နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့ရေကြီးမှုထဲ ပိတ်မိနေတဲ့ပြည်သူ ထောင်နဲ့ချီရှိနေ

ဇူလိုင်လ (၁)ရက်။

မနေ့ကစပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့မှာ ရေကြီးတာတွေကြောင့် ပြည်သူထောင်နဲ့ချီ ပိတ်မိနေတယ်လို့ ဒေသတွင်းလှုကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

“ မိုးတွေအရမ်းရွာပြီးတော့ မြစ်ကြီးနားနဲ့ ဝိုင်းမော်မှာ ဧရာ၀တီမြစ်ရေမြင့်တက်လာတာပါ၊ အခုနံနက်ပိုင်းအထိကို စိုးရိမ်ရေအမှတ်ထက် (၄)ပေကျော်နေပါပြီ၊ ပိတ်မိနေတဲ့ပြည်သူတွေလဲ ထောင်နဲ့ချီနေပါတယ်၊ ကယ်ဆယ်ရေးတွေအတွက်လဲ လုပ်နေကြပါတယ်” လို့ ကူညီပေးနေသူတစ်ဦးက ဆိုပါတယ်။

မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ ဧရာ၀တီမြစ်ရေ မြင့်တက်လာတာကြောင့် မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့ရှိ နေရာအများအပြားမှာ ရေကြီးတာနဲ့ ကြုံတွေ့နေရပြီး ဒီကနေ့ နံနက် (၉)နာရီခွဲအထိ မြစ်ကြီးနားမြို့ မြစ်ရေဟာ (၁၃၃၀)စင်တီမီတာအထိရှိတယ်လို့ သိရပါတယ်။

“ အခုဆို ရေက ရင်၀ထိရောက်နေပြီ၊ ၂၀၀၄က ရေကြီးခဲ့တာ အခု နှစ် (၂၀)မှာထပ်ဖြစ်တာပါ။ လောလောဆယ် ရေဘေးသင့်တွေအတွက် သောက်ရေသန့်တွေလိုအပ်နေပါတယ်၊ ရေတက်တာလဲ အရမ်းမြန်ပြီး စက်လှေနဲ့၀င်မှရတော့မယ့်အနေအထားပါ၊ ပိတ်မိနေသူတွေလဲရှိပါတယ်” လို့ မြို့နေသူတစ်ဦးက ဆိုပါတယ်။

ရေကြီးတာကြောင့် မြစ်ကြီးနားမြို့ အနိမ့်ပိုင်းက လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ မြို့သစ်ကြီး၊ ဂျန်မိုင်ကောင်း၊ မြေမြင့်ကွက်သစ်၊ မန်ခိန်၊ စီတာပူ၊ ကချင်စု၊ ကျွန်းပင်သာ၊ ရွှေညောင်ပင်၊ အေးစေတီနဲ့ ရမ်ပူ စတဲ့ရပ်ကွက်တွေထဲ ရေ၀င်နေတာပါ။

ဧရာ၀တီမြစ်ရေဟာ မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်းနဲ့ မြင်းမူမြို့တို့မှာ (၆)ပေကနေ (၁၀)ပေခန့်အထိ မြင့်တက်နိုင်တယ်လို့ မိုးဇလရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လိမ်လည်အလှူခံတာတွေကို သတိထားကြဖို့နဲ့  KNDF အသိပေးထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 7 Views
နိုဝင်ဘာလ (၇)ရက်။ တပ်ဖွဲ့ဝင်တွေရဲ့ ပုံရိပ်တွေကို အသုံးပြုပြီး လိမ်လည်အလှူခံတာနဲ့ ပြည်သူတွေ ယုံကြည်မှုယုတ်လျော့အောင် မသမာသူတွေက ပြုလုပ်နေတယ်လို့ KNDF ရဲ့
မြန်မာသတင်း

မြန်မာ့ရိုးရာအတာသင်္ကြန် ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အနေနဲ့ ပဏာမစာရင်းမှာပါဝင်လာ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 2 Views
နိုဝင်ဘာလ (၇)ရက်။ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ဟာ ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အနေနဲ့ ပမာဏစာရင်းမှာ ပါဝင်လာတယ်လို့ စစ်ကောင်စီရဲ့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း အရှေ့တောင်အာရှ အာရှ

တရုတ်ရောက် စစ်ခေါင်းဆောင်က လာအိုနဲ့ ကမ္ဘောဒီယား ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲလုပ်မယ့်အကြောင်း ပြောဆိုခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 5 Views
နိုဝင်ဘာလ (၇)ရက်။ မနေ့က တရုတ်နိုင်ငံ၊ ကူးမင်းမြို့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လာအိုနဲ့ ကမ္ဘောဒီးယားတို့က ဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့အကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်တာတွေကို
မြန်မာသတင်း

ညီနောင်(၃)ဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးလိုလားမှသာ ဆွေးနွေးနိုင်မယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 6 Views
နိုဝင်ဘာလ (၇)ရက်။ ညီနောင်(၃)ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA နဲ့ AA တို့ အနေနဲ့ ငြိမ်းချမ်းရေးလိုလားမှသာ ဆွေးနွေးနိုင်မယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က တရုတ်ဝန်ကြီးချုပ် H.E Mr. Li Qiang နဲ့
မြန်မာသတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရပြီး ကားတစ်စီးပျက်စီးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 9 Views
နိုဝင်ဘာလ (၆)ရက်။ ဒီကနေ့ နံနက် (၈)နာရီခန့်က ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ စစ်ကောင်စီယာဉ်တန်းကို ပဒေသာမိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Wundwin Township Revolution Force(WTRF)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း ဝမ်းတွင်းကနေ
မြန်မာသတင်း

ဇီးကုန်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိုင်ချထားတဲ့တပ်စခန်း တိုက်ခိုက်ခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 6 Views
နိုဝင်ဘာလ (၆)ရက်။ နိုဝင်ဘာလ (၃)ရက်နေ့ ည(၇)နာရီခန့်က ဇီးကုန်းမြို့နယ် ဘေယ်ဘင်ရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ တပ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ BTZM GBK-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဘော်ဘင်ရွာမှာ စစ်ကောင်စီအထိုင်ချထားတဲ့
မြန်မာသတင်း

ကနီမြို့က ပညာရေးဘုတ်အဖွဲ့တာဝန်ခံ မိသားစု(၃)ဦး သတ်ဖြတ်ခံရတဲ့အပေါ် တရားမျှတမှုရဖို့ ကြိုးပမ်းမယ်လို့ NUG ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 3 Views
နိုဝင်ဘာလ (၆)ရက်။ နိုဝင်ဘာလ (၄)ရက်နေ့ ညပိုင်းအချိန်က ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဆရာဦးဝင်းဌေးအပါအဝင် မိသားစုဝင် (၃)ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဆရာဦးဝင်းဌေးဟာ တပုန်းကျေးရွာနေအိမ်မှာ ဇနီးဖြစ်သူ ဒေါ်ခြိမ့်ခြိမ့်သဲဝေနဲ့
မြန်မာသတင်း

ပေါက်ခေါင်းမြို့မှာ စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းသူတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 4 Views
နိုဝင်ဘာလ (၆)ရက်။ နိုဝင်ဘာလ (၄)ရက်နေ့ နေ့လယ်(၁)နာရီခန့်က ပေါက်ခေါင်းမြို့နယ်၊ သဖန်းကိုင်းအုပ်စုရှိ ကံကလေးကျေးရွာက ကျော်မင်းထွန်း(ခ)ဖိုးနီဆိုသူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ PPDF-၃၆၀၁ တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သူက ကံကလေးရွာမှာ အကြမ်းဖက်စကစအတွက် စစ်မှုထမ်းဖို့