နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

သမ္မတရုံး ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာအသစ် ဖွင့်လှစ်ကြောင်း NUG အသိပေး

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်၊ ခေတ်မျတ်လုံး။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သမ္မတရုံး ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာသစ် ဖွင့်လှစ်တာကို NUG က ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။

သမ္မတရုံး ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာသစ် ဖွင့်လှစ်တာဟာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေအပါအဝင် အများပြည်သူနဲ့ ထိတွေ့ဆက်စပ်မှု ပိုမိုလျင်မြန် ချော့မွေ့စေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် သမ္မတရုံးရဲ့ လုပ်ဆောင်ချက်တွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန်နိုင်ဖို့ရည်ရွယ်ပြီး အခုလို သမ္မတရုံး ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာသစ် ဖွင့်လှစ်တာဖြစ်တယ်လို့ NUG က ပြောဆိုထားပါတယ်။

နွေဦးတော်လှန်ရေးနဲ့သက်ဆိုင်တဲ့ ဖြစ်ထွန်းတိုးတက်မှုတွေ၊ NUG ယာယီသမ္မတနဲ့ သမ္မတရုံးတို့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး သိရှိနိုင်စေဖို့သမ္မတရုံးပေ့ချ်ကို Like and Share လုပ်ထားဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

မြန်မာစာကျွမ်းကျင်သူတစ်ဦးကတော့ သမ္မတရုံးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ စာလုံးပေါင်းသတ်ပုံ မှားနေလို့ သမ္မတရုံးအနေနဲ့ ဒီလိုမဖြစ်သင့်ဘူးလို့ ဆိုပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်အုပ်စုက နျူကလီးယားလက်နက်ပိုင်တဲ့ နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အပေါ် စိုးရိမ်မိတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 21 Views
အောက်တိုဘာလ (၂၂)ရက်။ စစ်အုပ်စုက နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတနိုင်ငံနဲ့ ပူးပေါင်းကာ “ နျူကလီးယားစွမ်းအင်အစီအစဉ်” ဆိုပြီး လုပ်ဆောင်နေတဲ့အပေါ် စိုးရိမ်မိတယ်လို့ မြန်မာသံအမတ်ကြီး
မြန်မာသတင်း

လှိုင်သာယာရှိ သောင်ကြီးရဲစခန်း လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 21 Views
အောက်တိုဘာလ (၂၂)ရက်။ မနေ့က ည (၉)နာရီ (၄၈)မိနစ်အချိန်က လှိုင်သာယာမြို့အနောက်ပိုင်း စစ်တပ်ရဲ့ သောင်ကြီးရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Operation
မြန်မာသတင်း

စစ်တောင်းမြစ်အရှေ့ဘက် ရွာသစ်ရွာရှိ စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 17 Views
တိုက်ပွဲထဲ စစ်တပ်ဘက်က ဒုဗိုလ်မှူးကြီးအပါ (၁၅)ဦးသေဆုံးခဲ့ အောက်တိုဘာလ (၂၂)ရက်။ အောက်တိုဘာလ (၂၀)ရက်နေ့က စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ရွာသစ်ရွာရှိ စစ်တပ်ရဲ့ အထိုင်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ နေပြည်တော်-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရွာသစ်ရွာမှာ
မြန်မာသတင်း

မိုးကုတ်မြို့ရှိ ဖူဆယ်ကွင်း လေကြောင်းဗုံးကြဲခံရပြီး ကလေးငယ်(၃)ဦးသေဆုံးကာ (၁၂)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 17 Views
အောက်တိုဘာလ (၂၂)ရက်။ မနေ့က နေ့လယ် (၃)နာရီဝန်းကျင်က မိုးကုတ်မြို့ ကန့်တောရပ်ကွက်ရှိ ကန်သုံးလုံးဖူဆယ်ကွင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိုးကုတ်က ဖူဆယ်ကွင်းကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က
မြန်မာသတင်း

စစ်ကော်မရှင်ခန့် ဝန်ကြီးချုပ်တွေ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကနေ ဝင်ပြိုင်ဖို့ရှိနေ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 45 Views
အောက်တိုဘာလ (၂၁)ရက်။ အခုနှစ်ကုန်ကျင်းပမယ့် ရွေးကောက်ပွဲမှာ စစ်ကော်မရှင်ခန့် တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေ ကြံ့ခိုင်ရေးပါတီကနေ ဝင်ပြိုင်သွားဖို့ရှိတယ်လို့ စစ်တပ်လော်ဘီချန်နယ်တွေထံက သိရပါတယ်။ “ အခုလောလောဆယ်အထိ သိရသေးတာက ကချင်၊ ပဲခူးနဲ့ ဧရာဝတီတို့က စကမခန့် ဝန်ကြီးချုပ်တွေက ရွေးကောက်ပွဲကို ကြံ့ခိုင်ရေးပါတီကနေ
မြန်မာသတင်း

တန့်ဆည်နယ်ဘက်ကနေ တပ်ပြန်ခေါက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 43 Views
အောက်တိုဘာလ (၂၁)ရက်။ မနေ့က နံနက် (၉)နာရီခွဲအချိန်မှာ တန့်ဆည်နယ်ဘက်ကနေ တပ်ပြန်ခေါက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ရေဦးမြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တန့်ဆည်နယ် အက်တောနဲ့ သဲကုန်းကနေ ကန့်ဘလူနယ်
မြန်မာသတင်း

မင်းလှတိုက်ပွဲထဲ အင်အားမမျှတာကြောင့် PDF ဒုတပ်ခွဲမှူး အသေခံဗုံးခွဲပြီး ကျဆုံးခဲ့ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 32 Views
အောက်တိုဘာလ (၂၁)ရက်။ အောက်တိုဘာလ (၁၆)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က မင်းလှမြို့ လက်ပံတံခါးရွာရှိ သရက်အုပ်လမ်းခွဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ဒုခွဲမှူးဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် (၅)ဦးက ကင်းပတ်တာ၊ ဒီလိုဖြစ်မယ်လို့လဲ
မြန်မာသတင်း

မိုင်းငေါ့မြို့ မြို့မဈေး လေကြောင်းဗုံးကြဲခံရကာ ဒေသခံသားအမိ(၂)ဦး သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 29 Views
အောက်တိုဘာလ (၂၁)ရက်။ မနေ့က ည (၈)နာရီကျော်အချိန် မိုင်းငေါ့မြို့ရှိ မြို့မဈေးကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ လေကြောင်းဗုံးကြဲတာက မြို့မဈေးတန်းကိုကျတာ။ ဈေးထဲမှာလဲ မီးလောင်သွားတာရှိတယ်။ အဲ့ဒီဈေးတန်းရပ်မှာနေတဲ့ သားအမိ(၂)ဦး