နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

လိုင်ဇာအနီး စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စီး ပစ်ချခံရ

ဇန်နဝါရီလ (၃)ရက်။

ဒီကနေ့ နံနက် (၁၁)နာရီခွဲအချိန်က လိုင်ဇာမြို့အနီး ပါဂျောင်နဖောဘက်မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စီး ပစ်ချခံခဲ့ရတယ်လို့ KIA သတင်းအရင်းအမြစ်များထံက သိရပါတယ်။

စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စီး ပစ်ချခံရပြီးနောက် မီးခိုးတွေထွက်ပြီး ပျက်ကျသွားခဲ့တဲ့ ဗီဒီယိုဖိုင်ကို ဒေသခံတွေက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဖော်ပြလာခဲ့ကြပါတယ်။

အခုလို စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စီး ပစ်ချခံရတာ သေချာတယ်ဆိုတာကို ရှေ့တန်းက သတင်းပေးတာရှိတယ်လို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုပြောဆိုထားပါတယ်။

ပစ်ချခံရတဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်ဟာ Mi 17 အမျိုးအစား ရဟတ်ယာဉ်ဖြစ်တယ်လို့ ပြောဆိုထားကြပေမယ့် အသေးစိတ်ကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါ။

အဲ့ဒီစစ်ကောင်စီရဲ့ ရဟတ်ယာဉ်ဟာ မြစ်ကြီးနားလေတပ်ကနေ တက်လာပြီး KIA ထိန်းချုပ်နယ်မြေဖြစ်တဲ့ လိုင်ဇာမြို့အနီးက စခန်းတွေကို လက်နက်နဲ့ရိက္ခာ ပို့ဆောင်တဲ့လေယာဉ်ဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဗန်းမော်ရှိ စကခ(၂၁)အပါအဝင် ကျန်တဲ့စစ်ကောင်စီစခန်းတွေကို KIA ပူးပေါင်းတပ် အပြင်းအထန်ထိုးစစ်ဆင်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၅)ရက်။ ဗန်းမော်မြို့ရှိ စစ်ကောင်စီရဲ့ စကခ(၂၁)အပါအဝင် ကျန်နေသေးတဲ့ တပ်စခန်းတွေကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့
မြန်မာသတင်း

စစ်ခေါင်းဆောင်အနေနဲ့ ရယူထားတဲ့အာဏာကို နိုင်ငံငြိမ်းချမ်းဖို့အတွက်သာ အသုံးပြုဖို့ KIO ဥက္ကဋ္ဌပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 8 Views
ဖေဖော်ဝါရီလ (၅)ရက်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ရယူထားတဲ့ အာဏာကို နိုင်ငံငြိမ်းချမ်းဖို့အတွက်သာ အကျိုးရှိရှိ အသုံးချဖို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး
မြန်မာသတင်း

နိုင်ငံတဝန်း စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၈၀၀၀)ကျော်ရှိခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 6 Views
ဖေဖော်ဝါရီလ (၅)ရက်။ စစ်အာဏာသိမ်းတဲ့ (၄)နှစ်တာကာလထဲ စစ်ကောင်စီက နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်တဲ့ အကြိမ်ရေ (၈၀၀၀)ကျော် ရှိခဲ့တယ်လို့ ISP-MYANMAR ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ နိုင်ငံတဝန်းက မြို့နယ်ပေါင်း (၁၆၂)ခုထက်မနည်းကို
မြန်မာသတင်း

ပုလောမြို့မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 5 Views
မနေ့က ည(၈)နာရီခွဲခန့်က ပုလောမြို့ အမှတ်(၅)ရပ်ကွက်အုပ်ချုပ်ရေးမှူး ပန်းချီသန်းဝင်းကို ပစ်ခတ်ရှင်းလင်းခဲ့ဲ့ယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စကစခန့်ထားတဲ့ (၅)ရပ်ကွက် အုပ်ချုပ်ရေးမှူး ပန်းချီသန်းဝင်းကို သူ့ကဲ့နေအိမ်မှာပဲ ပူးပေါင်းတပ်တွေက ပစ်ခတ်ရှင်းလင်းခဲ့တာပါ။ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားပါတယ်”
မြန်မာသတင်း

ဆိပ်ဖြူမြို့ရှိ ကပစ(၂၂)အနီးဝန်းကျင်တွေကို စစ်ကောင်စီစစ်ကြောင်းထိုးပြီး မီးရှို့တာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ပြည်သူ (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၅)ရက်။ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ကပစ(၂၂)အနီးဝန်းကျင်က ကျေးရွာတွေကို လုံခြုံရေးအတွက်ဆိုပြီး စစ်ကောင်စီက စစ်ကြောင်းထိုးကာ လက်နက်ကြီးပစ်ခတ်တာတွေနဲ့ မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ ဆိပ်ဖြူမြို့မှာ ကပစ(၂၁)နဲ့ (၂၂)ဆိုပြီး နှစ်ခုရှိတာ။ ပြီးခဲ့တဲ့လက
မြန်မာသတင်း

မြိုင်မြို့နယ်ရှိ PDF စခန်းတစ်ခုကို စစ်ကောင်စီက စီးနင်းဖျက်ဆီးခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 9 Views
ဖေဖော်ဝါရီလ (၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီအချိန်က မြိုင်မြိုရှိ Myaing Under Ground Defence Force(MUGDF)ရဲ့ စခန်းကို စစ်ကောင်စီက စီးနင်းဖျက်ဆီးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

မြန်မာနိုင်ငံဖက်ရှိ နေရာ ၅ နေရာတွင် လျှပ်စစ်-အင်တာနက်-ဆီ ဖြတ်တောက်ရန် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ (NSC) မှ ဆုံးဖြတ်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 9 Views
ဖေဖော်ဝါရီလ (၄) ရက်။ နက်ဖြန် ဖေဖော်ဝါရီလ (၅) ရက်နေ့ နံနက် ၉ နာရီတွင် မြန်မာနိုင်ငံဖက်ရှိနေရာ ၅ နေရာတွင် လျှပ်စစ်-အင်တာနက်-ဆီ ဖြတ်တောက်ရန် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ (NSC) မှ ဆုံးဖြတ်လိုက်ကြောင်း
မြန်မာသတင်း

ကလေးမြို့ တင်သားရွာနဲ့ ကုက္ကိုရွာ လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ် NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 4 Views
ဖေဖော်ဝါရီလ (၄)ရက်။ ကလေးမြို့တောင်ပိုင်းရှိ တင်သားရွာနဲ့ ကုက္ကိုရွာကို စစ်ကောင်စီက ပေါင်(၅၀၀)ဗုံးအပါအဝင် လေကြောင်းကနေ ဗုံးကြဲခံရတဲ့ဖြစ်စဉ်အပေါ် NUG က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဇန်နဝါရီလ (၃၁)ရက်နေ့ ညနေ (၄)နာရီ (၄၅)မိနစ်အချိန်က တင်သားရွာကို