နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် စာသင်ကျောင်းနဲ့ လူနေအိမ်တွေ ထိမှန်ပျက်စီးခဲ့

ဖေဖော်ဝါရီလ (၂) ရက်။

မနေ့က နံနက် (၁)နာရီ (၂၀) မိနစ်အချိန်မှာ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့အနီးကို စစ်ကောင်စီတပ်က YAK-130 ဂျက်ဖိုက်တာနဲ့ ဗုံးကြဲပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ နေပြည်တော်လေတပ်ကနေ ဂျက်ဖိုက်တာနဲ့ ကျိုက်ဒုံမြို့အနီးက မိတန်ရွာရှိ စာသင်ကျောင်း၀င်းထဲကို ပေါင်(၅၀၀) ဗုံး (၃)လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဗုံးကြဲပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာစာသင်ကျောင်းနဲ့ လူနေအိမ်အချို့ ထိမှန်ပျက်စီးခဲ့ကာ ကျိုက်ဒုံမြို့အနီးက ကျေးရွာတွေကို စစ်ကောင်စီတပ်က နေ့စဉ် အဆက်မပြတ် ရမ်းသန်းပစ်ခတ်နေတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် အပြစ်မဲ့ပြည်သူဦးရေ နှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရေးသားထားပါတယ်။

ဇန်နဝါရီလ (၃၁)ရက်နေ့ကလည်း စစ်ကောင်စီရဲ့ ကျိုက်ဒုံမြို့အခြေစိုက် ဗျူဟာကနေ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ပိုးရေးကျေးရွာနေ အသက်(၄၂)နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပလက်ဝကို AA က အုပ်ချုပ်ရေးဖော်ဆောင်တာဟာ ချင်းပြည်သူတွေအပေါ် ကိုလိုနီပြုတဲ့လုပ်ရပ်လို့ဆို

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 24 Views
ဩဂုတ်လ (၁၃)ရက်။ ချင်းပြည်နယ် ပလက်ဝမြို့ကို AA က ခရိုင်တခုအနေနဲ့ ထည့်သွင်းပြီး အုပ်ချုပ်ရေးဖော်ဆောင်နေတာဟာ ချင်းပြည်သူတွေအပေါ် ကိုလိုနီပြုတဲ့လုပ်ရပ်လို့ Chin
မြန်မာသတင်း

ဇူလိုင်လထဲ လူသားစာနာမှုအကူအညီအနေနဲ့ ကျပ်သန်း(၅၀၀)ကျော် ပံ့ပိုးခဲ့တယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 15 Views
ဩဂုတ်လ (၁၃)ရက်။ ဇူလိုင်လထဲ လူသားစာနာမှုအကူအညီအနေနဲ့ ငွေကျပ် (၅၆၇.၆၄)သန်းကို အမှန်တကယ် လိုအပ်နေသူတွေဆီ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ NUG ရဲ့ မနေ့က
မြန်မာသတင်း

တရုတ်ရဲ့ဩဇာလွှမ်းမိုးချုပ်ကိုင်တာက တော်လှန်ရေးမှာ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးအခက်အခဲလို့ TNLA ပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 17 Views
ဩဂုတ်လ (၁၃)ရက်။ ကိုယ်ကျိုးစီးပွားတခုထဲကြည့်တဲ့ တရုတ်ရဲ့ ဩဇာလွှမ်းမိုးချုပ်ကိုင်တာက တော်လှန်ရေးမှာ အကြီးမားဆုံး အခက်အခဲလို့ TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိူလ်ချုပ် တားဘုန်းကျော်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ လက်ရှိတော်လှန်ရေးမှာ ရင်ဆိုင်နေရတဲ့ အကြီးမား‌ဆုံး အခက်အခဲ” ဆိုတဲ့ခေါင်းစဉ်နဲ့
မြန်မာသတင်း

မဲပေးသူ ဘယ်လောက်ရာခိုင်နှုန်းရှိမှ ‌ရွေးကောက်ပွဲ အောင်မြင်မယ်ဆိုပြီး ပြဋ္ဌာန်းထားတာမရှိဘူးလို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 14 Views
ဩဂုတ်လ (၁၃)ရက်။ ရွေးကောက်ပွဲဥပဒေမှာ မဲပေးသူ ဘယ်လောက်ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲ အောင်မြင်မယ်ဆိုပြီး ပြဋ္ဌာန်းထားတာ မရှိဘူးလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ စစ်ကော်မရှင်အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ကာ/လုံက စစ်ကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးတာက ရွေးကောက်ပွဲ အောင်မြင်စွာ
မြန်မာသတင်း

မြင်းခြံမြို့အနီး အင်အား(၁၀၀၀)ခန့်ရှိတဲ့ စစ်တပ်စစ်ကြောင်းနဲ့ (၁၁)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MBT ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 12 ရက်
  • 40 Views
ဩဂုတ်လ (၁၂)ရက်။ ဇူလိုင်လ (၃၁)ရက်နေ့ကစပြီး ဩဂုတ်လ (၁၀)ရက်နေ့အထိ မြင်းခြံမြို့အနီး ထိုးစစ်ဆင်လာတဲ့ အင်အား(၁၀၀၀)ခန့်ရှိ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲမှာ စစ်တပ်ဘက်ကို စုဖွဲ့မှုပြိုကွဲကာ
မြန်မာသတင်း

ဇာတ်သိမ်းတော့မယ့်အခြေအနေကို မြင်နေရပေမယ့် စစ်အုပ်စုက မာန်မလျှော့သေးဘူးလို့ KNU ဥက္ကဋ္ဌပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 12 ရက်
  • 32 Views
ဩဂုတ်လ (၁၂)ရက်။ စစ်အာဏာရှင်တွေ ဇာတ်သိမ်းတော့မယ့်အခြေအနေကို မြင်နေရပြီဖြစ်ပေမယ့် စစ်အုပ်စုက မာန်မလျှော့သေးဘူးလို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက (၇၅)နှစ်ပြည့် ကရင့်အမျိုးသားအာဇာနည်နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုအခါ စစ်တပ်က နိုင်ငံ့အာဏာကို အဓမ္မလုယူခဲ့တဲ့နောက်ပြီး တနိုင်ငံလုံးမှာရှိတဲ့ လူမျိုးတွေ၊
မြန်မာသတင်း

မိတ္ထီလာသူနာပြုသင်‌တန်းကျောင်းက သင်တန်းသူတဦး ကိုယ့်ကိုယ်ကို ဒီဇယ်လောင်းမီးရှို့မှုဖြစ်ပွား

  • 2025 ခုနှစ်၊ ဩဂုတ်လ 12 ရက်
  • 39 Views
ဩဂုတ်လ (၁၂)ရက်။ ဒီကနေ့ နံနက် (၂)နာရီခန့်က မိတ္ထီလာသူနာပြုသင်တန်းကျောင်းက သင်တန်းသူတစ်ဦး ကိုယ့်ကိုယ်ကို ဒီဇယ်လောင်းမီးရှို့သတ်သေမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသလူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။ “ ဘေးပတ်ဝန်းကျင်က မီးခိုးနံ့ထွက်လာမှ သိရတာ။ မနက် (၂)နာရီဝန်းကျင်လောက်ထင်တယ်။ ရေချိုးခန်းကော အိမ်သာကော
မြန်မာသတင်း

တော်လှန်ရေးဘုံရည်မှန်းချက်တွေ အောင်မြင်စေဖို့ လက်တကမ်းအကွာမှာ ရောက်နေပြီလို့ NUG ပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 12 ရက်
  • 21 Views
ဩဂုတ်လ (၁၂)ရက်။ မဝေးတော့တဲ့ အနာဂတ်မှာ တော်လှန်ရေးဘုံရည်မှန်းချက်တွေ အောင်မြင်စေဖို့ လက်တကမ်းအကွာမှာ ရောက်လာနေပြီလို့ NUG က ဒီကနေ့ (၇၅)နှစ်မြောက် ကရင့်အာဇာနည်နေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ နွေဦးတော်လှန်ရေး လေးနှစ်ကျော်ကာလအချိန်ဟာ စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့၊