မတ်လ (၄)ရက်။
တိုက်ပွဲတွေထဲ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တပ်မိသားစုဝင်တွေကို ကျွေးမွေးစောင့်ရှောက်ထားတယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ တပ်မိသားစုဝင်တွေကို AA နဲ့ ရခိုင်ပြည်သူတွေက စစ်ကောင်စီရဲ့ ပစ်ခတ်တာတွေနဲ့ အခက်အခဲအမျိုးမျိုးကြားထဲကနေ ရှိတဲ့ ဆေးဝါးတွေ၊ စားနပ်ရိက္ခာတွေနဲ့ အကောင်းဆုံး ကျွေးမွေးထားတယ်လို့ ဆိုပါတယ်။
အခုလို ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တပ်မိသားစုဝင်တွေကို ကျွေးမွေးစောင့်ရှောက်ထားတယ်ဆိုတာကို AA က ဓါတ်ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။
ပုံတွေမှာပါတဲ့သူတွေဟာ ဇက်သင်္ဘောတွေပေါ်ကနေ ရေနစ်တဲ့အချိန် AA က ကယ်တင်ခဲ့တဲ့သူတွေနဲ့ လက်နက်ချအညံ့ခံတဲ့သူတွေအပြင် တိုက်ပွဲထဲ လက်ရဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်းတွေနဲ့ တပ်မိသားစုဝင်တွေ ပါဝင်တယ်လို့ သိရပါတယ်။







