နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်

1027 Operations

1027 Operations မြန်မာသတင်း

ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာတွေနဲ့ ဗုံး (၈)လုံး ကြဲချတိုက်ခိုက်ခဲ့

နိုဝင်ဘာလ (၁)ရက်။

ဒီကနေ့ နံနက် (၃)နာရီခွဲဝန်းကျင်မှာ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာ (၂)စီးနဲ့ ဗုံး (၈)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ကွတ်ခိုင်ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ (၃)ကြိမ် ဗုံးလာကြဲသွားတာ။ အခွန်ရုံး၊ မီးသတ်ရုံး၊ EPC နဲ့ အေးရှားဝေါတိုးဂိတ်နားတွေဘက် ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ထိခိုက်တာတွေနဲ့ ဌာနဆိုင်ရာအဆောက်အအုံတွေ ထိမှန်ပျက်စီးတာရှိတယ်” လို့ ဆိုပါတယ်။

ကွတ်ခိုင်မြို့ရှိ (၂)ရပ်ကွက်ထဲကို စစ်ကောင်စီက ဂျက်ဖိုက်တာ (၂)စီးနဲ့ နံနက် (၃)နာရီ (၂၈)မိနစ်မှာ တစ်ကြိမ်၊ (၃၃)မိနစ်မှာ တစ်ကြိမ်နဲ့ (၃၈)မိနစ်မှာ တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အခွန်ရုံးနဲ့ မီးသတ်ရုံးအပါအဝင် EPC ရုံး၊ (န.တ.လ)ကျောင်း၊ အေးရှားဝေါတိုးဂိတ်အနီးနဲ့ ယူကလစ်တောအနီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ရေးသားထားပါတယ်။

ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကျွဲတကောင်နဲ့ ဌာနဆိုင်ရာ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ပြီး မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးလဲတွေ့ရှိခဲ့ကာ TNLA တာဝန်ရှိသူတွေက ဖယ်ရှားခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ဩဂုတ်လ (၅)ရက်နေ့ကလဲ စစ်ကောင်စီက ကွတ်ခိုင်မြို့မဈေးကို လေကြောင်းကနေ (၄)ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ (၆)ဦးသေဆုံးပြီး (၁၀)ဦးထက်မနည်း ဒဏ်ရာရခဲ့ကာ ဆိုင်ခန်း (၄၀၀)ကျော် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နယ်မြေစိုးမိုးမှု စနစ်တကျတိုးချဲ့နေတယ်လို့ NUG ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်
  • 14 Views
ရန်ကုန်-မန္တလေးလမ်းဟောင်းတလျှောက် စစ်တပ်စခန်း (၁၄)ခု တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ဆို ဖေဖော်ဝါရီလ (၃)ရက်။ စစ်မျက်နှာအသီးသီးမှာ အကြမ်းဖက်စစ်အုပ်စုကို ထိုးနှက်တိုက်ခိုက်ပြီး နယ်မြေစိုးမိုးမှု စနစ်တကျ တိုးချဲ့နေတယ်လို့
မြန်မာသတင်း

ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဦးဆောင်တဲ့အဖွဲ့ နေပြည်တော်ကိုရောက်နေ၊ 

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်
  • 15 Views
မင်းအောင်လှိုင် ထွက်မတွေ့နိုင်ဘဲ လူမြင်ကွင်းကပျောက်တာ (၁)ပတ်အထိရှိလာ ဖေဖော်ဝါရီလ (၃)ရက်။ မနေ့က ရုရှားနိုင်ငံရဲ့ လုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာ ဆာဂေးရွှိုင်းဂူ ဦးဆောင်တဲ့
မြန်မာသတင်း

ကိုယ်ပိုင်အခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို စစ်အုပ်စုဆီက လက်ဖြန့်တောင်းပြီး မရနိုင်ဘူးလို့ MSFC ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၂)ရက်။ မွန်အမျိုးသား‌တို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို စစ်အုပ်စုဆီကနေ လက်ဖြန့်တောင်းလို့မရဘူးလို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)ရဲ့ ဒီကနေ့ မွန်အမျိုးသားနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ MSFC ရဲ့ ထုတ်ပြန်ချက်ထဲ သမိုင်းတလျှောက် ဗမာစစ်တပ်ဟာ လက်နက်အင်အားနဲ့ ပြည်သူတွေကို အနိုင်ယူခဲ့တာသာဖြစ်တယ်လို့
မြန်မာသတင်း

သရက်မြို့ရှိ စစ်တပ်ရဲ့ ကပစ(၁၂) ရော့ကတ် (၁၄)လုံးနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၂)ရက်။ မနေ့က နံနက် (၄)နာရီခွဲအချိန်က သရက်မြို့ရှိ စစ်တပ်ရဲ့ ကပစ(၁၂)ကို လက်လုပ်ရော့ကတ် (၁၄)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အကြမ်းဖက်စစ်တပ်ရဲ့ (၁၂၀)မမ၊ (၆၀)မမနဲ့ (၄၀)မမ
မြန်မာသတင်း

တော်လှန်ရေး (၅)နှစ်တာထဲ အကြမ်းဖက်စစ်အုပ်စုဟာ ပိုပြီး စနစ်တကျနဲ့ ရက်စက်လာတယ်လို့ NUG ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 32 Views
ဖေဖော်ဝါရီလ (၂)ရက်။ နွေဦးတော်လှန်ရေး (၅)နှစ်တာထဲ အကြမ်းဖက်စစ်အုပ်စုဟာ ပိုပြီး စနစ်တကျနဲ့ ရက်စက်လာတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နွေဦးတော်လှန်ရေး (၅)နှစ်တာထဲမှာ အကြမ်းဖက်စစ်အုပ်စုဟာ ပိုပြီး စနစ်တကျနဲ့ ရက်စက်လာတာကို
မြန်မာသတင်း

အုတ်တွင်းမှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၅၀)ဦးခန့်သေဆုံးကာ တပ်ပျက်ထွက်ပြေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 25 Views
ဇန်နဝါရီလ (၃၁)ရက်။ အုတ်တွင်းမြို့မှာ အင်အား (၁၅၀)ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အင်အား (၁၅၀)လောက်နဲ့ တိုင်းဗဟို(၆) အမြှောက်တပ်ကနေ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းကို အုတ်တွင်း-ပေါက်ခေါင်းလမ်းမှာ
မြန်မာသတင်း

မအလရဲ့(၃)လသက်တမ်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 28 Views
NUGရဲ့မူးယစ်ခြေမှုန်းခန်း တရုတ်ရဲ့အာဏာစက်နန်း အထက်ပါခေါင်းစဥ်နဲ့ ဒီတနင်္ဂနွေနေ့ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ကြည့်ခြင်းအပိုင်း(၃၂)  ကိုဦးထွန်းအောင်ကျော်နဲ့ ဦးထွန်းကြည်တို့က ဆွေးနွေးတင်ပြကြမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲ(၃)ဆင့်ပြုလုပ်ပြီးအများတွက်ထားပြီးသားဖြစ်တဲ့အတိုင်’စစ်တပ်ပိုင်ကြံခိုင်ရေးပါတီကအနိုင်ရလာခဲ့ပြီးတဲ့နောက်မင်းအောင်လှိုင်က မြို့နယ်တွေမှာ အရေးပေါ်အခြေအနေ ကြောညာတဲ့အမိန့်ကို ရက်ပေါင်း (၉၀) အတည်ဖြစ်တယ်လို့လဲ ထုတ်ပြန်ထားပါတယ်။ NUG ကလည်းဖမ်းမိတဲ့မူးယစ်ဆေးဝါးတွေကိုမီးရှို့ဖျက်ဆီးနေတဲ့ပုံတွေကိုပြသခဲ့ပါတယ်။ တဖက်မှာလည်းအိမ်နီးချင်းတရုတ်နိုင်ငံကတောင်းလို့ပေးအပ်လိုက်ရတဲ့
မြန်မာသတင်း

တော်လှန်ရေးရန်ပုံငွေ ရှာဖွေဖို့ ဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့ အလုပ်မလုပ်ဘူးလို့ NUG ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 35 Views
ဇန်နဝါရီလ (၃၁)ရက်။ တော်လှန်ရေးရန်ပုံငွေ ရှာဖွေဖို့ ဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့ အလုပ်မလုပ်ဘူးလို့ NUG ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ကျွန်တော်တို့တော်လှန်ရေးရဲ့ ရန်ပုံငွေရှာဖွေဖို့ ဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့ ကျနော်တို့