နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒီဇင်ဘာလအတွင်း CDF-Mindat ရဲ့ ရဲဘော် ၄ ဦး ကျဆုံးဟု CDF-Mindat ထုတ်ပြန်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်၊ ခေတ်မျက်လုံး။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ စစ်ကောင်စီက တိုက်ခိုက်မှုတွေ၊ ကျဆုံးမှုနဲ့ပတ်သက်ပြီး CDF-Mindat သတင်းပြန်ကြားရေးနဲ့ မှတ်တမ်းဌာနက ဒီဇင်ဘာလ (၃၀) ရက်နေ့မှာ ထုတ်ပြန်လာခဲ့ပါတယ်။

ဒီဇင်ဘာလအတွင်း စစ်ကောင်စီက မင်းတပ်မြို့နယ်မှာ လေးကြောင်တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ပြီး လူနေအိမ် ၄ အိမ် ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

မဟာမိတ်တပ်ပေါင်းစုများနဲ့ တိုက်ခိုက်ခဲ့သော တိုက်ပွဲတွေမှာ CDF-Mindat ရဲ့ ရဲဘော် ၄ ဦးနဲ့ ကျဆုံးခဲ့ရပြီး နောက်ထပ် ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်က ဒီဇင်ဘာလအတွင်း ပြည်သူ ၂၇ ဦးကို ဖမ်းဆီးခဲ့ပြီ ၂၆ ဦးအား ပြန်လည် လွတ်ပေးခဲ့ပါတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီက လက်နက်ကြီးများ ရမ်းသမ်းပြစ်ခတ်ခဲ့တဲ့အတွက် လူနေအိမ် ၂ လုံးပျက်စီးခဲ့ပြီး ပြည်သူ ၄ ဦး ပြင်းထန်းစွာထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်မှာ မြို့ကြီးတချို့ကလွဲရင် စစ်ကောင်စီ ထိန်းချုပ်နိုင်မှု လုံးဝမရှိတော့ဘဲ မြောက်ပိုင်းညီနောင် ၃ ဖွဲ့လိုသာ တိုက်မယ်ဆိုရင် ချင်းပြည်နယ်ကို တရက်တည်းနဲ့ အပြီးသိမ်းနိုင်တဲ့အနေအထားမှာရှိတယ်လို့ ချင်းတော်လှန်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ခေတ်မျက်လုံးကို ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပြည်နယ်တွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 12 Views
ဇန်နဝါရီလ (၃၁)ရက်။ နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ပြည်နယ်တွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ဖို့ KNU ဥက္ကဋ္ဌ
မြန်မာသတင်း

မော်လူးဒေသမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေး(၂)ဦးအပါအဝင် (၈)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 24 Views
ဇန်နဝါရီလ (၃၀)ရက်။ မနေ့က ည (၉)နာရီဝန်းကျင်က အင်းတော်မြို့ မော်လူးဒေသရှိ လေဘိုရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ Indaw
မြန်မာသတင်း

မင်းတုန်းမြို့ (၁၂)ရက်တာတိုက်ပွဲထဲ စစ်တပ်ဘက်က (၃၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 29 Views
စစ်တပ်ရဲ့ လေကြောင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်တာကြောင့် PDF စခန်း အဆောင်အချို့ ပျက်စီးခဲ ဇန်နဝါရီလ (၃၀)ရက်။ ဇန်နဝါရီလ (၁၇)ရက်နေ့ကစပြီး မင်းတုန်းမြို့ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ (၁၂)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မင်းအောင်လှိုင်က သူ့ကိုယ်သူ တာဝန်ဆက်ပေးပြီး အရေးပေါ်အခြေအနေ ထပ်ကြေညာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 27 Views
ဇန်နဝါရီလ (၃၀)ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကိုယ်သူ တာဝန်တွေ ဆက်ပေးပြီး စစ်အုပ်ချုပ်ရေးအမိန့်ကို ထပ်မံကြေညာထားတယ်လို့ မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ယာယီသမ္မတ မင်းအောင်လှိုင်က ကာချုပ် မင်းအောင်လှိုင်ကို လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေတွေကို ကိုယ်တိုင် ဒါမှမဟုတ်
မြန်မာသတင်း

ထောင်ဖောက်ပြေးတဲ့ဖြစ်စဉ်အပေါ် အထူးစုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး အရေးယူမယ်လို့ Karenni-IEC ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 35 Views
ဖြစ်စဉ်ကြောင့် ကရင်နီလူထုနဲ့ တော်လှန်ရေးအင်အားစုတရပ်လုံးကို တောင်းပန်ထား ဇန်နဝါရီလ (၂၉)ရက်။ ထောင်ဖောက်ထွက်ပြေးတဲ့ဖြစ်စဉ်အပေါ် အဖြစ်မှန်ပေါ်ပေါက်ဖို့အတွက် အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းကာ အရေးယူသွားမယ်လို့ Karenni-IEC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထွက်ဆိုချက်တွေမှာ ထောင်ဖောက်ထွက်ပြေးဖို့အတွက် အတွင်းအပြင်ချိတ်ဆက်တာတွေကို (၃)လခန့်
မြန်မာသတင်း

ကုလအနေနဲ့ မြန်မာပြည်သူတွေအပေါ် ဒီကနေ့အထိ ပျက်ကွက်နေတယ်လို့ သံအမတ်ကြီး ကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 39 Views
ဇန်နဝါရီလ (၂၉)ရက်။ ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေအပေါ် ဒီကနေ့အထိ ပျက်ကွက်နေတယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက လုံခြုံရေးကောင်စီရဲ့ တံခါးဖွင့်ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုဟာ မတရားအာဏာသိမ်းပြီး ရွေးကောက်ခံအစိုးရကို ဖယ်ရှားကာ မြန်မာပြည်သူတရပ်လုံးအပေါ် နိုင်ငံတကာရာဇဝတ်မှုတွေကို
မြန်မာသတင်း

သမ္မတ ဒူဝါလရှီးလ လုပ်ကြံခံရတယ်ဆိုတာ သတင်းမှားလို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 27 Views
ဇန်နဝါရီလ (၂၉)ရက်။ သမ္မတ ဒူဝါလရှီးလ လုပ်ကြံခံရတယ်ဆိုတာ သတင်းမှားလို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ စစ်အုပ်စုလော်ဘီ မှိုင်းဝေရဲ့ တယ်လီဂရမ်အကောင့်ကနေ နိုင်ငံတော်သမ္မတ ဒူဝါလရှီးလ လုပ်ကြံခံရတယ်၊
မြန်မာသတင်း

ကျောက်ဖြူမှာ စစ်ဘေးရှောင်နေရာတွေကို စစ်ကော်မရှင် လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 26 Views
ဇန်နဝါရီလ (၂၉)ရက်။ ရခိုင် ကျောက်ဖြူမြို့မှာ စစ်ဘေးရှောင်နေရာတွေကို စစ်ကော်မရှင်က ဒရုန်းအပါအဝင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်ဖြူမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေရှိတဲ့ နေရာတွေကို စစ်ကော်မရှင်က