ဩဂုတ်လ (၂)ရက်။
ဇူလိုင်လထဲ စစ်ကောင်စီရဲ့ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့်ရှိသူအပါအ၀င် တပ်သားနဲ့ ရဲ (၅၄)ဦး ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ MOD ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းတွေ၊ ပကဖတွေကို ဆက်သွယ်ခိုလှုံလာတာလို့ ဆိုပါတယ်။
ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် (၅၄)ဦးထဲ ဗိုလ်မှူး (၂)ဦး၊ ဗိုလ်ကြီး (၅) ဦးနဲ့ ဗိုလ် (၁)ဦးတို့ ပါ၀င်ကာ အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာပြီး ပြည်သူ့ဘက် ရပ်တည်ကူးပြောင်းလာတာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီ (၅၄)ဦးထဲ လက်နက်နဲ့အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာသူတွေလဲရှိပြီး လက်နက်ယူဆောင်လာသူတွေကို သတ်မှတ်ထားတဲ့ လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ခဲ့တယ်လို့ ရေးသားထားပါတယ်။
ဇူလိုင်လထဲ ပြည်သူ့ရင်ခွင်ခိုလှုံလာသူတွေ ယူဆောင်လာတဲ့ လက်နက်မျိုးစုံ (၂၂)လက်နဲ့ ခဲယမ်းမီးကျောက်တွေ ရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ်စုဆောင်းခံရသူတွေ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုတဲ့ တပ်သားနဲ့ ရဲတွေအနေနဲ့ ပြည်သူ့ရင်ခွင်တယ်လီဂရမ်ကို ဆက်သွယ်ခိုလှုံဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် နီးစပ်ရာ PDF၊ ပကဖတွေနဲ့ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ အသိပေးထားတယ်လို့ သိရပါတယ်။