၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်၊ ခေတ်မျက်လုံး။
ကိုးကန့်တပ် MNDAAနဲ့ ပူးပေါင်းတပ်ဖွဲ့တို့ ဒီနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက်အစောပိုင်းက စတင်ပြီး စစ်ကောင်စီရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ကို တိုက်ခိုက်နေတယ်ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ အင်အားဖြည့်နေပြီး လေကြောင်းပစ်ကူပေးနေတယ်လို့ သိရပါတယ်။
လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ ဗီဒီယိုတွေထဲမှာတော့ လက်ရှိ လောက်ကိုင်မြို့ထဲမှာ MNDAA အဖွဲ့တွေပဲ တွေ့နေရပြီး စစ်ကောင်စီကတော့ သူ့စခန်းထဲမှာပဲ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
MNDAA အနေနဲ့လည်း လောက်ကိုင်မှာရှိတဲ့ ဒေသခံအရပ်သားတွေနဲ့ နိုင်ငံခြားသားတွေကို လုံခြုံဘေးကင်းရာကို အမြန်ဆုံးတိမ်းရှောင်ကြဖို့ ဒီဇင်ဘာ ၃၀ ရက်နေ့က သတိပေး ထုတ်ပြန်ထားပါတယ်။