နိုင်ငံခြားလုပ်ဖော်ကိုင်ဖက် အနည်းငယ်အပေါ် မှီခိုမှုသည် စီးပွားရေး ပြန်လည်ဦးမော့လာမည့် အလားအလာများကို ကန့် သတ်ထားသည်။ ညနေ ၅ နာရီခန့် နေဝင်စပြုလာသည်နှင့်အမျှ အမျိုးသမီးငယ်များသည် ရန်ကုန်မြို့ အနောက်မြောက်ဘက်ရှိ လှိုင်သာယာမြို့နယ်တွင် ကုန်တင်ကားတစ်စီးဖြင့် စက်ရုံတစ်ရုံမှ ထွက်ခွာလာကြသည်။
“ ကျွန်မရဲ့ အချိန်ပိုက အရင်ကထက် နည်းနေသေးတယ်” ဟု တောင်ကိုရီးယား အမှတ်တံဆိပ်များအတွက်အင်္ကျီနှင့် ခေါင်း စွပ်အင်္ကျီများ ချုပ်လုပ်နေသည့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက Nikkei Asia သို့ ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အစိုးရထံမှ စစ်တပ်မှ အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မတိုင်မီ နှုန်းထားနှင့် နှိုင်းယှဉ်ကြည့်နေသည်။ “ဒါပေမယ့် စီးပွားရေးက အရင်နှစ်ကထက်တော့ ပိုကောင်းလာတယ်” ဟု ၎င်းက ဆိုသည်။
ဖေဖော်ဝါရီ ၁ ရက်သည် တပ်မတော်မှ အာဏာသိမ်းပြီး တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေ ကြေညာခြင်းမှ နှစ်နှစ်ပြည့် အထိမ်းအမှတ်ဖြစ်သည်။ နောက်ဆက်တွဲ လူမှုရေး မငြိမ်မသက်မှုများ၊ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဒီမိုကရေစီလိုလားသူများအကြား တိုက်ပွဲများနှင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများသည် စီးပွားရေးကို ဆိုးဆိုးရွားရွား အဟန့်အတား ဖြစ်စေသော်လည်း လုံးလုံးလျားလျား ထိခိုက်သည့်အထိ မတားဆီးနိုင်ပေ။ နှစ်ခွစီးပွားရေးစနစ်တွင် သာမန်လူများ၏ အသက်မွေးဝမ်းကျောင်းမှု လမ်းကြောင်းတစ်ခုတွင် ကဏ္ဍအချို့မှာ ယိုယွင်းပျက်စီးနေပြီး အခြားကဏ္ဍအချို့ အထည်ချုပ်လုပ်ငန်း အပါအဝင်တို့တွင် ပြန်လည်ဦးမော့လာရန် အဆင့်တစ်ခုသို့ ရွေ့လျားနေသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ဥရောပသမဂ္ဂ၊ ဂျပန်နှင့် အမေရိကန်သို့ အထည်ချုပ်ထုတ်ကုန်များ တင်ပို့မှုမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံရှိပြီး ယခင်နှစ် အလားတူကာလထက် ၁.၆ ဆခန့် စံချိန်တင် မြင့်မားခဲ့သည်။
အနောက်နိုင်ငံအစိုးရများသည် စစ်ဘက်ဆိုင်ရာကုမ္ပဏီများကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသော်လည်း အများအပြားကို အလုပ်လက်မဲ့ဖြစ်စေမည့် ကြီးမားသော ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်းမှ ရှောင်ကြဉ်ခဲ့သည်။
မြန်မာနိုင်ငံရှိ မိတ်ဖက်များနှင့် ဆက်ဆံရာတွင် အနောက်နိုင်ငံကုမ္ပဏီများအတွက် တရားဝင် ကန့်သတ်ချက်များ မရှိပါ။ ထို့ကြောင့် မြန်မာနိုင်ငံရှိ ကန်ထရိုက်တာများထံမှ ကုန်ပစ္စည်းများ ဆက်လက်မှာယူနိုင်ရန် H&M၊ Adidas နှင့် Uniqlo အပါအဝင် ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်များအတွက် တံခါးဖွင့်ထားခြင်းဖြစ်သည်။ စီးပွားရေး ပိတ်ဆို့အရေးယူမှု၏ စည်းနှောင်မှုမရှိသော သဘောသဘာဝကို အခြားကဏ္ဍများတွင်လည်း တွေ့မြင်နိုင်သည်။ Unilever သည် မြန်မာနိုင်ငံတွင် ဆက်လက်လည်ပတ်နေပြီး တိုယိုတာမော်တာသည် နိုင်ငံရေး မတည်ငြိမ်မှုကြောင့် နှောင့်နှေးခဲ့ရပြီးနောက် စက်ရုံသစ်တွင် လုပ်ငန်းများကို စတင်လည်ပတ်ခဲ့သည်။
စက်ရုံအလုပ်ရုံအများစုအတွက် အကျုံးဝင်သည့် အနည်းဆုံးလုပ်ခလစာသည် ၂၀၁၈ ခုနှစ်မှစတင်ကာ ၄၈၀၀ ကျပ် (၁.၆၈ ဒေါ်လာခန့်) ဖြစ်ခဲ့သော်လည်း စက်ရုံအလုပ်ရုံများသည် ဝင်ငွေရှာရန် တစ်ခုတည်းသော နေရာအဖြစ် အများစုက မြင်နေကြဆဲဖြစ်သည်။ “ကျွန်မရဲ့ ၁၇ နှစ်အရွယ်သမီးကို အထက်တန်းကျောင်းက ထွက်ခိုင်းခဲ့တယ်” ဟု မြန်မာနိုင်ငံ၏ မြို့တော်ဟောင်းနှင့် အကြီးဆုံးမြို့ဖြစ်သည့် ရန်ကုန်ကို ဖြတ်သန်းပြေးဆွဲနေသည့် ရထားပေါ်မှ ခရီးသည်တစ်ဦးက ပြောသည်။
အစိုးရ အပြောင်းအလဲကြောင့် ဘူတာရုံတွင် သရေစာရောင်းချရာမှ ရရှိသည့် ဝင်ငွေမှာ အစိုးရ အပြောင်းအလဲကြောင့် တစ်ရက်လျှင် ကျပ် ၁၀,၀၀၀ ဝန်းကျင်မှ ကျပ် ၄,၀၀၀ ဝန်းကျင်သို့ ကျဆင်းသွားကြောင်း အသက် ၁၀ နှစ်အရွယ်ကလေး ဖခင်တဦးဖြစ်သူက ပြောသည်။ သူ့သမီးအကြီးဆုံးက အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေပြီး အိမ်သုံးစရိတ်တွေကို ကာမိအောင် ဖြည့်ဆည်းပေးနေရပါတယ် ဟုဆိုသည်။
ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ဈေးနှုန်းများ မြင့်တက်မှုသည်လည်း ပြင်းထန်စွာ ထိခိုက်ခဲ့ပြီး၊ အားနည်းနေသော မြန်မာ့ငွေကြေးအပေါ် များစွာသော သက်ရောက်မှုများကို ပေါင်းစပ်လိုက်သည်။ ကျပ်ငွေတန်ဖိုးသည် စစ်တပ်ကအာဏာသိမ်းပြီး ကတည်း က ဒေါ်လာနှင့်ယှဉ်လျှင် ထက်ဝက်ကျော် ကျဆင်းသွားခဲ့သည်။ အဓိကစားကုန်ဖြစ်သည့် ဆန်ဈေးသည် ကာလတူထက် ၁.၃ ဆ မြင့်တက်ခဲ့ပြီး နိုင်ငံခြားမှတင်သွင်းသော စားသုံးဆီသည် ဇန်နဝါရီလ အစောပိုင်းတွင် နှစ်ဆတက်လာခဲ့သည်။
ကမ္ဘာ့ဘဏ်၏ အဆိုအရ မြန်မာနိုင်ငံတွင် နိုင်ငံလုံးဆိုင်ရာ ဆင်းရဲမွဲတေမှုမျဉ်းအောက် နေထိုင်သူ ရာခိုင်နှုန်းသည် ကိုဗစ်ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုတို့ကြောင့် ၂၀၂၂ ခုနှစ်တွင် စုစုပေါင်း လူဦးရေ၏ ၄၀ ရာခိုင်နှုန်းအထိ ရှိလာခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ၂၀ ရာခိုင်နှုန်းရှိခဲ့ရာမှ နှစ်ဆအထိ တိုးလာခြင်းဖြစ်သည်။ မှောင်ခိုမှုနှင့် ဖောက်ထွင်းမှု ဖြစ်စဉ်များ တိုးမြင့်လာသဖြင့် ပြည်သူများ၏ နေထိုင်မှုစည်းစနစ်လည်း လုံခြုံမှုမရှိတော့ဘဲ ယိုယွင်းလာခဲ့သည်။
ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် စင်တာများတွင် နေ့စဉ် ရှည်လျားစွာ တန်းစီနေသော လူတန်းကြီးများသည် ပြည်သူများ၏ အခက်အခဲများကို ပေါ်လွင်စေပါသည်။ ယခုအခါ မြန်မာလူမျိုးများသည် စိတ်ပျက်ငြီးငွေ့လာပြီး နိုင်ငံခြားသို့ အလုပ်သွားလုပ်ရန် ရှာဖွေနေကြသူ ပိုများလာပါသည်။ “ကျွန်မ စစ်အုပ်ချုပ်ရေးအောက်က တက္ကသိုလ်မှာ ပညာ မသင်ချင်တော့ဘူး” ဟု မြန်မာနိုင်ငံရှိ ထိပ်တန်းကောလိပ်တစ်ခုတွင် စီးပွားရေး စီမံခန့်ခွဲမှုပညာကို ၂၀၂၁ ခုနှစ်အထိ လေ့လာခဲ့သော အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးက နိုင်ငံခြားမှာရှိနေသော သူ့အတန်းဖော် တော်တော်များများ နောက်ကိုလိုက်ဖို့ ကြိုးစားနေကြောင်း မကြာသေးမီက ဆုံးဖြတ်ခဲ့ကြောင်း ပြောပြခဲ့သည်။
ကောလိပ်ပညာတတ် အထက်တန်းလွှာများ၏ အစုအပြုံလိုက် ထွက်ခွာမှုသည် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး အလား အလာကို နှောင့်ယှက်စေပြီး အာဏာပိုင်များသည် “ ကွန်ပျူတာစနစ်ကို ပြုပြင်မွမ်းမံခြင်း” ဆောင်ရွက်ရန်ဆိုသည့် အ ကြောင်းပြချက်ဖြင့် နိုင်ငံကူး လက်မှတ် ထုတ်ပေးခြင်းကို မကြာသေးမီက ဆိုင်းငံ့ထားခဲ့သည်။
စီးပွားရေးမှာ ကျဆင်းနိမ့်ပါး နေသေးသည့်အချိန်တွင် သြဂုတ်လ အစောပိုင်းတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် တပ်မတော်က ဆက်တိုက်ပြင်ဆင်နေပါသည်။ မြန်မာနိုင်ငံ၏ ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို ဒီဇင်ဘာလက စစ်တပ်က ထိန်းချုပ်ထားသည့် တရားရုံးက စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့သည်။ ၎င်းသည် သူမ၏ နိုင်ငံရေးလောကကို ထိထိရောက်ရောက် အဆုံးသတ်စေကာ စစ်တပ်နှင့် ဆက်နွယ်နေသည့် နိုင်ငံရေးပါတီများသာလျှင် ရွေးကောက်ပွဲတွင် အနိုင်ရရန် လမ်းခင်းပေးခဲ့သည်။
သို့သော်လည်း လုံခြုံရေး အခြေအနေ မတည်ငြိမ်မှုကြောင့် စစ်အစိုးရက ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရဖွယ် ရှိနေသည်ဟု ထင်ကြေးပေးမှုများလည်း ရှိနေသည်။ ဒီမိုကရေစီ လိုလားသည့် လက်နက်ကိုင်တပ်ဖွဲ့များနှင့်အတူ လက်နက်ကိုင် တိုင်းရင်း သားအဖွဲ့များက တပ်မတော်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် တိုက်ပွဲများက နိုင်ငံတဝှမ်းမှာ ဆက်လက် ဖြစ်ပွားနေသည်။ စစ်အစိုးရက ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေဆဲဖြစ်ပြီး အိမ်ထောင်စုများ အိမ်ပေါက်စေ့ တစ်အိမ်တက်ဆင်း သွားရောက်ခြင်းဖြင့် အရည်အချင်း ပြည့်မီသော မဲဆန္ဒရှင် အရေအတွက်ကို ဆုံးဖြတ်ရန် ယခုလတွင် သန်းခေါင်စာရင်းများ ကောက်ယူခဲ့သည်။
အထွေထွေ ရွေးကောက်ပွဲများ ရှိလျှင် သို့မဟုတ် မရှိခဲ့လျှင် ကဏ္ဍများစွာတွင် စစ်တပ်က ထိုသို့သော ချုပ်ကိုင်မှုအောက်တွင် ရှိနေစဉ် သာမန်ပြည်သူများနှင့် စီးပွားရေး အကျပ်အတည်းကို မည်သို့ ဖြတ်ကျော်နိုင်မည်ကို မေးခွန်းထုတ်ရမည် ဖြစ် သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သံတမန်ရေးအရ ဆောင်ရွက်မှုများသည် အကျိုးအမြတ်များ ထွက်လာလိမ့်မည်ဟု အချို့ကလည်း မျှော်လင့်နေကြသည်။
“အထွေထွေရွေးကောက်ပွဲအပြီးမှာ တရုတ်နိုင်ငံရဲ့ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်စဖို့ ကျွန်တော်တို့ စောင့် ဆိုင်းနေပါတယ်” ဟု ရန်ကုန်မြို့ရှိ အလတ်စား ကုမ္ပဏီပိုင်ရှင် အသက် ၄၈ နှစ်ရှိ ဦးဝင်းအောင် (အမည်လွှဲ) က Nikkei Asia သို့ ပြောကြားခဲ့သည်။ ရွေးကောက်ပွဲလွန် အခွင့်အလမ်းများကို ရှာဖွေရန် ပြည်တွင်း တိုင်ကွန်းသူဌေးကြီးများထံ ချဉ်းကပ်ခဲ့သော တရုတ်နိုင်ငံမှ စီးပွားရေးသမား ၂၀ ခန့်ကို သူက သတိပြုမိခဲ့သည်။ “စစ်တပ်က အုပ်ချုပ်တာကို လက်ခံနိုင်စရာ မရှိပါဘူး” ဟု သူက ဆိုသည်။ “ ဒါပေမယ့် ကုမ္ပဏီတွေ ရှင်သန်ဖို့ တစ်ခုတည်းသော နည်းလမ်းက အဖြစ်မှန်ကို လက်ခံဖို့ပဲ” ဟု ၎င်းက ဆက်လက်ပြောခဲ့သည်။
ကုလသမဂ္ဂ Comtrade အချက်အလက်များအရ ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံမှ ကုန်ပစ္စည်းတင်သွင်းသည့် နိုင်ငံပေါင်း ၁၂၆ နိုင်ငံက ယခင်နှစ်က ၁၃၄ ထက် အနည်းငယ် ကျဆင်းခဲ့သည်။ သို့ရာတွင် နိုင်ငံများ၏ တင်သွင်းမှု စုစုပေါင်းတန်ဖိုးသည် ၇ ရာခိုင်နှုန်းထိ တိုးပြီး ဒေါ်လာ ၂၁ ဘီလီယံနီးပါး ရှိလာခဲ့သည်။ ဆိုလိုသည်မှာ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများနှင့်ပင် တပ်မတော် ထိန်းချုပ်မှု ပထမနှစ်တွင် မြန်မာနိုင်ငံ၏ ပို့ကုန်သည် ကြီးမားကျယ်ပြန့်လာခဲ့သည်။
ပို့ကုန်မြှင့်တင်မှုသည် နေပြည်တော်အတွက် အကြီးဆုံးဝယ်ယူသူဖြစ်သည့် တရုတ်နိုင်ငံမှ ဦးဆောင်ကာ ၂၀၂၁ ခုနှစ်တွင် ကန်ဒေါ်လာ ၈ ဘီလီယံကျော်ဖိုး ဝယ်ယူမှုဖြင့် ယခင်နှစ်ထက် ၂၅ ရာခိုင်နှုန်း တိုးလာခဲ့သည်။ အဓိက တင်သွင်းသူများအနက် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ ဝယ်လိုအား ဝ.၄ ရာခိုင်နှုန်းမှ ဒေါ်လာ ၂.၈ ဘီလီယံအထိ တိုးမြင့်ခဲ့ပြီး အိန္ဒိယမှ တင်သွင်းမှု ၃၉ ရာခိုင်နှုန်းမှ ဒေါ်လာ သန်း ၈၀၀ နီးပါးအထိ တိုးချဲ့ခဲ့သည်။
မြန်မာနိုင်ငံသည် “တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ် စသည့် အိမ်နီးချင်းနိုင်ငံများနှင့် နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်သင့်သည်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၄ ရက်က မြန်မာနိုင်ငံသည် ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရခဲ့သည့် ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကျရောက်သည့် ဇန်နဝါရီ ၄ ရက်ကမိန့်ခွန်းတွင် ပြောကြားခဲ့သည်။ ဖိအားများနှင့် ဝေဖန်မှုများကြားတွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံအချို့၏ ပူးပေါင်းဆောင်ရွက်မှုနှင့် အကြံပြုချက်များ အတွက် စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ကြောင်း တပ်မတော်ခေါင်းဆောင်က ပြောကြားခဲ့သည်။
နိုင်ငံကို စီးပွားရေးကပ်ဘေးမှ ကယ်တင်ရန် ဖြစ်နိုင်ခြေတစ်ခုမှာ လွန်ခဲ့သည့် ၁၂ နှစ်က စစ်အစိုးရလုပ်ခဲ့သည့်အတိုင်း အမှားများကို ဝန်ခံပြီး ၎င်း၏လမ်းစဉ်ကို ပြုပြင်ရန် ဖြစ်သည်။ ၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့မှ စတင်ခဲ့သော တနိုင်ငံလုံး အတိုင်းအတာဖြင့် ဒီမိုကရေစီလိုလားသော ၈၈၈၈ အရေးတော်ပုံကြီးကို ယနေ့ ဆန္ဒပြသူများ မကြာခဏ အမှတ်ရစေပါ သည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးကောင်စီကို ထူထောင်ခဲ့သူ ဗိုလ်ချုပ်ကြီး စောမောင်၏ သွေးထွက် သံယို အာဏာသိမ်းမှုဖြင့် ပြီးဆုံးခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရန် ဆယ်စုနှစ် နှစ်ခုကျော် အချိန်ယူခဲ့ရပြီး ပြုပြင်ပြောင်းလဲရေးကို ဦးစားပေးသော အစိုးရတစ်ရပ်ကို ရွေးကောက်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များဖြင့် တည်ထောင်ခဲ့သည်။
“ဈေးအကြီးဆုံးပုလဲ- အိန္ဒိယသမုဒ္ဒရာအတွက် တရုတ်၏ ရုန်းကန်မှု” (Costlyest Pearl: China’s Struggle for India’s) စာအုပ်ရေးသူနှင့် မြန်မာ့အရေးကို ကာလရှည်ကြာစွာ လေ့လာသူ ဘာတေးလစ်တနာက ၂၀၀၄ ခုနှစ်တွင် မြန်မာဘာသာနှင့် ရေးသားသည့် လျှို့ဝှက်သတင်း တင်ပြမှုတွင် “မြန်မာနိုင်ငံ၏ သံတမန်ရေးရာ မဟာမိတ်နှင့် စီးပွားရေး နာယကအဖြစ် တရုတ်နိုင်ငံအပေါ် မကြာသေးမီက မှီခိုအားထားမှုမှာ တိုင်းပြည်၏ လွတ်လပ်ရေးကို ခြိမ်းခြောက်လာနေပြီး ‘နိုင်ငံတော် အရေးပေါ်အခြေအနေ’ တခုကို ဖန်တီးခဲ့တယ်ဟု ဆိုထားသည်။
ထိုအချိန်က မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ကုလသမဂ္ဂ ကုန်သွယ်မှုအချက်အလက်ကို ကြည့်ပါက ပို့ကုန်၊ သို့မဟုတ် ကုန် သွယ်မှုမှတစ်ဆင့် ဝင်ငွေအရ တရုတ်နိုင်ငံအပေါ် ၎င်း၏ စီးပွားရေးအရ အမှန်တကယ် မှီခိုအားထားမှုသည် စာရွက်တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသကဲ့သို့ သိသာထင်ရှားခြင်း မရှိပေ။ တစ်ချိန်တည်းတွင်ပင် နေပြည်တော်သည် ၂၀၀၃ ခုနှစ်တွင် ၎င်း ၏ တင်ပို့မှု၏ ၃၀ ရာခိုင်နှုန်းကျော်ကို တရုတ်နိုင်ငံသို့ မျှော်ကြည့်ခဲ့ကြောင်း အချက်အလက်များအရ သိရသည်။
တရားဝင် မဟုတ်သော ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုများကြောင့် နယ်စပ်မျဉ်းကို မှီခိုနေရခြင်းလည်း ဖြစ်နိုင်သည်။ ၁၉၉၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် အမေရိကန်သို့ အထည်ချုပ်တင်ပို့မှု တိုးလာခြင်းကြောင့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေခြင်းမှ အမှန်တကယ် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း စစ်တပ်က သဘောပေါက်စေခဲ့သည်။ လက်နက် ဝယ်ယူရေးနှင့် ပတ်သက်၍ တပ်မတော်သည် ၁၉၉၀ ခုနှစ်များအတွင်း ဘေကျင်းအပေါ် လုံးလုံးလျားလျားနီးပါး မှီခိုနေရပြီး ၎င်းကို ဆိုးရွားသော အားနည်းချက်ဟု ယူဆရမည်ဖြစ်သည်။
ကန့်သတ်မှုများရှိသော်လည်း ပိုမိုပေးလာသော ဒီမိုကရေစီသို့ ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံမှ အစောပိုင်းက ပြောင်းလဲလာမှုသည် အနောက်နိုင်ငံများနှင့် စီးပွားရေးဆက်ဆံမှု တိုးမြှင့်ခြင်း၏ အကျိုးကျေးဇူးများနှင့်အတူ မဟာမိတ် အုပ်စုငယ်များအပေါ် အပြင်းအထန် မှီခိုအားထားမှုအပေါ် စစ်အစိုးရ၏ စိုးရိမ်ပူပန်မှုများကြောင့် အစပျိုးလာခြင်း ဖြစ်နိုင်သည်။
နေပြည်တော်သည် လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ အတွင်း မော်စကိုအား လက်နက်ထောက်ပံ့သူအဖြစ် မှီခိုအားထားမှု တိုးလာခဲ့သော်လည်း ယူကရိန်းစစ်တွင် ရုရှားနိုင်ငံမှ ထောက်ပံ့ပေးနေရသည့် ပြဿနာများကြောင့် အားနည်းချက်အသစ်ကို ဖန်တီးပေးခဲ့သည်။ အိန္ဒိယသည် မကြာသေးမီနှစ်များအတွင်း ပိုမိုအရေးကြီးသော စစ်လက်နက် ရရှိရေး အရင်းအမြစ် ဖြစ်လာသည်။
မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနှင့်ပတ်သက်၍ ဤအရာအားလုံးကို မည်သို့ပုံဖော်မည်ဆိုသည်က ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ၂၀၁၅ ခုနှစ်တွင် မြင်တွေ့ရသည့် ဒီမိုကရေစီပုံစံသို့ ပြန်လည်ရောက်ရှိရေးအတွက် နိမိတ်မဖတ်နိုင်ပေ။ မြန်မာနိုင်ငံ၏ မြို့တော်ဟောင်းနှင့် အကြီးဆုံးမြို့ဖြစ်သည့် ရန်ကုန်မြို့တွင် လူများကို မှတ်သား ဖမ်းယူသည့်နည်းပညာဖြင့် CCTV တပ်ဆင်ပြီးနောက် ဆန္ဒပြမှုများ ငြိမ်သက်သွားသော်လည်း နိုင်ငံအနှံ့အပြားတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။
“ ကျွန်တော်တို့ကို လက်မလျော့ဘဲ ဆက်လက်ထောက်ခံစေလိုပါသည်” ဟု အသက် ၂၉ နှစ်အရွယ် ဒီမိုကရေစီ တော် လှန်ရေး တိုက်ပွဲဝင်သူက Nikkei သို့ ဖုန်းဖြင့် ပြောကြားခဲ့သည်။ သူသည် ရန်ကုန်ဘတ်စ်ကား မောင်းသူဟောင်းတစ်ဦးဖြစ်ပြီး ယခုအခါ မြန်မာ-ထိုင်းနယ်စပ်တွင် ဒရုန်းဖြင့် တိုက်ခိုက်ရေးတပ်ဖွဲ့ကို ဦးဆောင်နေသူ ဖြစ်သည်။ “တော်လှန်ရေးဟာ တစ်နေ့နေ့မှာ အောင်မြင်မှာပါ” ဟု သူက ဆိုသည်။
ဒီအောင်ပွဲဟာ ဘယ်အချိန်မှာနဲ့ ဘယ်လိုဖြစ်သလာနိုင်မလဲ?။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း သန်းနှင့်ချီသောသူများက အဆိုပါ မေးခွန်းများကို မေးမြန်းခဲ့ပြီး ၎င်းတို့သည် နောက်ထပ်အကြာကြီး စောင့်ဆိုင်း ရဖွယ်ရှိသည်။
NIKKEI ၏ ASIA INSIGHT တွင် ဖော်ပြထားသည့် “Myanmar economy hobbled by military rule despite garment boom” “Reliance on fewer foreign partners limits economic recovery prospects” ဆောင်းပါးကို Era’s Eye မှ ဘာသာပြန်ထားပါသည်။