ဩဟုတ်လ (၁)ရက်။
ဒီကနေ့ နေ့လယ် (၁)နာရီအချိန်ခန့်က မတ္တရာမြိုနယ်ရှိ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မတ္တရာမြိုနယ်ထဲ စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ အောင်ချမ်းသာကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား (၃)ဦးသေဆုံးကာ (၅)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့ မတ္တရာမြိုနယ်ထဲက အောင်ချမ်းသာကျေးရွာဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေနဲ့ အလှမ်းဝေးတဲ့ ကျေးရွာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အခုလိုတိုက်ခိုက်တာဟာ စစ်ကောင်စီအနေနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေကို အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ကာ စစ်ရာဇ၀တ်မှုကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တာလို့ ရေးသားထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီအနေနဲ့ စစ်ရှုံးလာတာနဲ့အတူ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်တာတို့ကို ပေါ်ပေါ်ထင်ထင်ပြုလုပ်ပြီး စစ်ရာဇ၀တ်မှုတွေကို ဆက်တိုက်ကျူးလွန်နေတယ်လို့ MDY-PDF က ပြောဆိုထားပါတယ်။
MDY-PDF အနေနဲ့ မတ္တရာမြို့နယ်ထဲက သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေကာ စစ်ကောင်စီတပ်စခန်း (၃၅)ခုအထိ သိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။




