နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြစ်ကြီးနားမြို့နယ်ရှိ စစ်ကောင်စီရဲ့တယန်ဇွပ်တပ်စခန်း (၃)ခုကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့

ဩဂုတ်လ (၃)ရက်။

မနေ့က နံနက် (၉)နာရီ၀န်းကျင်မှာ မြစ်ကြီးနားမြို့ရှိ တယန်ဇွပ် စစ်ကောင်စီတပ်စခန်း (၃)ခုစလုံးကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ သတင်းခုတ်ပြန်ချက်တွေအရ သိရပါတယ်။

“ တယန်ဇွပ်က နံနက်ပိုင်း (၉)နာရီလောက်မှာ အပြီးသတ်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ သူတို့တပ်ခွဲပြီးနေကြတဲ့ စခန်း (၃)ခုစလုံးကို သိမ်းလိုက်တာဖြစ်ပါတယ်” လို့ KIA တာ၀န်ခံ ဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ်။

တယန်ဇွပ်မှာ စစ်ကောင်စီတပ်ဘက်က တပ်စခန်း (၃)နေရာခွဲပြီး တပ်ချထားတာကြောင့် အဲ့ဒီတပ်စခန်း (၃)နေရာစလုံးကို အပြီးသတ်သိမ်းပိုက်လိုက်တာလို့ သိရပါတယ်။

KIA နဲ့ AA အပါအ၀င် KPDF ပူးပေါင်းတပ်တွေက တယန်ဇွပ်ကျေးရွာနဲ့ အင်ဆွပ်ဇွပ်ကျေးရွာတို့က စစ်ကောင်စီတပ်စခန်းတွေကို ဩဂုတ်လ (၁)ရက်နေ့ကစပြီး တိုက်ခိုက်ခဲ့ကြတာပါ။

တယန်ဇွပ်ကျေးရွာဟာ မြစ်ကြီးနားမြို့နယ်-ဆွမ်ပရာဘွမ်သွားလမ်းမပေါ်မှာ တည်ရှိပြီး တိုက်ပွဲအခြေအနေ အသေးစိတ်ကိုတော့ KIA ဘက်က တရား၀င်ထုတ်ပြန်လာတာမရှိသေးပါ။

ဒါ့အပြင် မိုးမောက်မြို့အနီးက စစ်ကောင်စီရဲ့ ခမရ(၄၃၇)တပ်စခန်းကို KIA နဲ့ KPDF ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်နေကာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကိုဗစ်ချေးငွေ မဆပ်ရသေးတဲ့ ကုမ္ပဏီ/လုပ်ငန်းတွေကို သတင်းစာကနေ ကြေညာမယ်လို့ စစ်ကောင်စီခြိမ်းခြောက်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 0 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ ကိုဗစ်ချေးငွေ မပေးဆပ်ရသေးတဲ့ ကုမ္ပဏီ/လုပ်ငန်းတွေကို သတင်းစာကနေ အချက်အလက်အပြည့်အစုံနဲ့ ကြေညာမယ်ဆိုပြီး စစ်ကောင်စီက ခြိမ်းခြောက်ထားတယ်လို့ သိရပါတယ်။ ကိုဗစ်ချေးငွေယူထားတဲ့
မြန်မာသတင်း

“ အညာဒူဘိုင်း” သတင်းကိစ္စအပေါ် မြိုင်မြို့နယ်ပကဖ ရှင်းလင်းချက်တစောင် ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ အခုရက်ပိုင်းထဲ လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ “ အညာဒူဘိုင်း” ဆိုတဲ့ သတင်းကိစ္စနဲ့ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ
မြန်မာသတင်း

စစ်တပ်အာဏာသိမ်းကာလထဲ အရပ်သားနေအိမ် (၁)သိန်းကျော် မီးရှို့ဖျက်ဆီးခံထားရ‌

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ စစ်တပ်အာဏာသိမ်းတဲ့ (၃)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ် (၁၀၉၂၄၂)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အာဏာသိမ်း (၃)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ် (၁)သိန်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့တာဟာ စစ်ကောင်စီတပ်နဲ့
မြန်မာသတင်း

ချောက်မြို့မှာ ပေါ်တာဆွဲနေတဲ့ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ မနေ့က ချောက်မြို့ ဇီးချိုပင်ရွာရှိ မြဝတီရုပ်မြင်သံကြားရုံးအနီး ပေါ်တာဆွဲနေတဲ့ စစ်ကောင်စီတပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ အာဋ္ဌာဝကပြောက်ကျားတပ်ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးပင်ချိုရွာက မြဝတီရုပ်မြင်သံကြားရုံးနားမှာ ပေါ်တာဆွဲနေတဲ့ စကစတပ်သား‌တွေကို လက်နက်ကြီးနဲ့
မြန်မာသတင်း

လက်ပံတန်းမှာ ပျူစောထီးခေါင်းဆောင်တစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 9 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ ဒီကနေ့ နံနက် (၈)နာရီ (၁၀)မိနစ်အချိန်က လက်ပံတန်းမြို့ မှော်အင်းအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်တဲ့ ပျူစောထီးခေါင်းဆောင် သန်းဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ(၃)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပျူစောထီးခေါင်းဆောင် သန်းဦးနဲ့
မြန်မာသတင်း

စစ်ကောင်စီနဲ့ တွေ့ဆုံတာ လုံးဝမဟုတ်ဘူးလို့ CNF ရှင်းလင်းချက်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 6 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ စစ်ကောင်စီအကြီးအကဲနဲ့ တွေ့ဆုံခဲ့တယ်ဆိုပြီး ရေးသားနေကြတာဟာ လုံးဝမဟုတ်ဘူးဆိုပြီး ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ အတွင်းဝန်ရုံးက မနေ့က ရှင်းလင်းချက်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီအကြီးအကဲတစ်ဦးနဲ့ ချင်းပြည်ကောင်စီ(CC)အပါအဝင် CHRO တာဝန်ရှိသူအချို့ ဘန်ကောက်မြို့မှာ တွေ့ဆုံခဲ့တယ်လို့ “ ဒို့ဌာနေ Zogam”
မြန်မာသတင်း

ရန်ကုန်ရှိ မှော်ဘီရဲတပ်ဖွဲ့ရုံး အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ မနေ့က ည (၆)နာရီ (၅၀)မိနစ်အချိန်က ရန်ကုန် မှော်ဘီမြို့ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညနေ(၆)နာရီ (၅၀)လောက်က ပေါက်ကွဲသံ
1027 Operations မြန်မာသတင်း

မန်တုံရှိ KIA တပ်စခန်းတွေနဲ့ တိုက်နယ်ရုံးကို TNLA ဝင်ရောက်စီးနင်း၊ 

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 13 Views
KIA တပ်ဖွဲ့ဝင်တွေရဲ့ လက်နက်တွေကို သိမ်းယူပြီး ရိုက်နှက်ဖမ်းဆီးခဲ့ ဖေဖော်ဝါရီလ (၂၄)ရက်။ မနေ့က နံနက်အစောပိုင်းအချိန်က မန်တုံမြို့နယ်ရှိ KIA တပ်စခန်း (၃)ခုနဲ့ တိုက်နယ်ရုံးတစ်ခုတို့ကို TNLA တပ်ဖွဲ့ဝင်တွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။