နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်တွေမြို့ကို ပြန်လည်ထူထောင်ရေးနဲ့ ကူညီကယ်ဆယ်ရေး ပစ္စည်း တန်ချိန် တစ်သောင်းရှစ်ထောင်ကျော်ပို့ဆောင်ထား

ရခိုင်ပြည်နယ် စစ်တွေမြို့ကို ပြန်လည်ထူထောင်ရေးနဲ့ ကူညီကယ်ဆယ်ရေးပစ္စည်း တန်ချိန် တစ်သောင်းရှစ်ထောင်ကျော်ပို့ဆောင်ထားပြီးဖြစ်ကြောင်းကို စစ်ကောင်စီက မေလ (၃၀) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အိမ်ဆောက်ပစ္စည်း၊ စားနပ်ရိက္ခာ၊ အဝတ်အထည်၊ ဆေးဝါးတွေ အပါအဝင် စုစုပေါင်း တန်ချိန် ၂၇၀၀ တင်ဆောင်ထားတဲ့ MV Charites ရေယာဥ်ဟာ မေလ (၃၀) ရက်နေ့ မနက်ပိုင်းမှာ ရခိုင်ပြည်နယ်ကို ထွက်ခွာခဲ့ပြီး ဖြစ်ပါတယ်။

အိမ်ဆောက်ပစ္စည်းတွေထဲမှာ သွပ် တစ်သိန်းကျော်၊ ဘိလပ်မြေအိတ် သုံးသောင်း၊ သံချောင်းတန် ၄၀၀၊ မိုးကာဖျင် ၂၉၇ လိပ်၊ အိမ်ရိုက်သံ ဖာ ၄၀၊ ကျွန်းသစ်လုံး တစ်ထောင်ကျော်၊ သစ်ခွဲသားတန် တစ်ရာကျော် ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

မေလ ၁၆ ရက်နေ့ကစပြီး မေလ ၃၀ရက်နေ့အထိ တပ်မတော် စစ်ရေယာဥ် အပါအဝင် စုစုပေါင်း ရေယာဥ် ၁၄ စီးနဲ့ ကူညီကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း တန်ချိန် ၁၈၅၁၁ တန်ကို ပို့ပြီးပြီလို့ ထုတ်ပြန်လာတာပါ။

ဒါ့အပြင် ဒီဇယ် ဂါလံ နှစ်သောင်းခွဲခန့်နဲ့ ၉၂ အောက်တိန်း ဂါလန် နှစ်သိန်းနီးပါး ပို့ဆောင်ပေးထားပြီးပြီလို့ ထုတ်ပြန်ဖော်ပြထားပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေ သယ်ယူဖြန့်ဖြူးပေးရေး အရေးတကြီးလိုအပ်နေတယ်လို့ UNOCHA ကဆိုပါတယ်။

UNOCHA- Myanmar ကတော့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ကုန်လှောင်ရုံတွေကတဆင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ ရေးပစ္စည်းတွေကို သယ်ယူဖို့ ခွင့်ပြုချက်နဲ့ အတူ ဖြန့်ဖြူးပေးရေးစတဲ့ လုပ်ငန်းတွေအတွက် ပိုမိုကျယ်ပြန့်စွာ လုပ်‌ဆောင်ပေးနိုင်ဖို့ အရေးတကြီးလိုအပ်နေတယ်လို့ မေလ (၃၁) ရက်နေ့ အစီရင်ခံစာအရ သိရပါတယ်။

အသေးစိတ်အစီအစဥ်တွေ ချမှတ်ပြီး သက်ဆိုင်ရာအာဏာပိုင်တွေဆီကို ပေးပို့ထားကာ ခွင့်ပြုတဲ့ အတည်ပြုချက်ကို နှစ်ပတ် ကြာတဲ့အထိ စောင့်ဆိုင်းနေရတယ်လို့ UNOCHA- Myanmar က ထုတ်ပြန်ထားပါတယ်။

Era’sEye/Photo -စစ်ကောင်စီ/REF: BBC

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းအောင်လှိုင်အပါ ဒုသမ္မတ (၃)ဦးကို အရည်အချင်းပြည့်မီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 29 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ ပြုလုပ်တဲ့ သမ္မတအရည်အချင်း စိစစ်ရေးကော်မတီရဲ့ ဒုသမ္မတ (၃)ဦးဟာ အရည်အချင်းကိုက်ညီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်က ကြေညာခဲ့တယ်လို့
မြန်မာသတင်း

သံတွဲမြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 18 Views
စစ်ကော်မရှင်ရဲ့ တပ်ချုပ်သစ်လက်ထက် မိသားစုလိုက် စစ်ရာဇဝတ်မှုကျူးလွန်သတ်ဖြတ်ခံရတာလို့ AA ပြော ဧပြီလ (၂)ရက်။ မနေ့က နေ့လယ် (၁၁)နာရီကျော်အချိန်က သံတွဲမြို့ကို
မြန်မာသတင်း

“YDF နောက်ကွယ်က NUG ရဲ့ ခြေလှမ်းများ”

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 11 Views
၂၀၂၆ ခုနှစ် မတ်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ယောကာကွယ်ရေးတပ် YDF ရဲ့ သူ့တပ်ပြေးရာဇဝတ်သားတွေကို လိုက်လံနှိမ်နင်းမှုအပေါ် YDF က တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းအပေါ် သေနတ်ဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ယောကာကွယ်ရေးတပ်ကို ပုံမှားရိုက် နာမည်ဖျက်တိုက်ခိုက် ဘက်လိုက်ရေးသားမှုတွေကို သတင်းဌာနတချို့က
မြန်မာသတင်း

လယ်ဒိုမြို့ရှိ စစ်တပ်ဂိတ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 27 Views
ဧပြီလ (၁)ရက်။ မနေ့က ည (၁၀)နာရီခွဲအချိန်မှာ လယ်ဒိုမြို့ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA ဦးဆောင်တဲ့ ပူးပေါင်းစစ်ကြောင်းက သာယာကုန်းနဲ့ ခြံကြီးကြား မီးရထားလမ်းက စစ်တပ်ဂိတ်စခန်းကို
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့ ငပလီကမ်းခြေကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 26 Views
ဧပြီလ (၁)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က သံတွဲမြို့ရှိ ငပလီကမ်းခြေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ငပလီကမ်းခြေတလျှောက်ကို စကစက လေယာဉ် (၅)စီးလောက်နဲ့ ဆက်တိုက်ဗုံးလာကြဲသွားတာ။ အဲ့ဒီနေရာမှာ စစ်ရေးလှုပ်ရှားတာလဲမရှိဘဲ
မြန်မာသတင်း

သက်ငယ်မုဒိန်းမှုနဲ့ မြန်မာဘက် ထွက်ပြေးလာသူကို ထိုင်းဘက် NUG ပြန်လွှဲပြောင်းခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 29 Views
ဧပြီလ (၁)ရက်။ ထိုင်းနိုင်ငံထဲ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသူကို ထိုင်းအာဏာပိုင်တွေဆီ ပြန်လွဲပြောင်းပေးအပ်ခဲ့တယ်လို့ NUG လက်အောက်ခံ တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းက ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင်မှာ နေထိုင်တဲ့ စောကဲလဲ (၃၇)နှစ်ဟာ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို မင်းအောင်လှိုင် သက်သေပြဖို့ သားဖြစ်သူ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 22 Views
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို မင်းအောင်လှိုင် သက်သေပြဖို့ သားဖြစ်သူ တိုက်တွန်းထား ဧပြီလ (၁)ရက်။ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို သက်သေပြဖို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက မင်းအောင်လှိုင်ကို တိုက်တွန်း ပြောဆို ထားတယ် လို့ သိရပါတယ်။
မြန်မာသတင်း

ပခုက္ကူခရိုင်ထဲ မိတ်ဖက်ပဋိပက္ခတွေကို ဆွေးနွေးအဖြေရှာဖို တော်လှန်ရေးအင်အားစုတွေ တိုက်တွန်း

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 26 Views
ဧပြီလ (၁)ရက်။ ပခုက္ကူခရိုင်ထဲ ဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခကို ဆွေးနွေးအဖြေရှာဖို ဒေသထဲရှိ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်တိုက်တွန်းထားတယ်လို သိရပါတယ်။ ပခုက္ကူခရိုင်ထဲ သယံဇာတအရင်းအမြစ်နဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေကြား ပွတ်တိုက်တာတွေ ဖြစ်ပွားနေတာကို ဝမ်းနည်းစွာ ကြားသိရတယ်လို ဆိုပါတယ်။ အဲ့ဒီဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခဟာ