နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွှေဘိုမြို့မှာ လဖက်ရည်ဆိုင်ထိုင်နေတဲ့ ရဲအပါအဝင် စစ်ကောင်စီ အဖွဲ့ဝင်(၃)ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့

ဧပြီလ (၂)ရက်။

မနေ့က နံနက်(၆)နာရီအချိန်မှာ ရွှေဘိုမြို့ထဲ လဖက်ရည်ဆိုင်ထိုင်နေတဲ့ ရဲတစ်ဦးအပါအဝင် စစ်ကောင်စီလက်ပါးစေ (၃)ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Shwebo Crocodile ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

“ မအလလက်ပါးစေ စအဖ စန်းနိုင်၊ ရဲတပ်ကြပ် အောင်ဖြိုးမင်း၊ စီးပွား/စီမံက သန့်ဇင်ဦး ၃ယောက်ကို စတိုင်(၁)လဖက်ရည်ဆိုင်မှာထိုင်နေချိန် ပစ်ခတ်ပြီး လိုရာခရီးပို့ပေးနိုင်ခဲ့တယ်” လို့ အဖွဲ့က ဆိုပါတယ်။

စစ်ကောင်စီလက်ပါးစေ (၃)ဦးရဲ့ သွားလာလှုပ်ရှားတာကို စောင့်ကြည့်နေခဲ့တာ (၅)ရက်ရှိပြီဖြစ်ပြီး မြောင်းကြီးဂိတ်ကို ပိုက်ဆံကောက်ဖို့ စုဝေးနေချိန် လက်ဦးမှုရယူနိုင်ခဲ့တာလို့ ဖော်ပြထားပါတယ်။

အဲ့ဒီ (၃)ဦးဟာ တော်လှန်ရေးအင်အားစုတွေရဲ့ သတင်းအချက်အလက်တွေ စုဆောင်းပေးတာ၊ စစ်မှုထမ်းဖို့ မြို့နေလူငယ်တွေကို ဖိအားပေးစုဆောင်းတာတွေ ပြုလုပ်နေတယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် သန့်ဇင်ဦးဆိုသူဟာ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်း ပျူစောထီးရွာကဖြစ်ပြီး (၂၀၂၁)ခုနှစ်ကထဲက အကြမ်းဖက်ပြည်သူ့စစ်တွေဆီ သတင်းပေးပို့ကူညီနေတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ပစ်ခတ်ရှင်းလင်းခံရသူတွေဆီကနေ SIG(9)mm တစ်လက်၊ စာရွက်စာတမ်းမှတ်တမ်းတွေ ရရှိခဲ့ကာ အဲ့ဒီစစ်ဆင်ရေးကို ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့နဲ့ Shwebo Crocodile တို့ ဖော်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

စစ်ဆင်ရေးထဲ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး အများပြည်သူကို ဖိအားပေး အနိုင်ကျင့်ကာ ဆက်လက်ယုတ်မာနေတဲ့ ဘုံရန်သူကို အမြစ်ပြတ်တဲ့အထိ အရေးယူသွားမယ်လို့ သတိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီဂိတ် လက်ပစ်ဗုံးနဲ့ အနီးကပ်ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 7 ရက်
  • 13 Views
မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီဂိတ် လက်ပစ်ဗုံးနဲ့ အနီးကပ်ပစ်ခတ်ခံရ ဇူလိုင်လ (၇)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီခွဲဝန်းကျင်ခန့်က မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီဂိတ်ကို လက်ပစ်ဗုံးနဲ့
မြန်မာသတင်း

နောင်ချိုမြို့ရှိ ‌ကျေးရွာအချို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 7 ရက်
  • 12 Views
ဇူလိုင်လ (၇)ရက်။ မနေ့က နောင်ချိုမြို့ရှိ ကျေးရွာအချို့မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

အောင်ပွဲလမ်းကြောင်းကို ချီတက်နေပြီလို့ NUG ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 7 ရက်
  • 13 Views
ဇူလိုင်လ (၇)ရက်။ စစ်အုပ်စုရဲ့ယန္တရားဟာ တဖြည်းဖြည်းယိုယွင်းလာနေပြီး အောင်ပွဲလမ်းကြောင်းကို ချီတက်နေပြီလို့ NUG က ဒီကနေ့မှာကျရောက်တဲ့ (၆၃)နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံနေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၁ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ ပြည်သူ့နွေဦးတော်လှန်ရေးမှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့
မြန်မာသတင်း

လယ်ဒိုမြို့နယ်ထဲ စစ်ကောင်စီရဲ့ ဒရုန်းနဲ့တိုက်ခိုက်တာကြောင့် စစ်ဘေးရှောင်ပြည်သူ (၆)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 7 ရက်
  • 12 Views
ဇူလိုင်လ (၇)ရက်။ ဇူလိုင်လ (၅)ရက်နေ့ ညနေ (၅)နာရီ (၅၀)မိနစ်အချိန်က လယ်ဒိုမြို့နယ်ရှိ တောကြောင်ပေါက်ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ နတ်သံကွင်းအထိုင်တပ်စခန်းကနေ ဒရုန်းနဲ့
မြန်မာသတင်း

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ကောင်စီနဲ့ ဆက်ဆွေးနွေးသွားမယ်လို့ TNLA ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 7 ရက်
  • 23 Views
ဇူလိုင်လ (၅)ရက်။ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်တာနဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံ‌နွေးတာတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ TNLA က ဒီကနေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ လာမယ့် ဩဂုတ်လကုန်ပိုင်းလောက်မှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတာရှိတယ်။ ဒီကြားထဲမှာလဲ တိုက်ပွဲတွေရပ်ဖို့နဲ့
မြန်မာသတင်း

စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့ နည်းလမ်းအမျိုးမျိုး အသုံးပြုပြီး ဆန့်ကျင်ကြဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 42 Views
ဇူလိုင်လ (၅)ရက်။ စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်အုပ်ချုပ်ရေး အဆုံးသတ်ဖို့ နည်းလမ်းအမျိုးမျိုး အသုံးပြုပြီး ဆန့်ကျင်ကြဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဒီကနေ့ (၇၆)နှစ်မြောက် ကရင်အမျိုးသားတပ်မတော်နေ့မှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ စစ်အာဏာရှင်အုပ်စုဟာ သူတို့ရဲ့ အာဏာတည်မြဲဖို့နဲ့ သူတို့နဲ့
မြန်မာသတင်း

သီပေါမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ပြည်သူ့ဆေးရုံအပါအဝင် အဆောက်အဦးအချို့ ထိမှန်ပျက်စီးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 35 Views
ဇူလိုင်လ (၅)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန်က သီပေါမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ည (၁၀)နာရီ
မြန်မာသတင်း

တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆန့်ကျင်ဖို့ NUCC နဲ့ NUG တို့ ပန်ကြားစာပေးပို့

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 35 Views
ဇူလိုင်လ (၅)ရက်။ စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲနဲ့ အတုအယောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အတူဆန့်ကျင်ဖို့ တော်လှန်ရေးအင်အားစုတွေကို NUCC နဲ့ NUG တို့က ဒီကနေ့မှာ မေတ္တာရပ်ခံတဲ့ ပန်ကြားစာ‌တစောင် ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီပန်ကြားစာကို NUCC