နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

မိုးမောက်မြို့နယ် ကျောက်စခန်းနှင့် မဒါဘွမ်ရှိ စစ်ကောင်စီ တပ်စခန်းများကို KIA ထပ်မံတိုက်ခိုက်သိမ်းပိုက်

ဧပြီလ (၃) ရက်။

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ ကျောက်စခန်းနဲ့ မဒါဘွမ်ရှိ စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်တော် (KIA) နဲ့ KPDF ပူးပေါင်းတပ်က မနေ့က ဧပြီလ (၂) ရက်နေ့ ညနေပိုင်းတွင် ထပ်မံ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မိုးမောက်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီ​ရဲ့ ဗျူဟာမြောက် စိန်လုံဗျူဟာတပ်စခန်းကြီးကို သိမ်းပိုက်ပြီးနောက် KIA နဲ့ ပူးပေါင်းတပ်တို့ဟာ မိုးမောက်မြို့အနီးရှိ ကျောက်စခန်းကျေးရွာအခြေစိုက် စစ်တပ်စခန်းနဲ့ မဒါဘွမ်ရှိ စစ်တပ်စခန်းတွေကို ဆက်တိုက် သိမ်းပိုက်လိုက်ပြီ ဖြစ်ပါတယ်။

စစ်ဆင်ရေးတွေ မိုးမောက်မြို့နဲ့ နီးလာပြီဖြစ်တဲ့အတွက် မိုးမောက်က ဒေသခံပြည်သူတချို့ တိမ်းရှောင်နေကြပြီလို့ သိရပါတယ်။

ဧပြီလ (၂) ရက်နေ့ ညနေပိုင်းမှာ ကျောက်စခန်းနဲ့ မဒါဘွမ်စခန်းတွေကို သိမ်းပိုက်လိုက်တဲ့အတွက် မိုးမောက်-လွယ်ဂျယ်လမ်းရှိ စကစတပ်စခန်း အားလုံးကို KIA က သိမ်းပိုက်လိုက်ပြီ ဖြစ်ပါတယ်။

စိန်လုံဗျူဟာစခန်းသိမ်းတိုက်ပွဲကနေ လက်နက်ကြီးအပါအဝင် စစ်လက်နက် ခဲယမ်းများစွာကို KIA က သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။

ဗန်းမော်၊ မြစ်ကြီးနားအထိ KIA ရဲ့ ထိုးစစ်ရောက်လာနိုင်တဲ့အတွက် ဗန်းမော်မြို့မှာ စစ်ကောင်စီက စစ်အင်အားတိုးချဲ့ပြီး စစ်ရေးပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဗန်းမော်ခရိုင်မှာ မြိုနယ် ၄ ခုရှိပြီး ဗန်းမော်၊ မိုးမောက်၊ မံစီ၊ ရွှေကူမှာ ကျန်နေသေးတဲ့ စစ်ကောင်စီစခန်း တပ်ရင်းဌာနချုပ်ပေါင်း တစ်ဆယ်ကျော် ကျန်ရှိနေပါသေးတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

နောင်ချိုမြို့ရှိ တရားရုံးနဲ့ ရဲစခန်းဘက်ကို စစ်ကောင်စီက ပေါင် (၃၀၀)ဗုံးနဲ့ ထပ်မံတိုက်ခိုက်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 8 Views
နိုဝင်ဘာလ (၁၄)ရက်။ မနေ့က ညနေ (၆)နာရီခွဲအချိန်က နောင်ချိုမြို့ရှိ တရားရုံးနဲ့ ရဲစခန်းတို့ကို စစ်ကောင်စီက ပေါင် (၃၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

ရန်ကင်းမြို့ရှိ သရုပ်ဆောင် ရန်အောင်ရဲ့နေအိမ် မိုင်းခွဲသတိပေးခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 8 Views
နိုဝင်ဘာလ (၁၄)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီ (၄၅)မိနစ်အချိန်က ရန်ကင်းမြို့နယ်၊ ဘောက်ထော် မြရတနာလမ်းရှိ သရုပ်ဆောင် ရန်အောင်ရဲ့နေအိမ်ကို မိုင်းဖောက်ခွဲခဲ့တယ်လို့
မြန်မာသတင်း

ပုံနှိပ်သူနဲ့ ထုတ်ဝေသူ (၂)ဦးကို ညစ်ညမ်းစာဖော်ပြလို့ဆိုပြီး စစ်ကောင်စီက လုပ်ငန်းလက်မှတ် ရုပ်သိမ်းအရေးယူ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 8 Views
နိုဝင်ဘာလ (၁၄)ရက်။ ပုံနှိပ်သူနဲ့ ထုတ်ဝေသူ (၂)ဦးကို ညစ်ညမ်းစာဖော်ပြပါရှိလို့ဆိုပြီး စစ်ကောင်စီက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ရုပ်သိမ်းခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လုပ်ငန်းလက်မှတ် ရုပ်သိမ်းခံရသူ (၂)ဦးဟာ ပုံနှိပ်ထုတ်ဝေတဲ့ စာရေးသူ မဟူရာ ရေးသားတဲ့ “
မြန်မာသတင်း

တပ်ဖွဲ့ဝင်တွေအားလုံး မြို့ထဲ လက်နက်ကိုင်ဆောင်သွားလာတာမလုပ်ဖို့ DKBA သတိပေး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 8 Views
နိုဝင်ဘာလ (၁၄)ရက်။ ဘုရားသုံးဆူမြို့ထဲ တပ်ဖွဲ့ဝင်တွေအားလုံး လက်နက်ကိုင်ဆောင်သွားလာတာ မပြုလုပ်ဖို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)က သတိပေးထားတယ်လို့ သိရပါတယ်။ တပ်ဖွဲ့ဝင်တွေ၊ လက်အောက်ခံတပ်ရင်းတွေနဲ့ စစ်ကြောင်းတွေအနေနဲ့ တာဝန်ချိန်ကလွဲပြီး မြို့ထဲ သွားလာတဲ့အခါ လက်နက်ခဲယမ်းကိုင်ဆောင်မသွားကြဖို့ အမိန့်ကို အောက်တိုဘာလ (၂၄)ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားတာလို့
မြန်မာသတင်း

စစ်ရှုံးစစ်ကောင်စီက ပုလဲမြို့ လက်လွှတ်အဆုံးရှုးမခံရဖို လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်၊ ပုလဲမြို့ကျသွားပြီလို စစ်လော်ဘီတွေပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 13 Views
နိုဝင်ဘာလ (၁၄)ရက်။ စစ်ံးစစ်ကောင်စီဟာ ပုလဲမြိုကို လက်လွှတ်ဆုံးရှုးမခံရဖို လေကြောင်းကနေ (၃) ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို People’s Defense Comrade ရဲ့ တာဝန်ခံ ထူးခန့်ဇော် (အမေ့သား)ရဲ့ မနေ့က ပြောဆိုထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

ပေါက်ခေါင်းမြို့မှာ စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းပေးတဲ့ အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 8 Views
နိုဝင်ဘာလ (၁၄)ရက်။ မနေ့က နေ့လယ် (၁)နာရီခွဲခန့်မှာ ပေါက်ခေါင်းမြို့နယ်၊ ကင်မွန်းခြုံအုပ်စုရဲ့ ဒွကျေးရွာနေအုပ်ချုပ်ရေးမှူး သန်းအောင်ကို ပစ်ခတ်ရှင်းခင်းခဲ့တယ်လို့ PPDF (၃၆၀၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အုပ်ချုပ်ရေးမှူး သန်းအောင်က စစ်ကောင်စီအတွက် စစ်မှုထမ်းဖို့စုဆောင်းတာနဲ့
မြန်မာသတင်း

နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 8 Views
နိုဝင်ဘာလ (၁၄)ရက်။ မနေ့က နံနက် (၉)နာရီခွဲကျော်အချိန်ကစပြီး နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက် (၉)နာရီ (၄၀)မိနစ်က တောင်ခမ်းရွာ ဘုန်းကြီးကျောင်းနဲ့ နံနက် (၁၁)နာရီအချိန်
1027 Operations မြန်မာသတင်း

နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 8 Views
နိုဝင်ဘာလ (၁၄)ရက်။ မနေ့က နံနက် (၉)နာရီခွဲကျော်အချိန်ကစပြီး နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက် (၉)နာရီ (၄၀)မိနစ်က တောင်ခမ်းရွာ ဘုန်းကြီးကျောင်းနဲ့ နံနက် (၁၁)နာရီအချိန်