နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

ခင်ဦးမှာ စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ဒေသခံ (၈)ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရ

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်၊ ခေတ်မျက်လုံး။

စစ်ကိုင်းတိုင်း၊ ခင်ဦးနယ်မှာ ဒီကနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ (၈)ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံက သိရပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ အင်အား (၁၀၀)ခန့်ရှိပြီး ဇန်နဝါရီလ (၂)ရက်နေ့ ညပိုင်းက ရေဦးမြို့နယ်၊ မူးသားကုန်းရွာနဲ့ ကုက္ကိုစုရွာမှာ တပ်စွဲညအိပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီကနေ့ နံနက်ပိုင်းမှာတော့ ခင်ဦးနယ်(အရှေ့ဘက်)၊ အနောက်ခြမ်းကျေးရွာတွေကို စစ်ကြောင်းထိုးလာတာကြောင့် ရေဦး-ခင်ဦး ကားလမ်းဘေးရှိ ရွာတွေက ဒေသခံ (၈)ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတာလို့ ဖော်ပြထားပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာတွေဟာ အင်တိုင်း (တောင်/မြောက်) ရွာ၊ အင်းပတ်ရွာ၊ သရက်ပင်စု၊ ကားဆိပ်၊ မကျီးအုပ်၊ မြင်းဒေါင်း၊ ယာတော်နဲ့ မြင်းကျ စတဲ့ ကျေးရွာတွေ ဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် စစ်ကောင်စီစစ်ကြောင်းဟာ ခင်းဦးနယ် အနောက်ခြမ်းရှိ မြင်းဒေါင်းကျေးရွာထဲ အကြမ်းဖက်ဝင်ရောက်နေတယ်လို့ မြေပြင်သတင်းအတည်ပြုချက်ကို ကိုးကားပြီး အဖွဲ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပွင့်ဖြူမြို့နယ်မှာ အင်အား (၃၀၀)ခန့်ရှိ စစ်ကောင်စီနဲ့ ပျုစောထီး ပူးပေါင်းစစ်ကြောင်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 11 Views
စစ်ကောင်စီဘက်က (၁၅)ဦးကျော်သေဆုံးပြီး (၂၀)ဦးကျော် ဒဏ်ရာရရှိခဲ့ ဖေဖော်ဝါရီလ (၈)ရက်။ ဖေဖော်ဝါရီလ (၁)ရက်နေ့ နေ့လယ် (၁၂)နာရီခန့်က ပွင့်ဖြူမြို့နယ်မှာ အင်အား
မြန်မာသတင်း

စစ်တွေမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းတွေ ဟောင်ဝှစ်ဇာတွေ အတွဲလိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 4 Views
ဖေဖော်ဝါရီလ (၈)ရက်။ ဒီကနေ့ နံနက်ပိုင်းကစပြီး စစ်တွေမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းတွေကို AA က ဟောင်ဝှစ်ဇာတွေ၊ အတွဲလိုက်ဒုံးတွေနဲ့ တပြိုင်ထဲ ပစ်ခတ်ခဲ့တယ်လို့
မြန်မာသတင်း

အကျဉ်းထောင်တွေမှာ နိုင်/ကျဉ်းမိသားစုဝင်တွေဆီကနေ ထောင်ဝန်ထမ်းတွေက ငွေလိမ်တောင်းတာတွေ ဆိုးရွာစွာကျူးလွန်နေ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၈)ရက်။ အခုနှစ် အစပိုင်းကစပြီး အကျဉ်းထောင်တွေက ထောင်ဝန်ထမ်းတွေဟာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေဆီကနေ ငွေလိမ်တောင်းတာတွေ ဆိုးရွားစွာကျူးလွန်နေတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အိုးဘိုထောင်၊ ဒိုက်ဦးထောင်နဲ့ မြိတ်ထောင်တို့က ထောင်ဝန်ထမ်းတွေဟာ နိုင်ငံရေးအကျဉ်းသားတွေရဲ့
မြန်မာသတင်း

အမျိုးသမီးစစ်မှုထမ်း မခေါ်သေးဘူးဆိုပြီး စစ်ကောင်စီထပ်ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 0 Views
ဖေဖော်ဝါရီလ (၈)ရက်။ အမျိုးသမီးစစ်မှုထမ်းတွေကို ဆင့်ခေါ်ဖို့ အစီအစဉ်မရှိသေးဘူးဆိုပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ဒီကနေ့မှာ ထပ်မံပြောဆိုထားချက်အရ သိရပါတယ်။ “ အတိအလင်းပြောကြားလိုတာကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေမှာ အမျိုးသမီးတွေ စစ်မှုထမ်းဖို့အတွက် အကျုံးဝင်ပေမယ့် အမျိုးသမီးပြည်သူ့စစ်မှုထမ်းတွေကို ဆင့်ခေါ်ဖို့ အစီအစဉ်မရှိသေးဘူး”
မြန်မာသတင်း

မိုင်းရယ်မှာ ကျားဖြန့်လုပ်ငန်း ဖမ်းဆီးချိန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၈)ရက်။ ဖေဖော်ဝါရီလ (၅)ရက်နေ့က မိုင်းရယ်မြို့နယ်ထဲ ကျားဖြန့်လုပ်ငန်းတွေကို ဖမ်းဆီးရာ အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မိုင်းရယ်မြို့ရဲ့ အရှေ့တောင်ဘက်ဝန်းကျင်မှာ အွန်လိုင်းလောင်းကစားနဲ့ အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်း ဆောင်ရွက်နေတာကို သတင်းအရ ဝင်ရောက်ဖမ်းဆီးခဲ့ရာ
မြန်မာသတင်း

အခုနှစ်ထဲ မြေပြန့်ဒေသတွေမှာ ပိုမိုကျယ်ပြန့်တဲ့ တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ MDY-PDF ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 0 Views
ဖေဖော်ဝါရီလ (၇)ရက်။ အခု ၂၀၂၅ခုနှစ်ထဲ မြေပြန့်ဒေသတွေမှာ ပိုမိုကြီးမားကျယ်ပြန့်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ ၂၀၂၅ခုနှစ်ထဲ မြေပြန့်ဒေသတွေမှာ ကြီးမားကျယ်ပြန့်တဲ့ တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာမယ်လို့ ခန့်မှန်းထားပါတယ်။ နောက်ပြီး စစ်ကောင်စီဘက်ကလဲ
မြန်မာသတင်း

ဆီဆိုင်မြို့မှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တို့ရဲ့ ဒရုန်းဗုံးကြဲတာကြောင့် ‌ပြည်သူ (၂)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 4 Views
ဖေဖော်ဝါရီလ (၇)ရက်။ မနေ့က နေ့လယ် (၂)နာရီအချိန်က ဆီဆိုင်မြို့မှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တို့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စကစနဲ့ လက်အောက်ခံ PNO
မြန်မာသတင်း

ထီးလင်းမြို့ရှိ ရုပ်သံကုန်းက စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 4 Views
ဖေဖော်ဝါရီလ (၇)ရက်။ ဇန်နဝါရီလ (၃၁)ရက်နေ့က ထီးလင်းမြို့ရှိ ရုပ်သံကုန်းက စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့တယ်လို့ ဗျူဟာအမှတ်(၈၁)ယောဗျူဟာရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရုပ်သံကုန်းမှာ တာဝန်ကျနေတဲ့ စကစတပ်သားတစ်ဦး ဂန့်ဂေါခရိုင်အမှတ်(၂၊၄၊၁၀)တပ်ရင်းဆီ လက်နက်ခဲယမ်းတွေနဲ့ ခိုလှုံလာတာပါ။