နိုဝင်ဘာလ (၁)ရက်။
ဗိုလ်မှူးအဆင့်ရှိသူ (၂)ဦးအပါအဝင် စစ်ကောင်စီဘက်သား အင်အား (၆၁)ဦး ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပြည်သူ့ရင်ခွင်ခိုလှုံလာသူတွေဟာ ဗိုလ်မှူး အောင်မျိုးသွင် ဦးစီးတဲ့ စစ်ကောင်စီတပ်သား (၃၅)ဦးနဲ့ ဗိုလ်မှူး အောင်ကိုထွေး ဦးစီးတဲ့ စစ်ကောင်စီတပ်သား (၂၆)ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့တွေဟာ လက်နက်မျိုးစုံ (၁၈)လက်အပါအဝင် ဆက်စပ်ခဲယမ်းတွေနဲ့အတူ ဇန်နဝါရီလထဲ ပြည်သူ့ရင်ခွင် ခိုလှုံရေးအဆင့်ဆင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ကြတာလို့ ဖော်ပြထားပါတယ်။
ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့သူတွေကို MOD ရဲ့ ပကဖနဲ့ ယောကာကွယ်ရေးတပ်(YDF)တို့က ပူးပေါင်းစောင့်ရှောက်ထားကာ အခုလို ပြည်သူ့ရင်ခွင်ဝင်ရောက်တာဟာ အင်အားအများအပြားနဲ့ ဝင်ရောက်တဲ့အခြေအနေဖြစ်တယ်လို့ ရေးသားထားပါတယ်။
အခုလိုအင်အားအများအပြားနဲ့ ဝင်ရောက်တာဟာ အကြမ်းဖက်စစ်တပ်ထဲ စိတ်ဓါတ်ပြိုလဲတာ၊ ပြည်သူ့ဘက်ကို ကူးပြောင်းလိုတဲ့ အရာရှိ၊ စစ်သည် အမြောက်အများ စစ်တပ်ထဲ ရှိနေတာတို့ကို ညွှန်ပြနေတာလို့ ပြောဆိုထားပါတယ်။
ဒီလို ပြည်သူ့ရင်ခွင် ခိုလှုံလာတာက သူဝို့ဆန္ဒသဘောထားအတိုင်း အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်တွေကို မနှစ်မြို့တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ဝင်ရောက်လာတာလို့ ဗိုလ်မှူး အောင်မျိုးသွင်ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။