နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 8 ရက်

ထိုင်းနိုင်ငံရေး

ထိုင်းနိုင်ငံရေး

ဖွေထိုင်းက အရှေ့မြောက်ပိုင်းတွင် နေထိုင်သောပြည်သူများအား ကြီးမားသောထောက်ပံ့မှုများနှင့် ပိုမိုကောင်းမွန်သောဘဝများကို ကတိပြုခဲ့သည်။ ကတိအတိုင်း လုပ်ပေးနိုင်ပါ့မလား?

ထိုင်းဝန်ကြီးချုပ်သစ် ဆာရက်သာသည် ပါတီအတွက် ကတိကဝတ်များနှင့် ပတ်သက်၍ အဓိကရင်ဆိုင်နေရသည်။

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်၊ ခွန်ကန်၊ ထိုင်း။

မေလ ရွေးကောက်ပွဲအပြီးတွင် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ် ဆာရက်သာ သာဗစ်ဆင် (Srettha Thavisin) က ၎င်း၏ ဖွေထိုင်းပါတီ၏ အမာခံနယ်မြေဖြစ်သော အရှေ့မြောက်ပိုင်းနယ်မြေတွင် မဲဆန္ဒရှင်များအား အိပ်မက်တစ်ခုအဖြစ် အပြတ်အသတ်အနိုင်ရပါက နိုင်ငံ၏ လူဦးရေအများဆုံးနှင့် အဆင်းရဲဆုံးဖြစ်သောဒေသအား ချမ်းသာကြွယ်ဝလာစေရန် လုပ်ဆောင်ပေးမည်ဟု ဆိုခဲ့သည်။

သို့သော် အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံသည် မညီညွတ်သော ညွန့်ပေါင်းအဖွဲ့ဖြင့် ဖွဲစည်းထားပါက လှပကောင်းမွန်သော အနာဂတ်ကို မရရှိနိုင်ကြောင်း သတိပေးခဲ့သည်။

ယခုအခါ ဆာရက်သာသည် ခက်ခဲသော အုပ်ချုပ်မှု အခြေအနေများနှင့် မဲဆွယ်စည်းရုံးမှုတွင် ပေးအပ်ထားသည့် မျှော်လင့်ချက်များကို ဟန်ချက်ညီစေရန် နည်းလမ်းရှာရမည်ဖြစ်ပြီး၊ သို့မဟုတ် ၎င်း၏အုပ်ချုပ်မှု ပထမပတ်အတွင်း ထောက်ခံမှု ဆုံးရှုံးနိုင်ခြေရှိပြီး ဖွေထိုင်းကို ကျဆုံးစေနိုင်မည်ဖြစ်သည်။

အရှေ့မြောက်ဒေသဟု လူသိများသော အီဆန်ဟု ခေါ်ဝေါ်သော မဲဆန္ဒရှင်များသည် အပေးအယူလုပ် မဲပေးခဲ့ခြင်းကို ဆုပ်ကိုင်ထားခဲ့ ကြသည်။ ၎င်းတို့သည် ရွေးကောက်ပွဲတွင်ဖွေထိုင်းကို တခဲနက်ထောက်ခံခဲ့ပြီး ဒေသတွင်း ၁၃၃ ခရိုင်အနက် ၁၁၄ မဲရရှိအောင် ပါတီကို မဲအနိုင်ရအောင် အားပေးထောက်ခံခဲ့သည်။ ယင်းသည် ဖွေထိုင်းတည်ထောင်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နှင့် ဆက်စပ်ပါတီများကို ၂၀၀၁ ခုနှစ် ကတည်းက ထောက်ခံမဲ ထက်ဝက်ကျော်ကို မဲထည့်ပေးခြင်းဖြင့် အီဆန်၏ ထောက်ခံမှုအစဉ်အလာကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည်။

ဖွေထိုင်းသည် အီဆန်တို့အား ၎င်း၏ ထင်ရှားသော လူမှုဖူလုံရေး အစီအစဉ်များဖြင့် မဲဆွယ်စည်းရုံးခဲ့သည်။

၂၀၂၇ ခုနှစ်တွင် နေ့စဉ်အနည်းဆုံးလုပ်ခ ၃၂၈ ဘတ်မှ ဘတ် ၆၀၀ (၁၇ ဒေါ်လာ) အထိ တိုးမြှင့်မည်ဟု ကတိပြုခဲ့သည်။ ကောလိပ်ဘွဲ့ရများသည် ၂၀၂၇ ခုနှစ်တွင် လစဉ် ဘတ်ငွေ ၂၅,၀၀၀ ရရှိစေရန် ကတိပြုထားပြီး အသက် ၁၆ နှစ်နှင့်အထက် ထိုင်းနိုင်ငံသားအားလုံးအတွက် ဘတ်ငွေ ၁၀,၀၀၀ တန် ဒစ်ဂျစ်တယ်လက်ကမ်းစာစောင်ကို လာမည့် ဧပြီလတွင် အကောင်အထည်ဖော်ရန် စီစဉ်ထားသည်။

ထို့အပြင် ဖွေထိုင်းသည် ၎င်း၏ လေးနှစ်သက်တမ်းကုန်ဆုံးချိန်တွင် လယ်သမားများ၏ ဝင်ငွေသုံးဆရရှိရန် ရည်မှန်းထားပြီး လယ်ယာချေးငွေအတွက် သုံးနှစ်အကြွေးအား လျှော်ပေးရန် ရည်မှန်းထားသည်။

ဆည်ရေကို ဟက်တာ ၈ သန်း ပေးမည်ဖြစ်ပြီး ၄၀% ရာခိုင်နှုန်း တိုးချဲ့ရန်လည်း စီစဉ်ထားသည်။ အီဆန်တွင် စိုက်ပျိုးမြေ၏ ၁၀% ရာခိုင်နှုန်းကိုသာ ဆည်ရေပေးနေသည်။ ထိုင်းဗဟိုဘဏ်၏ အရေးပေါ် သတိပေးချက်တွင် နိုင်ငံသည် ပြင်းထန်းသော မိုးခေါင်ရေရှားမှုနှင့်ကြုံတွေ့နိုင်သည်ဟု ဆိုထားသည်။

အီဆန်၏ လူတစ်ဦးချင်းဝင်ငွေနှင့် ဒေသတွင်း စုစုပေါင်းထုတ်ကုန်သည် ကျန်ဒေသများထက် နောက်ကျ ကျန်နေခြင်းကြောင့် အလွန်အမင်း မညီမျှမှုကို ထိန်းညှိရာတွင် အထောက်အကူဖြစ်စေရန် ဤမူဝါဒများကို အီဆန် မဲဆန္ဒရှင်များက တွက်ဆလေ့လာနေကြသည်။

ပျမ်းမျှအားဖြင့် အီဆန် အိမ်ထောင်စုများသည် ၂၀၂၁ ခုနှစ်တွင် ပျမ်းမျှအကြွေး ၂၁၇,၈၀၂ ဘတ် တင်ရှိနေပြီး (ဘန်ကောက်၏ရှိလက်လုပ်လက်စားများ၏ကြွေး ပျမ်းမျှ ၁၉၁,၀၁၁ ဘတ်ထက် ပိုများသည်)။

အရှေ့မြောက်ဘက်ရှိ ပြည်နယ်လေးခုသည် ရင်းနှီးမြှုပ်နှံမှု၏ ၇၁% ရရှိသောကြောင့် ပြည်တွင်း၌ မညီမျှမှုများ ပျံ့နှံ့နေပါသည်။ဖွေထိုင်းအစိုးရသစ်သည် ယခုနှစ်အတွင်း ကပ်ရောဂါခေတ် အစီအမံများ ပြီးဆုံးပြီးနောက် လူနေမှုစရိတ်ကြီးမြင့်မှုနှင့် စိုက်ပျိုးရေးမှ ဝင်ငွေ ကျဆင်းလာချိန်တွင် အရှေ့မြောက်ပိုင်းရှိ အိမ်ထောင်စုများကို အကြပ်အတည်းထဲသို့ ကျရောက်နေစေသည့်အချိန်၌ ဖွေထိုင်းသည် တာဝန်ယူခဲ့ကြောင်း ထိုင်းဗဟိုဘဏ် ၏ ဒေသဆိုင်ရာရုံးမှ သိရသည်။

“ သက်ဆင် အာဏာရတုန်းက ဆန်တစ်ကီလိုကို ၁၅ ဘတ်နဲ့ ရောင်းလို့ရပြီး မြေသြဇာတစ်အိတ်ကို ဘတ် ၅၀၀ ပဲကျသင့်တယ်။ အခု မြေသြဇာက ဘတ် ၁,၅၀၀ ရှိပြီး ဆန်က တစ်ကီလိုကို ၅ ဘတ်ကနေ ၈ ဘတ်အထိ ပဲရတယ်” ဟု ခွန်ကန်မြို့မှ ဆန်လယ်သမား အသက် ၅၆ နှစ်ရှိ ပရာယွန်မီဆင်က ပြောသည်။

မြို့ပြင် နာရီဝက်ခန့်အကွာတွင်ရှိသည့် လယ်ကွင်း ၃.၂ ဟက်တာမှ ဝင်ငွေ ကျဆင်းသွားခြင်းမှာ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး ကုန်ကျစရိတ်များ မြင့်တက်လာခြင်းနှင့်အတူ လိုက်မမီတော့ပေ။ အလုပ်သမားခ၊ လယ်ထွန်စက် ကုန်ကျစရိတ်နှင့် လောင်စာဆီများ ပေးဆောင်ရန်အတွက် ပရာယွန်သည် အစိုးရ၏ စိုက်ပျိုးရေးဘဏ်မှ နှစ်စဉ် ဘတ် ၅၀၀၀၀ ချေးယူသည်။ ယူတဲ့ အကြွေးက ရတဲ့ ဝင်ငွေနဲ့ မကိုက်ညီဘူး ဟု ၎င်းက ဆိုသည်။

အရှေ့မြောက်ပိုင်းရှိ လူအများအပြားသည် သက်ဆင်၏ ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ သက်တမ်းကာလ အတွင်း လုပ်ဆောင်ခဲ့သော လှုပ်ရှားမှုများနှင့် ၎င်း၏ညီမဖြစ်သူ ယင်လပ်ရှင်နာဝပ်ထရာ၏ အစိုးရသက်တမ်း ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ လုပ်ဆောင်ခဲ့သော လှုပ်ရှားမှုများကို ကြိုက်နှစ်သက်ကြသည်။ ထိုနှစ်ဦးစလုံး စစ်အာဏာသိမ်းမှု ကြောင့်သူတို့အုပ်ချုပ်မှုသည် ပြီးဆုံးသွားခဲ့ရသည်။ အာရှဖောင်ဒေးရှင်းမှ ၂၀၁၉ ခုနှစ် စစ်တမ်းတစ်ခုအရ ဘတ် ၃၀ နှင့်ကျန်းမာရေးအာမခံရရှိပြီး ကျေးရွာရန်ပုံငွေအဖြစ်အများဆုံး ဘတ် ၂၀,၀၀၀ အထိချေးယူနိုင်သည့် အတိုးနှုန်း၅%ထက်နည်းသော ကျေးရွာရန်ပုံငွေများကဲ့သို့သော သက်ဆင်ခေတ်က လုပ်ဆောင်ချက်များကို အရှေ့မြောက်ပိုင်းမှ ၉၀% ကျော်က အတည်ပြု ထောက်ခံခဲ့သည်။

ယင်လပ်သည် ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရအောင် ကူညီပေးခဲ့သော အငြင်းပွားဖွယ် ဆန်ထောက်ပံ့မှု အစီအစဉ်ကို ၈၀ ရာခိုင်နှုန်းကျော်က ကျေနပ်ခဲ့ကြသည်။

“ အရင်တုန်းက သက်ဆင်ရဲ့ အောင်မြင်တဲ့ လုပ်ဆောင်ပေးမှုတွေကို လယ်သမားတွေက မြင်တယ်။ ရွာအတွက် လျားထားတဲ့ ရန်ပုံငွေက လယ်သမားတွေအတွက် အသုံးဝင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘဏ်ကိုသွားပြီး စာရွက်စာတမ်းတွေနဲ့ ညှိနှိုင်းစရာ မလိုတော့ဘူးလ” ဟု အီဆန်ရှိ မဟာဆာရာကန် တက္ကသိုလ်မှ ပါမောက္ခ Pechladda Petchpakdee က ပြောသည်။

သို့သော် ဝန်ကြီးချုပ်သစ် ဆာရက်သာသည် ဖွေထိုင်း ၏ ကတိများကို ထိန်းထားရန် အသဲအသန်ကြိုးစား ရင်ဆိုင်နေရသည်။ အစပိုင်းမှာတော့ အစိုးရက သူတို့ပေးထားတဲ့ကတိကို ထိန်းထားဖို့တောင် တတ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းရှိတယ်။ ဖွေထိုင်း၏ ရွေးကောက်ပွဲ ကတိကဝတ်များသည် ဘတ်ငွေ ၁.၈ ထရီလီယံ ကုန်ကျမည်ဟု ပါတီ၏ မျှော်မှန်းချက်မှာ စီးပွားရေးတိုးတက်မှုကို အဆမတန် ကျော်လွန်သည်ဟု ဖော်ပြထားသည့် ထိုင်းနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး သုတေသနဌာနက ဆိုသည်။

နောက်တော့ ပျော့ညံ့တဲ့ ညွန့်ပေါင်းအဖွဲ့ရဲ့ ပြဿနာ ရှိတယ်။ ဖွေထိုင်းသည် ယခင်က ဆန့်ကျင်ခဲ့သော ရှေးရိုးစွဲ စစ်ဘက်ဆိုင်ရာပါတီများနှင့် မဟာမိတ်ဖွဲ့ပြီး သုံးလကြာ ရွေးကောက်ပွဲလွန်ကာလ အကြပ်အတည်းကို အဆုံးသတ်ကာ ဆရက်သာကို ဝန်ကြီးချုပ် ရာထူးကို ခန့်အပ်ခဲ့သည်။ ဝန်ကြီးချုပ်သစ် ကိုယ်တိုင်က မဲဆွယ်စည်းရုံးစဉ်မှာ ပြတ်ပြတ်သားသား ပြောခဲ့တာက ကျွန်တော်တို့ ညွန့်ပေါင်းအဖွဲ့မှာ တခြားပါတီတွေရှိရင် ကျွန်တော်တို့ ကတိပေးထားတဲ့ မူဝါဒတွေကို အကောင်အထည်ဖော်နိုင်မှာ မဟုတ်ဘူး ဟု သူကဆိုသည်။

မည်သို့ပင်ဆိုစေကာမူ ဖွေထိုင်းသည် ဝန်ကြီးချုပ်ရာထူးနှင့် အဓိက စီးပွားရေးဝန်ကြီးဌာနများကို ထိန်းချုပ်ထားခြင်းကြောင့် မဲဆန္ဒရှင် အများအပြားက ယင်းကို လက်ခံနိုင်ဖွယ် မရှိပေ။ Prayong ကဲ့သို့ လူများသည် ဖွေထိုင်းအတွက် မြင့်မားသော အစုရှယ်ယာများကို အလေးပေး ဖော်ပြကြပြီး ၎င်း၏အခြေခံကို မပျက်မစီး ထိန်းသိမ်းထားကြသည်။ သက်ဆင်လက်ထက်ကို လွမ်းဆွတ်နေသော်လည်း သူနှင့် ဇနီးဖြစ်သူ Saengmanee တို့သည် ယခုနှစ် ရွေးကောက်ပွဲတွင် Move Forward ပါတီအတွက် မဲပေးခဲ့ကြသည်။

Move Forward သည် ကွန်ဆာဗေးတစ် ခုခံမှုတံတိုင်းကို ကျော်လွှားပြီး အစိုးရမဖွဲ့နိုင်ခဲ့သော်လည်း အောက်လွှတ်တော် အမတ်နေရာ အများဆုံး အနိုင်ရသည့် ပါတီစာရင်းတွင် ဖွေထိုင်းမှ အရှေ့မြောက်ခရိုင် (၁၉) ခုကို လှန်ပစ်ခဲ့သည်။ ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းအပါအဝင် အစိုးရနှင့် စက်မှုလုပ်ငန်းဆိုင်ရာ တိုးတက်သောမူဝါဒများကို စတင်လုပ်ဆောင်ခဲ့သည့် ပါတီဖြစ်သည်။ ၎င်းသည် ဘန်ကောက်နှင့် အနီးနား ပြည်နယ်များသို့ ပြောင်းရွှေ့ခြင်းထက် ၎င်းတို့၏ မွေးရပ်ဒေသများတွင် အလုပ်လုပ်လိုသော အရှေ့မြောက်ပိုင်းရှိ လူငယ်ပညာရှင်များကို ဆွဲဆောင်ခဲ့သည်။

Meesin မိသားစုမှာ Khon Kaen မြို့မှာ ပညာသင်ကြားနေတဲ့ သမီးတစ်ယောက်ရှိပါတယ်။ ကုမ္ပဏီတွေ အများကြီးရှိလို့ ဒီမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီးရှိပေမယ့် ချောင်ချွန်လို မြို့ကြီးတွေမှာလည်း လစာမပေးဘူး ဟု Prayong က ဆိုသည်။နည်းပညာမြင့်ထုတ်လုပ်ရေး၊ သန့်ရှင်းသောစွမ်းအင်နှင့် ဆေးဘက်ဆိုင်ရာခရီးသွားလုပ်ငန်းကဲ့သို့သော အနာဂတ်စက်မှုလုပ်ငန်းများအတွက် နိုင်ငံတစ်ဝှမ်းရှိ ဒေသဆိုင်ရာ အချက်အချာ လေးခုအနက်မှတစ်ခု ဖြစ်လာရန် အဆိုပြုချက်ပါဝင်သော ပြောင်းလဲခြင်းအတွက် ဖွေထိုင်း၏ မျှော်မှန်းချက်မှာ ၎င်း၏ ရွေးကောက်ပွဲ ပလက်ဖောင်းတွင် ထိုင်း၊ လာအိုနှင့် တရုတ်နိုင်ငံတို့ကို ဆက်သွယ်မည့် မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်းအတွက် ကျောထောက်နောက်ခံလည်း ပါဝင်သည်။

“ အိဆန်ဒေသဟာ မော်တော်ယာဉ်၊ လျှပ်စစ်နဲ့ လယ်ယာလုပ်ငန်းခွင်များအတွက် အဓိကအချက်အချာ ဖြစ်လာဖွယ်ရှိပါတယ်” ဟု ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံ မှုဘုတ်အဖွဲ့ Khon Kaen ရုံးမှ ဒါရိုက်တာ Vannipa Pipupchaiyasit က ပြောသည်။ ရင်းနှီးမြှုပ်နှံသူများအတွက် ပြဿနာမှာ “ ခွန်ကန်နဲ့ အူဘွန်ရာချာထနီ တို့ဟာ ဖွံ့ဖြိုးပြီးဖြစ်ပေမယ့် ပြည်နယ်ငယ်တွေကို သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ လိုအပ်နေသေးတယ်” ဟု သူမက ထပ်လောင်းပြောသည်။

ယင်လပ်၏ဖွေထိုင်းအစိုးရကို ဖြုတ်ချခဲ့သော ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သည့် ယခင် ဝန်ကြီးချုပ်ဟောင်း ပရာယွတ် ချန်အိုချာအစိုးရသည် ထိုင်းနိုင်ငံ စီးပွားရေးကို အားကောင်းစေရန် ကြိုးပမ်းခဲ့သည်။

၎င်း၏ မူဝါဒများတွင် ထိုင်းနိုင်ငံ၏ အဆင်းရဲဆုံး ပြည်နယ် ၂၀ တွင် ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီများအတွက် ၂၀၀ ရာနှုန်း ကော်ပိုရိတ်ဝင်ငွေခွန် လျော့ပေးခြင်းကဲ့သို့သော ရက်ရောသည့်မက်လုံးများ ပါဝင်သည်။

၂၀၁၅ ခုနှစ်မှစ၍ အဆိုပါပြည်နယ် ၁၅ ခုအတွက် ရင်းနှီးမြှုပ်နှံမှု လျှောက်ထားမှုပမာဏမှာ ဘတ်ငွေ ၅၄.၁၅ ဘီလီယံရှိကြောင်း ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့မှ သိရသည်။ဖွေထိုင်းပါတီသည် ပရာယွတ်လက်ထက်တွင် စီးပွားရေး စီမံခန့်ခွဲမှု လွဲချော်မှုဟု ပုံဖော်ထားသည့် အရာကို ဆန့်ကျင်သည့် မဲဆန္ဒရှင်များကို စုစည်းထားသည့် United Thai Nation ပါတီသည် ယခုအခါ အုပ်ချုပ်ရေး ညွန့်ပေါင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာမည်ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်က နုတ်ထွက်သူနှင့် ဝန်ကြီးချုပ်များကြား ရှားရှားပါးပါး လက်ဆင့်ကမ်း တွေ့ဆုံမှုတွင် ပရာယွတ်သည် ၎င်း၏ အစိုးရ၏ စီးပွားရေး အစီအစဉ်များကို ဆက်လက်လုပ်ဆောင်ရန် ဆာရက်သာအား တောင်းဆိုခဲ့သည်။

ဆိုရှယ်မီဒီယာကြောင့် ကျေးလက်ဒေသတွေမှာတောင် Move Forward ဟာ မျိုးဆက်သစ်လူငယ်တွေရဲ့ နှလုံးသားကို ရရှိခဲ့ပါတယ် ဟု ပါမောက္ခ Pechladda က ပြောသည်။

ဖွေထိုင်းရဲ့ စီးပွားရေးအောင်မြင်မှုတွေကို မျိုးဆက်သစ်လူငယ်တွေ မြင်ကြမှာလား မသိပေမယ့် အရှေ့မှာတော့ လူတွေက စားဝတ်နေရေးစရိတ်အတွက် ပိုက်ဆံလို လက်တွေ့ကျတဲ့ အရာတွေကို လိုချင်ကြပါတယ်။တပ်မတော်နှင့် ဆက်နွှယ်နေသည့် ပါတီများနှင့် လက်တွဲလုပ်ဆောင်ရာတွင် တစ်ချိန်က ငြင်းဆိုခဲ့ဖူးသည့် ဖွေထိုင်းသည် ဒီမိုကရေစီ လိုလားသည့်ဝတ်လုံကို ရှေ့သို့ရွေ့လျားရန် ပေးအပ်ထားပုံရသည်။ ဆိုလိုသည်မှာ နောင်ရွေးကောက်ပွဲများတွင် ၎င်း၏ စီးပွားရေး စွမ်းဆောင်မှု အပေါ် အားကိုးရမည် ဖြစ်ပါသည်။

အကယ်၍ ယခုရွေးကောက်ပွဲသစ်ကို ကျင်းပမည်ဆိုပါက သြဂုတ် ၂၅ ရက် နိုင်ငံလုံးဆိုင်ရာ စစ်တမ်းတစ်ခုတွင် Sripatum တက္ကသိုလ်မှ ဖြေဆိုသူ ၁၀ % က ဖွေထိုင်းကို ရွေးချယ်မည်ဖြစ်ပြီး ၄၉.၀၄% က Move Forward ပါတီကို မဲပေးမည်ဖြစ်သည်။

ကျွန်မတို့နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံ မဟုတ်ဘူး။ အစိုးရဖွဲ့နိုင်လို့ ရှေ့ကိုတိုးသင့်တယ် ဟု ဖွေထိုင်းကို မဲပေးခဲ့သည့် အသက် ၇၄ နှစ်အရွယ် လယ်သမား Supat Pothongyos က ပြောသည်။ Move Forward ပါတီသည် စုစုပေါင်း အမတ်နေရာ ၁၅၁ နေရာ ရရှိခဲ့ပြီး ဖွေထိုင်းထက် ၁၀ နေရာ ပိုမိုရရှိခဲ့သည်။သို့သော် Supat သည် ဖွေထိုင်းပါတီ၏ ရွေးကောက်ပွဲ ကတိကဝတ်များကို ဆက်လက်မြင်လိုသည်။ နောက်ဆုံးမှာ ဝန်ကြီးချုပ်ရာထူးကို ထမ်းဆောင်နိုင်သရွေ့ ဘယ်သူနဲ့ ဖွေထိုင်းအစိုးရဖွဲ့မယ်ဆိုတာ ကျွန်တော် စိတ်မဝင်စားပါဘူး ဟု ၎င်းက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

စောချစ်သူရဲ့ ငွေလိမ်ဂိုဏ်း ဘုရားသုံးဆူနဲ့ ရနောင်းကိုဆင်းလာပြီ

  • 2024 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 84 Views
မြန်မာ့အရေးထိုင်းအတွေး ဒီအပတ်ခေတ်မျက်လုံးရဲ့ မြန်မာ့အရေး ထိုင်းအတွေးကဏ္ဍမှာ ထိုင်းအရေးကျွမ်းကျင်သူ ကိုစတီဗင်စန်းယုက မြဝတီက စောချစ်သူရဲ့ ကျားဖြန့် ငွေလိမ်ဂိုဏ်းက တရုတ်ဒုစရိုက်ဂိုဏ်းသားတွေ မြဝတီကနေ
ထိုင်းနိုင်ငံရေး မြန်မာသတင်း

မြန်မာ့အရေး ထိုင်းအတွေး အပိုင်း (၁၃)

  • 2024 ခုနှစ်၊ ဧပြီလ 10 ရက်
  • 71 Views
မဲဆောက်လေဆိပ်မှာ ဘာတွေဖြစ်ခဲ့ကြသလဲ။ ခေတ်မျက်လုံးသတင်းဌာနမှာ ထိုင်းအရေးကျွမ်းကျင်သူ စတီဗင်စန်းယု အပတ်စဉ်တင်ဆက်နေတဲ့ မြန်မာ့အရေး ထိုင်းအတွေး အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ အပိုင်း (၁၃)
ထိုင်းနိုင်ငံရေး

ထိုင်းဘုရင်စနစ်ကို ဝေဖန်တဲ့ရှေ့နေ ထောင်ဒဏ် ချမှတ်ခံရ

  • 2023 ခုနှစ်၊ စက်တင်ဘာလ 28 ရက်
  • 120 Views
အာနွန်နမ်ပါသည် ထိုင်းလူ့အခွင့်အရေးရှေ့နေနှင့် တက်ကြွလှုပ်ရှားသူဖြစ်သည်။ သူသည် ထိုင်းနိုင်ငံ၏ ဘုရင်စနစ်ကို ပြောင်ပြောင်တင်းတင်း ရှုတ်ချပြီး နိုင်ငံ၏တားမြစ်ချက်ကို ချိုးဖောက်သောကြောင့် ထိုင်းနိုင်ငံတွင် ကျော်ကြားသည်။ လူ့အခွင့်အရေး ရှေ့နေအဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်း ထင်ရှားသော လူ့အခွင့်အရေး ကာကွယ်သူအဖြစ် သတ်မှတ်ခံခဲ့ရပြီး နောက်ပိုင်းတွင်
ထိုင်းနိုင်ငံရေး မြန်မာသတင်း

စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ အာဆီယံလေတပ်ဦးစီးချုပ်များနဲ့တွေ့ဆုံပြီး အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြောဆို။

  • 2023 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 95 Views
စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ စက်တင်ဘာလ (၁၄) ရက်နေ့ နံနက်ပိုင်းမှာ နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်မှာ (၂၀) ကြိမ်မြောက် အာဆီယံ လေတပ်ဦးစီးချုပ်များညီလာခံကို တက်ရောက်ခဲ့တဲ့ အာဆီယံလေတပ်ဦးစီးချုပ်များအား လက်ခံတွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို ကာကွယ်ရေးဦးစီးချုပ်
Myanmar Politics ထိုင်းနိုင်ငံရေး မြန်မာသတင်း

စစ်ကောင်စီဥက္ကဋ္ဌကို ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် လာရောက်တွေ့ဆုံ။

  • 2023 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 148 Views
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီးစီးခဲ့တဲ့ အကြိမ် (၂၀) မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ ညီလာခံ 20th AACC ကို တက်ရောက်ခဲ့တဲ့ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Alongkorn Vannarot ဦးဆောင်တဲ့
ထိုင်းနိုင်ငံရေး

Move Forward ပါတီခေါင်းဆောင်ပီတာ ခေါင်းဆောင်ရာထူးမှ နှုတ်ထွက်။

  • 2023 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 98 Views
Move Forward ပါတီခေါင်းဆောင်ပီတာက ၎င်း၏နုတ်ထွက်မှုသည် Move Forward ပါတီသည် အတိုက်အခံခေါင်းဆောင်၏ အခန်းကဏ္ဍကို ထမ်းဆောင်နိုင်သည့်အမတ်ကို ရွေးချယ်ရန် ခွင့်ပြုမည်ဟု ပီတာမှ ပြောကြားခဲ့ပါသည်။ ပီတာသည် သူ့နေရာကို ဆက်ခံမည် Move Forward ပါတီ
ထိုင်းနိုင်ငံရေး

ထိုင်းဘုရင်မှ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ ထောင်ဒဏ်ကို တနှစ်အထိ လျော့ချ

  • 2023 ခုနှစ်၊ စက်တင်ဘာလ 3 ရက်
  • 133 Views
ထိုင်းဘုရင်မှ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ ထောင်ဒဏ်ကို တနှစ်အထိ လျော့ချပေးလိုက်သည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်၊ ဘန်ကောက်။ ဝန်ကြီးချုပ်ဟောင်း၏ထုတ်ပြန်ချက်တွင် သူ၏အတွေ့အကြုံများက တိုင်းပြည်အတွက် အကျိုးရှိစေရမည်ဟု ဖော်ပြထားသည်။ ထိုင်းဘုရင်က ဘုရင့်လွတ်ငြိမ်းချမ်းသာမိန့်ဖြင့် ထောင် (၈)
ထိုင်းနိုင်ငံရေး

ဘန်ကောက်ရှိ ဒီမိုကရက်တစ်များက ဝန်ကြီးချုပ် ဆီရက်သာကို မဲပေးခဲ့သည့်ပါတီမှ အမတ် (၁၆) ဦးကို ထုတ်ပယ်ရန် တောင်းဆို။

  • 2023 ခုနှစ်၊ ဩဂုတ်လ 31 ရက်
  • 102 Views
သြဂုတ်လ (၂၉) ရက် အင်္ဂါနေ့တွင် ဒီမိုကရက်တစ်ပါတီ၏ သာမန်အဖွဲ့ဝင်တစ်ဖွဲ့သည် ပါတီရုံးချုပ်တွင် စုဝေးခဲ့ကြပြီး ဖွေထိုင်းဝန်ကြီးချုပ်လောင်း ဆရက်သာသာဗင်ဆင်ကို မဲပေးခဲ့ကြသော ဒီမိုကရက်တစ်အမတ် (၁၆) ဦးကို ထုတ်ပယ်ရန် အမှုဆောင်ဘုတ်အဖွဲ့ကို တောင်းဆိုခဲ့သည်။ ဘန်ကောက်ပါတီဝင်များသည် အိမ်စောင့်ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ဂျူရင်လက်ဆန်နာဝီဆစ်