ဩဂုတ်လ ( ၂) ရက်။
ရှမ်းမြောက်၊ လားရှိမြို့က ကုတင် ၁၀၀ စစ်ဆေးရုံကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့ရာမှာ ဆေးတပ်ဖွဲ့ဝင်တွေ၊ ဆေးကုသမှုခံယူနေတဲ့ စစ်သားတွေနဲ့ တပ်မိသားစုဝင်တွေက အလံဖြူထောင်ပြီး အညံ့ခဲ့ကြတယ်လို ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
စစ်ဆေးရုံကို စီးနင်းတိုက်ခိုက်ခဲ့ရာမှာ အလံဖြူထောင်ပြီး အညံ့ခံလာတဲ့သူ ၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
MNDAA ပူးပေါင်းတပ်ဖွဲ့ဟာ လားရှိးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို အပြီးသတ် ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ရမခကို MNDAA က အပြင်းအထန် ထိုးစစ်ဆင်နေသလို ရမခ ဘက်ကလည်း ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။