ယနေ့ မေလ (၃၁) ရက်နေ့တွင် ကျရောက်သည့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) ဖွဲ့စည်းထူထောင်ခြင်း (၂) နှစ်ပြည့် အခမ်းအနားသို့ TNLA၊ AA၊ MNDAA ညီနောင်မဟာမိတ်တပ်ဖွဲ့က သဝဏ်လွှာပေး ပို့လိုက်ကြောင်း မိုင်းလား ဒေသခံ သတင်းရစ်မြစ်များထံမှ သိရှိရသည်။
တရုတ်နိုင်ငံက ကိုယ်စားလှယ်အဖြစ် ပါဝင်ဆောင်ရွက်သွားမည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်း ရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့ ရှမ်းပြည်နယ်၊ မိုင်းလားမြို့၌ ဇွန်လ (၁) ရက်နေ့တွင် တွေ့ဆုံဆွေးနွေးမည်ဟု စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားသည်။