နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

(၃၆)နှစ်တာ တော်လှန်ရေးခရီးစဉ်ထဲ တပ်ဖွဲ့ဝင်ရဲဘော် (၈၂၆)ဦး ကျဆုံးခဲ့တယ်လို့ ABSDF ထုတ်ပြန်၊

‌နိုဝင်ဘာလ (၁)ရက်။

တော်လှန်ရေးခရီးစဉ်ထဲ တပ်ဖွဲ့ဝင်ရဲဘော် (၈၂၆)ဦး ကျဆုံးခဲ့ပြီး (၄၃၅)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒီကနေ့မှာကျရောက်တဲ့ ABSDF တည်ထောင်တာ (၃၆)နှစ်ပြည့် ထုတ်ပြန်ချက်ထဲ ဖော်ပြထားချက်အရ သိရပါတယ်။

ABSDF ရဲ့ ပြည်သူတရပ်လုံး စစ်အာဏာရှင်အောက်က လွတ်မြောက်ဖို့၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းဖို့ဆိုတဲ့ နိုင်ငံရေးဦးတည်ချက်တို့အတွက် ဘဝများစွာ စွန့်လွှတ်ပေးဆပ်ခဲ့တဲ့ သမိုင်းမှတ်တမ်းအနေနဲ့ ဂုဏ်ယူတန်ဖိုးထားရမယ်လို့ ဆိုပါတယ်။

တိုက်ပွဲသမိုင်းဟာ လူမျိုးပေါင်းစုံ တိုင်းရင်းသားပြည်သူလူထုတို့ တိုက်ပွဲဝင်တောင်းဆိုနေတဲ့ ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စု တည်ဆောက်ဖို့ဆိုတဲ့ နိုင်ငံရေး မျှော်မှန်းချက်နဲ့ ထပ်တူထပ်မျှ တဆက်ထဲဖြစ်ပေါ်ခဲ့တဲ့ သမိုင်းတခုလို့ ထပ်မံပြောဆိုထားပါတယ်။

စစ်အုပ်စု တဖက်သတ်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ အခြေခံဒီမိုကရေစီအခွင့်အရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံချက် မပေးနိုင်သလို ငြိမ်းချမ်းတည်ငြိမ်တဲ့ အခင်းအကျင်းကိုလဲ တည်ဆောက်ပေးနိုင်စွမ်းမရှိဘူးလို့ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ်က နိုင်ငံအာဏာကို လက်နက်နဲ့ လုယူသိမ်းပိုက်ခဲ့တာကြောင့် နိုင်ငံရဲ့အခြေအနေ ယိုယွင်းပျက်စီးလာပြီး တတိုင်းပြည်လုံး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရပေမယ့် စစ်အာဏာရှင် ဆန့်ကျင်ဖို့အတွက် လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တုက်ပွဲ‌တွေ ကျယ်ပြန့်လာတယ်လို့ ရေးသားထားပါတယ်။

အခုအခါ စစ်ကောင်စီရဲ့ မဏ္ဍိုင် (၃)ရပ်ကို ဖြိုချဖျက်ဆီးပြီး အာမခံချက်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုတရပ် ပေါ်ထွန်းဖို့အတွက် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးအပါအဝင် တိုက်ပွဲစာမျက်နှာပေါင်းစုံကနေ အရှိန်မြှင့်ဆောင်ရွက်ရမယ့်အချိန်လို့လဲ ပြောဆိုထားပါတယ်။

ဒီလိုအခြေအနေတွေမှာ လူမျိုးပေါင်းစုံ တိုင်းရင်းသားပြည်သူလူထုကြီးနဲ့အတူ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ် ပေါ်ထွန်းဖို့ တက်ကြွစွာ လက်တွဲဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းသင်တန်းဆင်းအင်အား (၁)သိန်းနီးပါးအထိရှိလာ

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 19 Views
မတ်လ (၁၈)ရက်။ စစ်ကော်မရှင်ရဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းအင်အား (၉၄၉၆၀)ဦးအထိ ရှိလာပြီလို မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ(MDSI)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

MNDAA နဲ့ TNLA တော်လှန်ရေးအကျိုး မထိခိုက်စေဘဲ ညှိနှိင်းဖြေရှင်းဖို NUG ယာယီသမ္မတ တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 18 Views
မတ်လ (၁၈)ရက်။ MNDAA နဲ့ TNLA တိုရဲ့ တွေ့ဆုံဆွေးနွေးတာနဲ့ပတ်သက်ပြီး NUG ယာယီသမ္မတ ဒူဝါလရှီးလက မနေ့က မေတ္တာရပ်ခံ
မြန်မာသတင်း

ပြည်ထောင်စုလွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်/ကျဉ်းတွေ လွတ်မြောက်ဖို့ဆိုတဲ့အချက် ထည့်သွင်းတောင်းဆိုဖို့ NLD တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 22 Views
မတ်လ (၁၈)ရက်။ CRPH ကျင်းပနေတဲ့ နဝမအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို NLD ပါတီရဲ့ ဗဟိုအလုပ်ကော်မတီက သဝဏ်လွှာပေးပိုခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီသဝဏ်လွှာထဲ ‌နွေဦးတော်လှန်ရေး (၅)နှစ်ကျော်ကာလရောက်ပေမယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွေကို (၉)ကြိမ်အထိ အဆက်မပြတ် ကျင်းပနိုင်တဲ့အပေါ်
မြန်မာသတင်း

စစ်တပ်ရဲ့ အမျိုးသားလွှတ်ဥက္ကဋ္ဌနေရာ အောင်လင်းဒွေးကို ခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 21 Views
မတ်လ (၁၈)ရက်။ ဒီကနေ့ နံနက်ပိုင်းက အမျိုးသားလွှတ်တော်အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပခဲ့တယ်လို သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အမျိုးသားလွှတ်တော်အစည်းအဝေးကို သဘာပတိအနေနဲ့ ဒေါ်ဒွဲဘူကို ရွေးကောက်တင်မြှောက်ခဲ့ပြီး ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတိုကိုပါ ရွေးချယ်ခန့်အပ်ခဲ့ပါတယ်။ အဲ့ဒီလို စစ်တပ်ရဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနေရာအတွက် အောင်လင်းဒွေးကို
မြန်မာသတင်း

အစ္စရေး၏ တိုက်ခိုက်မှုအတွင်း ထိပ်တန်းလုံခြုံရေးအကြီးအကဲ သေဆုံးပြီးနောက် အီရန်က လက်စားချေမည်ဟု ကြုံးဝါး

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက် ထိုအတောအတွင်း အီရန်၏ ပဲ့ထိန်းဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် အစ္စရေးအလယ်ပိုင်းတွင် အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့ပြီး၊ အမေရိကန်ကမူ ဟော်မုဇ် ရေလက်ကြားတစ်လျှောက်ရှိ အီရန်ဒုံးကျည်စခန်းများပေါ်သို့ ပေါင်
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲရဲ့ ယူနစ်တပ် ပထမဆုံးအကြိမ် သင်တန်းဆင်း

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 25 Views
မတ်လ (၁၇)ရက်။ မတ်လ (၁၀)ရက်နေ့က မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရရဲ့ ယူနစ်တပ် ပထမဆုံးအကြိမ် သင်တန်းဆင်းပွဲကို ဒေသထဲတနေရာမှာ ပြုလုပ်ခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီသင်တန်းကို ဇန်နဝါရီလ အစောပိုင်းက စတင်ခဲ့ပြီး သင်တန်းကာလ စုစုပေါင်း
မြန်မာသတင်း

ပခုက္ကူမြို့မှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 39 Views
မတ်လ (၁၇)ရက်။ မတ်လ (၁၅)ရက်နေ့ နံနက် (၇)နာရီအချိန်က ပခုက္ကူမြို့နယ်အနောက်ခြမ်းမှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပခုက္ကူအနောက်ခြမ်း ကန်တော်ရွာကနေ ညောင်ဂျစ်ပင်ပျူစောထီးရွာကို အင်အား (၇၀)ကျော်နဲ့ ထွက်လာတဲ့
မြန်မာသတင်း

နှစ်ဖက်အပစ်ရပ်ဖို့ TNLA နဲ့ MNDAA တို့ လောက်ကိုင်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 35 Views
မတ်လ (၁၇)ရက်။ ဒီကနေ့ နံနက်ပိုင်းကစပြီး လောက်ကိုင်မြို့မှာ TNLA နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနေတယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဒီကနေ့ နံနက်ပိုင်းကစပြီး နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဖို့ လောက်ကိုင်ကို ရောက်နေကြပြီ။ အပစ်ရပ်တာကတော့