နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်မြို့မှာ “ ဒုက္ခတွေကို ငုံ့ခံမယ့်အစား အာဏာရှင်ကို တော်လှန်ကြမယ်” ဆိုတဲ့ လှုပ်ရှားမှုပြုလုပ်

စက်တင်ဘာလ (၁)ရက်။

ဒီကနေ့ ရန်ကုန်မြို့မှာ “ ဒုက္ခတွေကို ငုံ့ခံမယ့်အစား အာဏာရှင်ကို တော်လှန်ကြမယ်” ဆိုတဲ့ လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြတယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု(AJAY)ထံက သိရပါတယ်။

အဲ့ဒီလှုပ်ရှားမှုကို ရန်ကုန်လူငယ်တွေက ပြုလုပ်ခဲ့ကြပြီး “ ဒုက္ခတွေကို ငုံ့ခံမယ့်အစား အာဏာရှင်ကို တော်လှန်ကြမယ်” ဆိုတဲ့ စာသားပါဘန်နာကို ဂုံးကျော်တံတားတစ်ခုမှာ ချိတ်ဆွဲခဲ့ကြပါတယ်။

အာဏာရှင်စနစ်ရဲ့ အကျိုးသက်ရောက်မှုအနေနဲ့ ပြည်သူလူထုတိုင်း အထွေထွေအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာဟာ မျက်လုံးနဲ့ တပ်အပ်မြင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ အဲ့ဒီကြပ်တည်းမှု ဒုက္ခတိုင်းကို ဆက်လက်ငုံ့ခံနေမယ်ဆိုရင် နောင်အချိန်ကာလမှာ အခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေထက် ဆိုးတဲ့အခြေအနေတွေကို ပြည်သူတွေအနေနဲ့ ကြုံတွေ့ရမှာ မလွဲမသွေဘဲဖြစ်တယ်လို့ ရေးသားထားပါတယ်။

အခုလို ပြည်သူတရပ်လုံးအနေနဲ့ ဒုက္ခတွေကို ငုံ့ခံမယ့်အစား ဒုက္ခကိုဖြစ်စေမယ့် အာဏာရှင်စနစ်ကို ရရာနည်းလမ်းမျိုးစုံနဲ့ တော်လှန်ပုန်ကန်ဖို့ လိုအပ်တာကြောင့် အလေးအနက်ထား တိုက်တွန်းတဲ့အနေနဲ့ လှုပ်ရှားမှုကို ပြုလုပ်တာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်ရှိ စစ်ကောင်စီရဲ့ မှော်ဘီမြို့မရဲစခန်း လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇွန်လ 28 ရက်
  • 30 Views
ဇွန်လ (၂၈)ရက်။ မနေ့က ည (၁၀)နာရီခွဲခန့်မှာ ရန်ကုန်ရှိ စစ်ကောင်စီရဲ့ မှော်ဘီမြို့မရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့
မြန်မာသတင်း

ရွေးကောက်ပွဲပြန်ကျင်းပပြီး လွှတ်တော်ခေါ်ယူတာက နိုင်ငံရေးအရ အကောင်းဆုံးဖြေရှင်းတာဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 28 ရက်
  • 19 Views
ဇွန်လ (၂၈)ရက်။ ရွေးကောက်ပွဲပြန်ကျင်းပပြီး လွှတ်တော်ခေါ်ယူဆောင်ရွက်တာက နိုင်ငံရေးအရ အကောင်းဆုံးဖြေရှင်းတာဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ဘယ်လာရုစ်နိုင်ငံကို ရောက်နေတဲ့ သင်တန်းသားတွေနဲ့
မြန်မာသတင်း

မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ရောဂါတွေကို ဆေးမီတိုနဲ့သာ ကုသခွင့်ရ

  • 2025 ခုနှစ်၊ ဇွန်လ 28 ရက်
  • 23 Views
ဇွန်လ (၂၈)ရက်။ စစ်ကောင်စီက မတရားဖမ်းဆီးအကျဉ်းချထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရောဂါတွေကို ဆေးမီးတိုနဲ့သာ ကုသခွင့်ပြုထားတယ်လို့ Myanmar Prison Witness ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒေါ်အောင်ဆန်းစုကြည် ခံစားနေရတဲ့ ရောဂါဝေဒနာတွေကို လုံလောက်တဲ့
မြန်မာသတင်း

အိုးဘိုထောင်မှာ အကျဉ်းချခံထားရတဲ့ မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး ကျဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 17 Views
ဇွန်လ (၂၇)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က အိုးဘိုထောင်မှာ အကျဉ်းချခံထားရတဲ့ မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး ကျဆုံးခဲ့တယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ အိုးဘိုထောင်မှာ အကျဉ်းချခံထားရတဲ့ မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ဒီမနက်
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးထပ်ကြဲ၊ အမျိုးသမီး (၁)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 30 Views
ဇွန်လ (၂၇)ရက်။ မနေ့က ည (၁၂)နာရီခွဲကျော်အချိန်က ကျောက်မဲမြို့ ရပ်ကွက်(၇)ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀)ဗုံး (၂)လုံး ထပ်မံကြဲချခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီက (၃)ရက်ဆက်တိုက် စစ်ကြောင်းထိုးပြီး ပြည်သူ (၉)ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 24 Views
ဇွန်လ (၂၇)ရက်။ ဇွန်လ (၂၃)ရက်ကနေ (၂၅)ရက်အထိ ကန့်ဘလူမြို့ ဇီးကုန်းတိုက်နယ်ထဲရှိ ကျေးရွာတွေကို အင်အား (၁၀၀)ခန့်ရှိ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်တွေက စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အဲ့ဒီပူးပေါင်းစစ်ကြောင်းဟာ ဇွန်လ (၂၃)ရက်နေ့ နံနက်
မြန်မာသတင်း

EAEU ရဲ့ လေ့လာသူနိုင်ငံအနေနဲ့ ပါဝင်နိုင်အောင် ထောက်ခံပေးဖို့ဆိုပြီး စစ်ခေါင်းဆောင် မေတ္တာရပ်ခံ

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 30 Views
ဇွန်လ (၂၇)ရက်။ မြန်မာကို ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)ရဲ့ လေ့လာသူနိုင်ငံအနေနဲ့ ပါဝင်နိုင်အောင် ထောက်ခံဆောင်ရွက်ပေးဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မေတ္တာရပ်ခံခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ EAEU ရဲ့ မိသားစုအဖွဲ့ဝင်နိုင်ငံအနေနဲ့ ပါဝင်ဖို့ စိတ်အားထက်သန်နေတယ်ဆိုတာကို စစ်ခေါင်းဆောင်က မနေ့က ဘယ်လာရုစ်နိုင်ငံ
မြန်မာသတင်း

ကျောက်ကြီးမြို့မှာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့ရာ (၇)ဦးထက်မနည်းသေဆုံးပြီး (၂၂)ဦး ဖမ်းမိခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 29 Views
ဇွန်လ (၂၇)ရက်။ မနေ့က ကျောက်ကြီးမြို့နယ်ထဲရှိ စစ်ကောင်စီတပ်တွေကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြတယ်လို့ MOD ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကျောက်ကြီးမြို့နယ်ထဲရှိ စစ်ကောင်စီတပ်တွေကို စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအနေနဲ့ တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၇)ဦးထက်မနည်း