နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

ချင်းတွင်းမြစ်အနောက်ဘက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး ၊ ဒေသခံ ၃၀၀၀ကျော် တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာ‌ကြောင့် ဒေသခံ ၃၀၀၀ကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဒီနေ့ မနက် ၇ နာရီခွဲ‌လောက်မှာ စစ်ကောင်စီတပ်က ချင်းတွင်းမြစ် ဝဲ၊ ယာမှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီး၊လက်နက်ငယ် တွေနဲ့ အကြောင်းမဲ့ ပစ်ခတ်ပြီး အင်အား ၇၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းက မြေပြင်ကနေလည်း စစ်ကြောင်းထိုးခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် ယင်းမာပင်မြို့နယ်၊စုန်းချောင်း၊စည်သူ၊သံဘိုနဲ့ ကျော်မှော်ရွာတို့က ဒေသခံတွေ နေရပ်စွန့်ခွာတိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ စုန်းချောင်းရွာကနေ ပန်းထိမ်ပြင်ကျေးရွာနဲ့ စည်ကူရွာဘက်ကို ဆက်လက်စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်၊ မနက် ၂ နာရီခန့်ကလည်း စုန်းချောင်းရွာကို စစ်တပ်ကဝင်ရောက်စီနင်းပြီး ပကဖ ရဲဘော်တွေအပါအဝင် အရပ်သားပြည်သူ ၁၄ ဦးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။ Era’sEye\News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဗုံးကြဲလူသတ်တိုင်း NUG မကာကွယ်နိုင်ဘူးလို့ပြောတာတွေအပေါ် စစ်ကောင်စီနဲ့ခိုင်းနှိုင်းတဲ့ ဒေါက်တာတူးခေါင်

  • 2025 ခုနှစ်၊ မေလ 13 ရက်
  • 4 Views
မေလ (၁၃)ရက်။ ဗုံးကြဲလူသတ်တိုင်း NUG မကာကွယ်နိုင်ဘူးလို့ ပြောဆိုနေတာတွေအပေါ် NUG သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ စစ်ကောင်စီနဲ့ခိုင်းနှိုင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

ရေစကြိုမှာ စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၂၇)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 13 ရက်
  • 20 Views
မေလ (၁၃)ရက်။ မေလ (၉)ရက်နေ့ ‌နံနက် (၇)နာရီ (၂၀)မိနစ်အချိန်က ရေစကြိုမြို့ ဆန်းသစ်ကျေးရွာအနီး စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

အိုးတိန်တွင်းရွာ စာသင်ကျောင်းမှာ အတန်းတင်စာမေးပွဲဖြေဆိုဖို့ ပြင်ဆင်နေချိန် လေကြောင်းတိုက်ခိုက်ခံရတာလို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 13 ရက်
  • 62 Views
မေလ (၁၃)ရက်။ မနေ့က နံနက် (၉)နာရီခွဲကျော်အချိန်က ဒီပဲယင်းမြို့ အိုးတိန်တွင်းရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး NUG က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ လေကြောင်းတိုက်ခိုက်ခံရတဲ့ စာသင်ကျောင်းဟာ ကလေးတွေ အတန်းတင်စာမေးပွဲဖြေဆိုဖို့ ပြင်ဆင်နေချိန်ဖြစ်ပြီး
မြန်မာသတင်း

မန်တုံမြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ အရပ်သား (၁)ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မေလ 13 ရက်
  • 25 Views
မေလ (၁၃)ရက်။ ဒီကနေ့ နံနက် (၁)နာရီဝန်းကျင်က မန်တုံမြို့ အောင်ချမ်းသာရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည(၁၂)နာရီ (၄၅)မိနစ်အချိန်မှာ မန်တုံမြို့ အောင်ချမ်းသာရပ်ကွက်ကို စစ်ကောင်စီတပ်က
မြန်မာသတင်း

ဂန့်ဂေါမြို့မှာ စစ်ကောင်စီစစ်ကြောင်းက ကလေးငယ်တွေအပါအဝင် အရပ်သား (၁၁)ဦးကို သတ်ဖြတ်ခဲ့

  • 2025 ခုနှစ်၊ မေလ 12 ရက်
  • 30 Views
မေလ (၁၂)ရက်။ ဒီကနေ့ နံနက် (၁)နာရီခန့်က ဂန့်ဂေါမြို့တောင်ပိုင်း လယ်မကျေးရွာကို ခလရ(၅၀)နဲ့ အမြောက်တပ်က အင်အား (၁၀၀)ခန့်ရှိ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းက ပစ်ခတ်ဝင်ရောက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ခလရ(၅၀)နဲ့ အမြောက်တပ်က စခတွေပေါင်းပြီး အင်အား
မြန်မာသတင်း

ချင်းတပ်ဖွဲ့တွေပူးပေါင်းပြီး Standard Army အနေနဲ့ တိုးမြှင့်ဖွဲ့စည်းမယ်လို့ဆို

  • 2025 ခုနှစ်၊ မေလ 12 ရက်
  • 21 Views
မေလ (၁၂)ရက်။ ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့တွေပေါင်းစည်းကာ Standard Army အနေနဲ့ တိုးမြှင့်ဖွဲ့စည်းနိုင်ဖို့ သဘောတူခဲ့တယ်လို့ ချင်းညီနောင်(CB)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ‌ဧပြီလ (၂၆)ရက်နေ့ကနေ (၂၉)ရက်အထိ ချင်းညီနောင် မြေပြင်အစည်းအဝေးကို လွတ်မြောက်နယ်မြေတနေရာမှာ ကျင်းပခဲ့ပြီး
မြန်မာသတင်း

ဒီပဲယင်းရှိ စာသင်ကျောင်း ဗုံးကြဲခံရပြီး ဆရာ၊ဆရာမနဲ့ ကျောင်းသားကျောင်းသူ အများအပြား ထိခိုက်သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 12 ရက်
  • 27 Views
မေလ (၁၂)ရက်။ ဒီကနေ့ နံနက် (၉)နာရီ (၄၀)မိနစ်အချိန်က ဒီပဲယင်းမြို့အနောက်ဘက်ခြမ်း အိုးထိန်းတွင်းရွာ စာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနက်(၉)နာရီ (၄၀)လောက်မှာ ဒီပဲယင်းအနောက်ခြမ်း အိုးထိန်းတွင်းရွာ စာသင်ကျောင်းကို
မြန်မာသတင်း

ရွှေကျင်မြို့ရှိ စစ်ကောင်စီရဲ့ ခမရ(၅၉၈)တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ဆို

  • 2025 ခုနှစ်၊ မေလ 12 ရက်
  • 29 Views
စစ်ကောင်စီဘက်က တပ်ရင်မှူးအပါအဝင် အရာရှိတွေနဲ့ တပ်သား (၅၀)ခန့် စခန်းစွန့်ခွာထွက်ပြေးခဲ့ကြ မေလ (၁၂)ရက်။ မေလ (၈)ရက်နေ့က ရွှေကျင်မြို့ ညောက်ခြေထောက်ရွာရှိ စစ်ကောင်စီရဲ့ ခမရ(၅၉၈)တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့