မကွေးတိုင်၊ ဂန့်ဂေါမြို့နယ်၊ ထယ်လှော်ကျေးရွာမှာ ဒီနေ့မနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ဝာာကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
ဒါ့ကြောင့် ချောင်းနံဘေးမှာ ဆောက်လုပ်ထားတဲ့ စစ်ဘေးရှောင်တဲတွေ အလုံးရေ ၂၀ ထက်မနည်း ပျက်စီးခဲ့ရပြီး ပစ္စည်းတွေလည်း ရေထဲမျောပါသွားတာကြောင့် စစ်ဘေးရှောင်တွေအတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေ ပါတယ်။
အခုလို ရေကြီးရေလျှံမှုကြောင့် ချောင်းနံဘေးမှာ စိုက်ပျိုးထားတဲ့ ထယ်လှော်ရွာခံ ပြည်သူတွေရဲ့ နှမ်းခင်း ဧက ၁၀၀ ကျော်လည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
ထယ်လှော်ရွာက ဒေသခံတွေဟာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှု၊ နေအိမ် မီးရှို့ခံရမှုတွေကြောင့် ကျေးရွာကို စွန့်ခွာခဲ့ကြပြီး တောထဲမှာ စစ်ဘေးရှောင်နေကြရဝာာဖြစ်ပါဝာယ်။
Era’sEye\News