နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 21 ရက်

1027 Operations

1027 Operations

သိန္နီကနေပစ်ခတ်လိုက်တဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး တရုတ်ဘက်ကျကာ ဒေသခံ (၃)ဦး ထိမှန်ခဲ့

ဇန်နဝါရီလ (၂)ရက်။

သိန္နီမြို့မှာ ခိုးဝှက်ပုန်းအောင်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးဟာ တရုတ်ရွာဘက် ပန်းလော်ဒေသက လူနေအိမ်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ MNDAA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီလက်နက်ကြီးကျည်ကြောင့် တရုတ်ရွာ ပန်းလော်ဒေသက နေအိမ်ရှိ ဒေသခံ (၃)ဦး ထိမှန်ခဲ့ကာ ထိခိုက်ဒဏ်ရာရသူတွေထဲ (၁၂)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးပါဝင်တယ်လို့ ဆိုပါတယ်။

လက်နက်ကြီးထိမှန်ခဲ့တဲ့ မိသားစုတွေဟာ ခြံထဲ ဗုံးခိုကျင်းတူးပြီးနောက် နေ့လယ်(၂)နာရီခန့်မှာ မီးဖိုခန်းထဲ နေ့လယ်စာသွားစားနေချိန် ကျရောက်ခဲ့တာဖြစ်ပြီး အိမ်ရှင်ရဲ့ဇနီးနဲ့ သမီးအပါအဝင် အလုပ်သမားတစ်ဦး ထိမှန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လက်နက်ကြီးကျည်ကျရောက်တဲ့အချိန်က အိမ်ရှင်အမျိုးသားဟာ မီးဖိုခန်းကနေထွက်ပြီး စီးကရက်သွားယူခဲ့တာကြောင့် အဲ့ဒီပေါက်ကွဲမှုကို ရှောင်လွှဲနိုင်ခဲ့တယ်လို့ အိမ်ရှင်ရဲ့ပြောဆိုချက်ကို ရေးသားထားပါတယ်။

ထိခိုက်ဒဏ်ရာရသူ (၃)ဦးကို MNDAA ရဲ့ နောက်တန်းဆေးခန်းထံ ပို့ဆောင်ကုသပေးခဲ့ကာ ဒီကနေ့ နံနက်အချိန်မှာ သမီးဖြစ်သူနဲ့ အလုပ်သမားဆိုသူတို့ဟာ ပြန်လည်သက်သာလာပြီး ဇနီးဖြစ်သူကတော့ ဒဏ်ရာပြင်းထန်တာကြောင့် ဆက်လက်ကုသပေးနေတယ်လို့ MNDAA က ပြောဆိုထားပါတယ်။

တရုတ်ရွာဘက် ပန်းလော်ဒေသကို ကျရောက်ခဲ့တဲ့ လက်နက်ကြီးကျည်ဟာ ကျုံခမ်းနေရာက ပစ်ခတ်လာတာဖြစ်နိုင်ပြီး အဲ့ဒီနေရာဟာ စစ်ကောင်စီအကြွင်းအကျန်တပ်ဖွဲ့တွေ တစ်နေရာထဲသာ ရှိတဲ့နေရာဖြစ်တယ်လို့ ဆိုပါတယ်။

“ ၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့ချိန်ကစပြီး ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁)ရက်အထိ စစ်ကောင်စီရဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ကိုးကန့်ဒေသမှာ အရပ်သား (၆၉)ဦးသေဆုံးပြီး (၇၂)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

KIO ဥက္ကဋ္ဌဟောင်း ကွယ်လွန်သွားတဲ့အပေါ် TNLA ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 37 Views
မေလ (၁၆)ရက်။ KIO ဥက္ကဋ္ဌဟောင်း Lanyaw Zawng Hra ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းကြောင်းသဝဏ်လွှာကို TNLA က ဒီကနေ့မှာ
1027 Operations မြန်မာသတင်း

နောင်ချိုမှာ မင်္ဂလာဆောင်ကျင်းပနေတဲ့နေရာကို စစ်ကောင်စီ ဗုံးကြဲ၊ ကလေးငယ်အပါအဝင် (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 46 Views
မေလ (၉)ရက်။ မနေ့က နောင်ချိုမြို့နယ်မှာ မင်္ဂလာဆောင်ကျင်းပနေတဲ့ သရက်ချိုရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ
1027 Operations မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ မေလ 5 ရက်
  • 33 Views
မေလ (၅)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီ (၂၀)မိနစ်အချိန်က ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး
1027 Operations မြန်မာသတင်း

စစ်ကောင်စီက တပ်တွေအားလုံး ပြန်ဆုတ်ခိုင်းတဲ့အပေါ် TNLA ငြင်း

  • 2025 ခုနှစ်၊ မေလ 2 ရက်
  • 95 Views
မေလ (၂)ရက်။ တရုတ်နိုင်ငံရဲ့ ကြားဝင်စီစဉ်တာနဲ့ စစ်ကောင်စီနဲ့ TNLA ကိုယ်စားလှယ်တွေဟာ ဧပြီလ (၂၈)ရက်နဲ့ (၂၉)ရက်နေ့တို့က ကူမင်းမြို့မှာ ထပ်မံတွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ စစ်ကောင်စီဘက်က နောင်ချို၊ ကျောက်မဲ၊ သီပေါ်၊
1027 Operations မြန်မာသတင်း

မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ မေလ 1 ရက်
  • 57 Views
မေလ (၁)ရက်။ မနေ့က ည (၈)နာရီခွဲအချိန်က မိုးကုတ်မြို့အနောက်ပိုင်း သစ်စိမ့်ကုန်းနဲ့ ကျောက်ပုတ်ရွာကြားကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိုးကုတ်အနောက်ခြမ်း သစ်စိမ့်ကုန်းနဲ့ ကျောက်ပုတ်ရွာကြားကို စစ်ကောင်စီက
1027 Operations မြန်မာသတင်း

တောင်ခမ်းဒေသတိုက်ပွဲထဲ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးတွေ ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဧပြီလ 30 ရက်
  • 37 Views
ဧပြီလ (၃၀)ရက်။ မနေ့က နောင်ချိုမြို့ တောင်ခမ်းကျေးရွာရှိ (၉၀၂)တပ်စခန်းအနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲထဲ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တောင်ခမ်းရွာ (၉၀၂)တပ်စခန်းအနီးမှာ တိုက်ပွဲဖြစ်ပွားနေချိန်
1027 Operations မြန်မာသတင်း

နိုင်ငံရေးဖိအားတွေကြောင့် လားရှိုးမြို့ကနေ ဆုတ်ခွာရတာလို့ MNDAA ပြော

  • 2025 ခုနှစ်၊ ဧပြီလ 26 ရက်
  • 42 Views
ဧပြီလ (၂၆)ရက်။ နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့ကနေ ဆုတ်ခွာခဲ့ရတာလို့ ကိုးကန့်တပ်(MNDAA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့ကနေ ပြန်လည်ဆုတ်ခွာခဲ့ရတဲ့အတွက် များစွာ ဝမ်းနည်းရပါတယ်” လို့ လူမှုကွန်ရက်စာမျက်နှာမှာ ဆေးရုံစရိတ် ကြီးမြင့်တယ်လို့ ဝေဖဝေပြောဆိုတာတွေအပေါ်
1027 Operations မြန်မာသတင်း

လားရှိုးမြို့ကို စစ်ကောင်စီတပ် ယာဉ်တန်း (၇၀)ထက်မနည်း ထပ်မံဝင်ရောက်

  • 2025 ခုနှစ်၊ ဧပြီလ 22 ရက်
  • 37 Views
ဧပြီလ (၂၂)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး လားရှိုးမြို့ထဲကို စစ်ကောင်စီတပ်ဖွဲ့ရဲ့ ယာဉ်တန်း (၇၀)ကျော်ထက်မနည်း ထပ်မံဝင်ရောက်လာခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ နံနက် (၉)နာရီလောက်ကစပြီး စကစယာဉ်တန်းပေါ့ ကားကြီး၊ ကားသေး (၇၅)စီးကျော် ဝင်ရောက်လာတာ။