၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်၊ ခေတ်မျက်လုံး။
မြန်မာပြည်မှာ နှစ် (၇၀) ကျော်ကြာ သက်စိုးရှည်နေတဲ့ ပြည်တွင်းစစ်မီးငြိမ်းအေးပါစေ။
ပြည်သူများကို လူမျိုးဘာသာ မခွဲခြားဘဲ တရားမျှတစွာအုပ်ချုပ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုအစိုးရ ပေါ်ပေါက်ပါစေ။
ပြည်သူကို ကာကွယ်စောင့်ရှောက်ပေးတဲ့ ပြည်သူ့တပ်မတော်တရပ် ပေါ်ပေါက်လာပါစေ။
တော်လှန်ရေးအဖွဲ့အစည်းများကို စည်းလုံးညီညွတ်ရေးကို ဆောင်ကြည်းပေးတဲ့ သဘောထားပြည့်ဝတဲ့ခေါင်းဆောင်တွေ ပေါ်ပေါက်ပါစေ။
တော်လှန်ရေးခေါင်းဆောင်အမည်ခံပြီး မိမိလက်အောက်မှာမရှိတဲ့တော်လှန်ရေးအဖွဲ့အစည်းတွေ တိုက်ဖျက်ဖို့ ကြံစည်နေသူတွေ ကျဆုံးပါစေ။
လက်နက်ကိုင်တပ်ကို ကိုယ်ကျိုးသုံးပြီး မိမိအကျိုးစီးပွားအတွက် ခုတုံးလုပ်နေတဲ့ စစ်ခေါင်းဆောင်တွေအားလုံး ကျဆုံးပါစေ။
ပြည်နယ်နဲ့တိုင်းတွေမှာ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေကိုအတည်ပြုနိုင်ပါစေ။
မြန်မာနိုင်ငံတွင်းရှိ ပြည်သူတွေ စိတ်အေးချမ်းသာစွာ အသက်ရှင်နိုင်ခွင့်၊ စီးပွားရှာနိုင်ခွင့်၊ပညာသင်ကြားခွင့်တွေ ရရှိနိုင်ကြပါစေ။
မြန်မာပြည်သူတွေအပေါ် လက်နက်ကိုင်စိုးမိုးအနိုင်ကျင့်မှုတွေက ကာကွယ်ပေးနိုင်တဲ့သတင်းမီဒီယာအဖြစ် ရပ်တည်နိုင်ပါစေ။