ဩဂုတ်လ (၃)ရက်။
အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြင်းထန်စွာရှုတ်ချတယ်လို့ NUG ကျန်းမာရေး၀န်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ ဆေးရုံဆေးခန်းတွေနဲ့ ကျန်းမာရေးကဏ္ဍအပေါ် တမင်ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေက နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာလို့ ဆိုပါတယ်။
NUG ကျန်းမာရေး၀န်ကြီးဌာနအနေနဲ့ ပြည်သူအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို သက်စွန့်ဆံဖျား ကြိုးပမ်းနေတဲ့ ကျန်းမာရေး၀န်ထမ်းတွေ၊ ဒေသခံပြည်သူတွေနဲ့အတူ ခိုင်မာစွာ လက်တွဲရပ်တည်နေတယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီကြောင့် သေဆုံးထိခိုက်ခဲ့ရတဲ့ ပြည်သူတွေ၊ ကျန်းမာရေး၀န်ထမ်းတွေ၊ တော်လှန်ရေးရဲဘော်တွေအတွက် တရားမျှတမှုကို ဆောင်ကြဉ်းသွားမှာဖြစ်ပြီး စစ်ကောင်စီနဲ့ လက်ပါးစေကြံရာပါတွေကို တရားဥပဒေအရ ပြင်းထန်စွာ အရေးယူသွားမယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် လူစိတ်ပျောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ လက်တွဲဆောင်ရွက်နေသူတွေ၊ ထောက်ခံအားပေးနေသူတွေအနေနဲ့ လုပ်ရပ်တွေကို ရပ်တန်းကရပ်ကြဖို့ NUG ကျန်းမာရေး၀န်ကြီးဌာနက တိုက်တွန်းထားပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာတွေ၊ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို နိုင်ငံတကာအနေနဲ့ လစ်လျူမရှုဘဲ ထိရောက်စွာ တားဆီးအရေးယူဖို့ တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး ဖက်ဒရာ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းတဲ့အထိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနဲ့ လက်တွဲပြီး ဆက်လက်တိုက်ပွဲ၀င်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။