နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

အီတလီက မြေထဲပင်လယ်အတွင်း ရုရှားရေနံတင်သင်္ဘော အချိန်မရွေး ပေါက်ကွဲနိုင်သည်ဟု သတိပေး

ရောမမြို့ ။ ပိတ်ဆို့အရေးယူခံထားရသည့် သဘာဝဓာတ်ငွေ့ရည် (LNG) များ တင်ဆောင်လာသော ရုရှားရေနံတင်သင်္ဘောတစ်စင်းသည် သင်္ဘောသားတစ်ဦးမျှမပါဘဲ၊ ဘေးဘက်တွင်လည်း အပေါက်ကြီးတစ်ပေါက်ဖြင့် မြေထဲပင်လယ်အတွင်း ထိန်းချုပ်မှုမဲ့ မျောပါနေသည်။ ယင်းအခြေအနေကြောင့် “ကြီးမားသော ဂေဟစနစ်ဆိုင်ရာ ဘေးအန္တရာယ် တစ်ခု ဖြစ်ပွားနိုင်သည့် ပြင်းထန်သော အန္တရာယ်” ရှိနေကြောင်း သတိပေးချက်များ ထွက်ပေါ်လာခဲ့သည်။

အရေးယူဆောင်ရွက်ပေးရန် ဥရောပကော်မရှင်သို့ ပူးတွဲစာရေးသားပေးပို့ခဲ့သည့် အီးယူ ၉ နိုင်ငံအနက် တစ်နိုင်ငံဖြစ်သော အီတလီမှ တာဝန်ရှိသူတစ်ဦးက Arctic Metagaz သင်္ဘောကို အချိန်မရွေး ပေါက်ကွဲနိုင်သည့် “ပတ်ဝန်းကျင်ဆိုင်ရာ ဗုံး” ဟု ခေါ်ဆိုခဲ့သည်။

ပိတ်ဆို့အရေးယူခံထားရသည့် ရုရှားရေနံနှင့် ဓာတ်ငွေ့များကို သယ်ယူပို့ဆောင်ပေးနေသော “အရိပ်အယောင် ရေယာဉ်စု” (shadow fleet) တွင် ပါဝင်သည့် အဆိုပါသင်္ဘောသည် ယခုလ အစောပိုင်းက မော်လ်တာရေပိုင်နက်အနီးတွင် ပင်လယ်ပြင်သုံး ဒရုန်းဖြင့် တိုက်ခိုက်ခံရ သည်ဟု ယူဆရကာ ပြင်းထန်စွာ ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။ ၎င်းသင်္ဘောကို ချေမှုန်းလိုက်ခြင်းမှာ ယူကရိန်းလက်ချက်ဖြစ်သည်ဟူသော သတင်းများအပေါ် ယူကရိန်းဘက်က မှတ်ချက်ပေးခြင်း မရှိသေးပေ။

Arctic Metagaz သည် ယခုအခါ အီတလီရေပိုင်နက်နှင့် လန်ပီဒူဆာ (Lampedusa) ကျွန်းတို့မှ ဝေးရာသို့ မျောပါသွားပြီး လစ်ဗျားနိုင်ငံဘက်သို့ ဦးတည်နေသည်။ အီတလီနှင့် မော်လ်တာ တာဝန်ရှိသူများက ၎င်း၏ ရွေ့လျားမှုကို ဆက်လက်စောင့်ကြည့်နေကြသည်။

အီတလီ ဝန်ကြီးများကောင်စီ၏ အတွင်းရေးမှူး အယ်ဖရီဒို မန်တိုဗာနို (Alfredo Mantovano) က အဆိုပါသင်္ဘောမှ ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များမှာ “ကြီးမားလွန်းလှ” ကြောင်းနှင့် “အချိန်မရွေး ပေါက်ကွဲသွားနိုင်သည်” ဟု အီတလီ ရေဒီယို ၂၄ တွင် ပြောကြားခဲ့သည်။

သင်္ဘောပေါ်တွင် အမြောက်အမြားသော သဘာဝဓာတ်ငွေ့ရည် (LNG) များ ပါရှိသည်ဟု ဆိုသည်။ ရောမမြို့ရှိ တာဝန်ရှိသူတစ်ဦးက ဘီဘီစီသို့ ပြောကြားရာတွင် သင်္ဘောပေါ်၌ လောင်စာဆီ ၄၅၀ တန်နှင့် ဒီဇယ်ဆီ ၂၅၀ တန်တို့လည်း ပါရှိနေကြောင်း သိရသည်။

အင်္ဂါနေ့ မွန်းလွဲပိုင်းတွင် အဆိုပါသင်္ဘောသည် အီတလီရေပိုင်နက်မှ ၄၅ ရေမိုင် (၈၃ ကီလိုမီတာ) အကွာနှင့် လစ်ဗျား၏ ရှာဖွေကယ်ဆယ်ရေးဇုန်မှ ၂၅ မိုင်အကွာသို့ ရောက်ရှိနေသည်။

Arctic Metagaz သည် ဖေဖော်ဝါရီလတွင် ရုရှားနိုင်ငံ မာမန့်စ် (Murmansk) ဆိပ်ကမ်းမှ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။ မတ်လအစောပိုင်းတွင် သင်္ဘောမီးလောင်ခဲ့စဉ်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ၎င်းမှာ ယူကရိန်း၏ “အကြမ်းဖက်တိုက်ခိုက်မှု” ကြောင့်ဖြစ်သည်ဟု ပြစ်တင်ခဲ့သည်။

ယူကရိန်းက ထိုကဲ့သို့သော “အရိပ်အယောင်” ရုရှားရေနံတင်သင်္ဘောများကို တရားဝင် တိုက်ခိုက်ရမည့် ပစ်မှတ်များအဖြစ် ရှုမြင်သည်။ အကြောင်းမှာ ထိုသင်္ဘောများ သည် အနောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှုများကို ရှောင်ရှားရန် တုံ့ပြန်ဆက်သွယ်ရေး ကိရိယာ (transponders) များကို ပိတ်၍ ခရီးနှင်လေ့ရှိပြီး၊ ရုရှားက ရေနံနှင့် ဓာတ်ငွေ့မှ ရရှိသော ငွေကြေးများသည် ယူကရိန်းစစ်ပွဲအတွက် ရန်ပုံငွေဖြစ်စေသောကြောင့်ဖြစ်သည်။

ရုရှားသည်လည်း စစ်ပွဲစတင်ကတည်းက ယူကရိန်း၏ အရပ်ဘက် စွမ်းအင်အခြေခံ အဆောက်အအုံများကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ၊ ဆောင်းတွင်းကာလအတွင်း လူအများအပြား ရေနွေးနှင့် အပူပေးစနစ်များ မရရှိဘဲ ဖြစ်ခဲ့ရသည်။

မကြာသေးမီက ရုရှားရေနံတင်သင်္ဘောများကို ဒရုန်းဖြင့် တိုက်ခိုက်မှု အရေအတွက်နှင့် အတိုင်းအတာမှာ ပိုမိုများပြားလာသည်။ ဒီဇင်ဘာလတွင် ယူကရိန်း၏ SBU ထောက်လှမ်း ရေးဌာနက ပင်လယ်နက်အတွင်း နှစ်ပတ်အတွင်း သင်္ဘောသုံးစင်းကို ချေမှုန်းနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

Arctic Metagaz သည် ပေါက်ကွဲမှုများနှင့် မီးလောင်မှုများကြောင့် ပြင်းထန်စွာ ပျက်စီးခဲ့ သည်မှာ ယခုဆိုလျှင် နှစ်ပတ်ရှိပြီဖြစ်သည်။ သင်္ဘောသားများကို လစ်ဗျားကမ်းခြေ စောင့်တပ်က ရှာဖွေတွေ့ရှိကာ ကယ်ဆယ်နိုင်ခဲ့သည်။ လစ်ဗျားဆိပ်ကမ်း တာဝန်ရှိသူများက သင်္ဘော နစ်မြုပ်သွားပြီဟု အစောပိုင်းတွင် ပြောကြားခဲ့သော်လည်း၊ လက်တွေ့တွင်မူ လူမပါဘဲ အန္တရာယ်ရှိစွာဖြင့် ဆက်လက်မျောပါနေခြင်း ဖြစ်သည်။

ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ရံပုံငွေအဖွဲ့ (WWF) ကမူ ၎င်းတို့အနေဖြင့် “အမြင့်ဆုံး သတိပေး ချက်” ထုတ်ပြန်ထားပြီး၊ လောင်စာဆီယိုဖိတ်မှုဖြစ်ပွားပါက ကာကွယ်ထားသော မျိုးစိတ်များစွာ ရှင်သန်ရာ “ထူးခြားသော ဂေဟစနစ်တန်ဖိုးရှိသည့် ဧရိယာ” တွင် မီးလောင်မှုများနှင့် ရေရှည်ညစ်ညမ်းမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း သတိပေးထားသည်။

ပုံတွင် Arctic Metagaz သင်္ဘောကို မူလက နစ်မြုပ်သွားတယ်လို့ သတင်းထွက်ခဲ့ပေမယ့် မတ်လ အစောပိုင်းကတည်းကမနစ်မြုပ်သေးဘဲ မျောပါနေခဲ့တာဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 71 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 81 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက