နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် ၁၆ ဦးနှင့် စစ်တပ်ပိုင်ကုမ္ပဏီနှစ်ခုကို သြစတြေးလျ အရေးယူ

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် ၁၆ ဦးနှင့် စစ်တပ်ပိုင်ကုမ္ပဏီ နှစ်ခုကို သြစတြေးလျ အရေးယူ ၂၀၂၃ ခုနှစ် ၊ ဇန်န၀ါရီ(၃၁)ရက် ၊ ခေတ်မျက်လုံး။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် ၁၆ ဦးကို ပစ်မှတ်ထား ဒဏ်ခတ်အရေးယူကြောင်း သြစတြေးလျအစိုးရက ဇန်န၀ါရီ (၃၁) ရက်မှာ ကြေညာလိုက်တယ်လို့ သိရပါတယ်။

Photo – (အာဏာသိမ်း​​ခေါင်း​ဆောင်မင်း​ အောင်လှိုင်နှင့် နောက်လိုက် များကို ဇန်နဝါရီ၃၁ ရက်က​တွေ့ရစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)

နိုင်ငံခြားရေးဝန်ကြီး Penny Wong လက်မှတ်ရေးထိုးသော ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုမှာ သြစတြေးလျအစိုးရ၏ မြန်မာ့အရေးအပေါ် ဆက်လက်စိုးရိမ်မှုများကို ဖော်ပြနေတာဖြစ်တယ်လို့ ပြောပါတယ်။

“ဒီအရေးယူမှုတွေက စစ်ကောင်စီ ကျူးလွန်နေတဲ့ ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှုနဲ့ အကျပ် ကိုင်မှုတွေကတဆင့် အရပ်သားပြည်သူတွေရဲ့ အခွင့်အရေးတွေကို ဖိနှိပ်ဖို့ ဆက်လက်ကြိုးပမ်း နေမှုတွေနဲ့ ပတ်သက်လို့ သြစတြေးလျအစိုးရရဲ့ပစ်မှတ်ထား တုန့်ပြန်မှုဖြစ်ပါတယ်” ဟု သြစတြေးလျအစိုးရ၏ ထုတ်ပြန်ချက်၌ ဖော်ပြထား ပါတယ်။
အာဏာသိမ်းမှုတွင် အဓိကတာဝန်ရှိသူ ၁၆ ဦးအပြင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)နှင့် ဦးပိုင်လိမိတက် (MEHL)တို့ကို လည်း သြစတြေးလျ အစိုးရက ဒဏ်ခတ်ပိတ်ဆို့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျုံဒိုးမြို့ကနေ အောင်ဇေယျစစ်ကြောင်းကို စစ်ကူလာပေစတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 22 ရက်
  • 16 Views
တိုက်ပွဲထဲ စစ်ကောင်စီဘက်က တပ်ရင်းမှူးနဲ့ 2IC ဗိုလ်မှုးအပါအဝင် (၁၀)ဦးဒဏ်ရာရပြီး (၃၀)ကျော်သေဆုံးခဲ့ ဇွန်လ (၂၁)ရက်။ ဇွန်လ (၁၉)ရက်နေ့က ကျုံဒိုးမြို့ကနေ
မြန်မာသတင်း

စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းဆင်း လူငယ် (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 21 ရက်
  • 10 Views
ဇွန်လ (၂၁)ရက်။ ဒီကနေ့ စစ်ကောင်စီလက်အောက်ခံ ဘုတ်ခြံအခြေစိုက် ခလရ(၁၇)က စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ဦးဆောင်ဖွင့်လှစ်တဲ့ သင်တန်းမှာ သင်တန်းသား (၂)ဦး သေဆုံးခဲ့တဲ့အပေါ် သင်တန်းဆရာကို အရေးယူထား

  • 2025 ခုနှစ်၊ ဇွန်လ 21 ရက်
  • 16 Views
ဇွန်လ (၂၁)ရက်။ ဗျူဟာ(၃၃)လက်အောက်ရှိ ဒေါနတပ်ရင်းစစ်ကြောင်း(၂) ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ဦးဆောင်ဖွင့်လှစ်တဲ့ အခြေခံ/အထူးချေမှုန်းရေးသင်တန်း(၂)က သင်တန်းသား (၂)ဦး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သေဆုံးခဲ့တဲ့ သင်တန်းသား (၂)ဦးဟာ ရဲဘော် ဒိုင်နိုနဲ့ ရဲဘော် ဘထက်တို့ဖြစ်ကာ
မြန်မာသတင်း

BPLA ရဲ့ စစ်သင်တန်းဆင်းပွဲကို NUG၊ TNLA နဲ့ AA တို့အပါအဝင် မဟာမိတ်ခေါင်းဆောင်တွေ တက်ရောက်ခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 21 ရက်
  • 12 Views
ဇွန်လ (၂၁)ရက်။ ဇွန်လ (၇)ရက်နေ့က တအာင်းပြည်တနေရာမှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီသင်တန်းဆင်းပွဲကို NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ TNLA အထွေထွေအတင်းရေးမှူး
မြန်မာသတင်း

ကွတ်ခိုင်မှာ မူးယစ်ဆေးဝါးနဲ့ လက်နက်ခဲယမ်းအများအပြား ဖမ်းမိတယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 20 ရက်
  • 22 Views
ဇွန်လ (၂၀)ရက်။ ဇွန်လ (၁၇)ရက်နေ့ ကွတ်ခိုင်မြို့ ဟိုကျန့်ရွာက နေအိမ်တအိမ်မှာ လက်နက်ခဲယမ်းအများအပြားနဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PSLF/TNLA ရဲ့ တအာင်းပြည်ရဲတပ်ဖွဲ့က ဟိုကျန့်ကျေးရွာရှိ ဦးဇော်မိုင်ရဲ့နေအိမ်မှာ
မြန်မာသတင်း

ပြည်သူနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ဟာ နွေဦးတော်လှန်ရေးကြီးနဲ့ ထပ်တူရပ်တည်နေတယ်လို့ဆို

  • 2025 ခုနှစ်၊ ဇွန်လ 20 ရက်
  • 16 Views
ဇွန်လ (၂၀)ရက်။ ပြည်သူ‌နဲ့အတူ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နွေဦးတော်လှန်ရေးကြီးနဲ့ ထပ်တူရပ်တည်နေတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ မနေ့က ‌ပေးပိုးတဲ့ မွေးနေ့သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ပြည်သူနဲ့အတူ သူမရဲ့ သက်တမ်းတလျှောက် ခိုင်မာစွာ
မြန်မာသတင်း

စစ်ကောင်စီ အခိုင်အမာတပ်စွဲထားတဲ့ ကန့်ဒေါင့်ရဲစခန်းသိမ်းပိုက်နိုင်ခဲ့တဲ့ ဓါတ်ပုံမှတ်တမ်းတွေ PLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 20 ရက်
  • 16 Views
ဇွန်လ (၂၀)ရက်။ မနေ့က ပုလဲမြို့နယ်ထဲ စစ်ကောင်စီ အခိုင်အမာတပ်စွဲထားတဲ့ ကန့်ဒေါင့်ရဲစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ ဓါတ်ပုံမှတ်တမ်းတွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ကန့်ဒေါင့်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဇွန်လ (၂)ရက်နေ့ကစပြီး (၂)ပတ်ကျော်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် မနေ့က
မြန်မာသတင်း

ချင်းလက်နက်ကိုင်အဖွဲ့တွေ စုဖွဲ့ပြီး ဘုံရန်သူကို တိုက်ထုတ်ဖို့ ချင်းအဖွဲ့ (၁၈)ဖွဲ့ ပူးတွဲထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 20 ရက်
  • 17 Views
ဇွန်လ (၂၀)ရက်။ ချင်းတော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေအားလုံး စည်းလုံးညီညွတ်စွာ စုဖွဲ့ပြီး ဘုံရန်သူကို တိုက်ထုတ်ဖို့ ချင်းလက်နက်ကိုင် (၁၈)ဖွဲ့က မနေ့က ပူးတွဲထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ ထုတ်ပြန်ချက်ထဲ ချင်းလူမျိုးနဲ့ ပိုင်နက်နယ်မြေတွေကို ခုခံကာကွယ်စောင့်ရှောက်ဖို့နဲ့ ချင်းအမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ချင်းပြည်တည်ဆောက်ရေးအတွက်