နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 4 ရက်

1027 Operations

1027 Operations မြန်မာသတင်း

လားရှိုးစစ်ဆေးရုံထဲ စစ်ကောင်စီရဲ့ စွန့်ပစ်ခံထားရတဲ့ ဒဏ်ရာရသူ (၄၇၀)ကျော်ကို MNDAA ကယ်တင်ခဲ့

ဩဂုတ်လ (၃)ရက်။

လားရှိုးစစ်ဆေးရုံထဲ စစ်ကောင်စီတပ်ဘက်က စွန့်ပစ်သွားတဲ့ တပ်သားနဲ့ မိသားစု၀င် (၄၇၀)ကျော်ကို MNDAA က ကယ်တင်ပေးခဲ့တယ်လို့ ဒီက‌နေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဩဂုတ်လ (၁)ရက်နေ့မှာ MNDAA က လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ထဲ ကျန်ရစ်နေသူတွေကို ဆက်လက်တိုက်ခိုက်ချိန် တိုင်းစစ်ဌာနချုပ်ရဲ့ စစ်ဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဆေးရုံဝန်ထမ်းတွေဟာ အချိန်အတော်ကြာ ဆုတ်ခွာသွားခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ဆေးရုံထဲ ဒဏ်ရာရရှိသူ အများအပြားနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ စုစုပေါင်း လူပေါင်း (၄၇၀)ကျော်ကို စွန့်ပစ်ထားခဲ့ကာ စွန်ပစ်ခံခဲ့ရသူအားလုံးက ပြင်းထန်ဒဏ်ရာရသူတွေဖြစ်ပြီး အများစုမှာ မသန်စွမ်းတဲ့ အောက်ခြေတပ်ဖွဲ့၀င်တွေလို့ ဖော်ပြထားပါတယ်။

MNDAA အနေနဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ စစ်သုံ့ပန်းတွေကို ကောင်းမွန်စွာစောင့်ရှောက် ဆက်ဆံတဲ့ မူဝါဒအရ တိုက်ပွဲတွေပြင်းထန်နေပေမယ့်လဲ ဒဏ်ရာရရှိသူတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို လုံခြုံရာသို့ လွှဲပြောင်းပေးခဲ့တယ်လို့ ရေးသားထားပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ဒဏ်ရာရတပ်သားတွေကို ဘေးကင်းရာသို့ ပြောင်းရွှေ့အခြေချပြီးနောက် လားရှိုးမြို့တိုက်ပွဲမစတင်မီမှာ လားရှိုးမြို့ရှိ အာဏာသိမ်းတပ်ရဲ့အကြီးတန်းအရာရှိတွေက သူတို့ရဲ့ မိသားစုတွေကို ရွှေ့ပြောင်းဖို့ စီစဉ်နေပြီလို့ သိရပါတယ်။

ဒါ့အပြင် အချိန်မီမပြောင်း‌‌ရွှေ့ရသေးတဲ့ မိသားစုဝင်တွေကို ရဟတ်ယာဥ်တွေနဲ့ လာ‌ရောက်ခေါ်ဆောင်သွားပြီး  အောက်ခြေတပ်သားတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို အရွှေ့အပြောင်းမပြုဖို့ အမိန့်ထုတ်ပြန်ထားတယ်လို့ ဒဏ်ရာရသူတွေက ပြောဆိုထားပါတယ်။

ဒီလိုအာဏာသိမ်းတပ်ထဲ ကြီးလေးတဲ့ လူတန်းစားခွဲခြားမှုကို ထင်ထင်ရှားရှားတွေ့မြင်နိုင်ပြီး အောက်ခြေစစ်သားတွေရဲ့ဘဝဟာ ရာထူးကြီးတဲ့ အရာရှိတွေရဲ့ နိုင်ထက်စီးနင်းတာ၊ စွန့်ပယ်တာ၊ စစ်မြေပြင်တွေမှာ ကိုယ်အားကိုယ်ကိုးပြီး ရှင်သန်နေရတာ စတဲ့ဖြစ်ရပ်တွေကို နိုင်ငံတစ်ဝှမ်းမှာ ခဏခဏတွေ့မြင်နိုင်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 12 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ
မြန်မာသတင်း

ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 15 Views
ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ် ဧပြီလ (၃)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “
မြန်မာသတင်း

သမ္မတရွေးပွဲ မင်းအောင်လှိုင် မဲအပြတ်အသတ်နဲ့ အနိုင်ရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 50 Views
မင်းအောင်လှိုင်ရဲ့ သမ္မတအိပ်မက် ပြည့်ဝလာ ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဒုသမ္မတ (၃)ဦးထဲက မဲခွဲသမ္မတရွေးချယ်ပွဲကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ သမ္မတရွေးချယ်ပွဲကို လွှတ်တော်ကိုယ်စားလှယ် (၅၈၆)ဦးထဲက (၅၈၄)ဦး
မြန်မာသတင်း

စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ် (၁၂၀၀၀၀)ကျော် မီးရှို့ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 14 Views
ဧပြီလ (၂)ရက်။ စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ်ပေါင်း (၁၂၅,၃၂၈)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစာရင်းတွေထဲ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်ပေါင်း (၁၂၁,၄၈၅)လုံး
မြန်မာသတင်း

ရေနံမှော်ဒေသကို NUG တပ်တွေ အင်အားသုံး ဝင်ရောက်တဲ့အပေါ် ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
ဧပြီလ (၃)ရက်။ ပေါက်နဲ့ မြိုင်ရှိ ရေနံမှော်ဒေသကို NUG တပ်ဖွဲ့တွေ အင်အားရာနဲ့ချီသုံးပြီး ဝင်ရောက်လာတဲ့အပေါ် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။ “ NUG ညွှန်ကြားချက်နဲ့ဆိုပြီး ရေနံမှော်ဒေသကို အင်အားရာချီသုံးပြီး ဝင်လာတာ။ ဒါ့ကြောင့် မနေ့ကလဲ
မြန်မာသတင်း

ရက်စက်ကြမ်းကြုတ်သော ပြည်တွင်းစစ်ကို စတင်ခဲ့သည့် မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင် သမ္မတဖြစ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 19 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရ အပေါ် အာဏာသိမ်းရန် ကံကြမ္မာဆိုးသောအဆုံးအဖြတ်ကို ချမှတ်ခဲ့ပြီး ခုနစ်ရက်အကြာတွင် ဗိုလ်ချုပ်မှူးကြီး
မြန်မာသတင်း

NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 32 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ မြိုင်နဲ့ ပေါက်မြို့နယ်ထဲရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး NUG နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက  တော်လှန်ရေးနဲ့ ပြည်သူလူထုကို မထိခိုက်စေတဲ့ နည်းလမ်းတွေနဲ့
မြန်မာသတင်း

မိတ္ထီလာလေတပ်စခန်းဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 36 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က စစ်ကော်မရှင်ရဲ့ မိတ္ထီလာလေတပ်စခန်း ဌာနချုပ်ထဲကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BWM ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စကမရဲ့ မိတ္ထီလာ ရှမ်းတဲဌာနချုပ်ထဲကို ရှော့တိုက်ဒုံး (၁၀)လုံး