ဖြစ်လာရသလဲ? မြန်မာနိုင်ငံကတချို့သူတွေက အာရပ်တွေက မွတ်ဆလင်တွေ ဖြစ်တဲ့အတွက် အစ္စရေးကို ထောက်ခံကြတယ်။ မြန်မာဗုဒ္ဓဘာသာဝင်တွေ အထူးသဖြင့် မဘသတွေက မွတ်ဆလင်တွေ ကို မုန်းတီးကြတယ်။ ရန်သူလို့သတ်မှတ်တယ်။ ဒါကြောင့် အစ္စရေးကို ထောက်ခံကြတယ်။ ပါလက်စတိုင်းတွေကို
ဆောင်းပါးများ မြန်မာသတင်း အတွေးအမြင်ကဏ္ဍ

မြန်မာ့အိမ်နီးချင်းတွေ ယုတ်မာနေကြပြီလား။

  • 2025 ခုနှစ်၊ မေလ 25 ရက်
  • 207 Views
သမိုင်းကို ပြန်လည်တူးဖော်ကြည့်ခြင်း မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံများဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးကို စိတ်မဝင်စားကြပါဘူး။ စိတ်မဝင်စားတဲ့အပြင် သူတို့အကျိုးအမြတ်ရမယ်ဆိုရင် မြန်မာပြည်သူတွေရဲ့ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေမှုကို နင်းချဖို့၊ ဖျက်စီးနှောက်ယှက်ဖို့လည်း ဝန်မလေးကြပါဘူး။ ဒီနေ့ကမ္ဘာ့နိုင်ငံရေးအလှည့်အပြောင်းက အလွန်ကြောက်စရာကောင်းပါတယ်။ ဒီမိုကရေစီရေးနဲ့ လူ့လွတ်လပ်ခွင့်တွေထဲက
မြန်မာသတင်း အတွေးအမြင်ကဏ္ဍ

“ဝေဖန်သူတွေကို အမုန်းပွား၊တော်လှန်ရေးကိုဘေးမှာထား၊ နိုင်ငံခြားကိုသွား”

  • 2025 ခုနှစ်၊ မေလ 18 ရက်
  • 96 Views
ဒီနေ့ မေလ (၁၈) ရက်နေ့ တနင်္ဂနွေစကားဝိုင်းမှာ ပင်တိုင်ဆွေးနွေးသူများဖြစ်တဲ့ဦးထွန်းအောင်ကျော် နဲ့ ဦးထွန်းကြည်တို့က (၁) မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးကောင်စီ(SAC-M)ရဲ့ ထုတ်ပြန်ချက်အပေါ် အမြင် (၂) NUG ဝန်ကြီးတူးခေါင်ရဲ့ ဝေဖန်ထောက်ပြသူတွေကို ဖက်ဆစ်စစ်တပ်နဲ့ ခိုင်းနှိုင်းစွပ်စွဲတဲ့
မြန်မာသတင်း အတွေးအမြင်ကဏ္ဍ အယ်ဒီတာ့အာဘော် အာရှ

ဝါးလုံးခေါင်းထဲလသာနေတဲ့ မြန်မာစိတ်ဓာတ်နဲ့ မြန်မာအတွေးအခေါ်

  • 2025 ခုနှစ်၊ မေလ 10 ရက်
  • 148 Views
++++++++++++++++++++++++++++++++++ အယ်ဒီတာ့အာဘော် ကျွန်တော်တို့ မြန်မာတွေ အတွေးအခေါ်တွေချို့တဲ့၊ ဗဟုသုတလည်းခေါင်းပါး၊ စိတ်ဓါတ်ရေးရာတွေ အောက်တန်းကျ ကိုယ်မသိတာနဲ့ သိသယောင် တတ်သယောင် ဂဃနဏသိတဲ့သူတွေ တင်ပြတာကို ကိုယ့်ဝါးလုံးခေါင်းထဲက အတွေးလေးနဲ့ တိုင်းတာပြီး မိုက်ရိုင်းစွာ ဆဲရေးတာကို တွေ့လိုက်ရတယ်။ ဂျပန်နိုင်ငံ၊
အတွေးအမြင်ကဏ္ဍ

လူမွဲနိုင်ငံ ဘာကြောင့် ဖြစ်သွားရတာလဲ။ တရားခံဘယ်သူလဲ။

  • 2025 ခုနှစ်၊ မေလ 10 ရက်
  • 116 Views
အတွေးအခေါ်တော်လှန်ရေး အပိုင်း (၂) လူမွဲနိုင်ငံ ဘာကြောင့် ဖြစ်သွားရတာလဲ။ တရားခံဘယ်သူလဲ။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ထိပ်တန်းနိုင်ငံဘဝကနေ ၁၉၆၂ ခုနှစ်၊ မတ်လ(၂) ရက်နေ့မှာစစ်အာဏာသိမ်းခံခဲ့ရပြီး ၁၉၈၇ ခုနှစ်မှာ လူမွဲနိုင်ငံဘဝကို ကျ‌ရောက်ခဲ့ရပါတယ်။ ၁၉၈၈ ခုနှစ်ဒီမိုကရေစီတောင်းဆိုတဲ့
အတွေးအမြင်ကဏ္ဍ

“NUG တရုတ်ချော့တေးနဲ့ စစ်အနိုင်တိုက်ရေး ဘာကို ရွေးမလဲ?”

  • 2025 ခုနှစ်၊ မေလ 4 ရက်
  • 128 Views
“NUG တရုတ်ချော့တေးနဲ့ စစ်အနိုင်တိုက်ရေး ဘာကို ရွေးမလဲ?”  ဒီတနင်္ဂနွေ ဆွေးနွေးမဲ့အကြောင်းအရာတွေကတော့ NUG ဟာ တရုတ်ရဲ့ ရန်သူမဟုတ်သလို အကျိုးစီးပွားကို ထိခိုက်စေမယ့်အဖွဲ့ မဟုတ်ဘူးဆိုတာ တိတိကျကျ ပြောဆိုကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလက အွန်လိုင်း ကက်ဘိနက်