နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

NUCC ရဲ့ ဒုတိယအကြိမ် ပြည်သူ့ညီလာခံအခမ်းအနား ဒီကနေ့ စတင်ကျင်းပ

ဧပြီလ (၄)ရက်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ကြီးမှူးကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ဒီကနေ့မှာ စတင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

NUCC ရဲ့ ဒုတိယအကြိမ် ပြည်သူ့ညီလာခံ အခမ်းအနားကို ဧပြီလ (၄)ရက်နေ့ကစပြီး ဧပြီလ (၆)ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီညီလာခံမှာ NUCC နဲ့ ပေါင်းစပ်ညှိနှိုင်ရေးကော်မတီတွေက အစီရင်ခံစာတွေနဲ့ NUG ဝန်ကြီးဌာန အစီရင်ခံစာတွေကို တင်သွင်းပြီး ဆွေးနွေးအတည်ပြုသွားမယ်လို့ ဖော်ပြထားပါတယ်။

ဒုတိယအကြိမ် ပြည်သူ့ညီလာခံ အခမ်းအနားကို NUCC နဲ့ သတင်းမီဒီယာတွေရဲ့ Facebook စာမျက်နှာတွေကနေ တိုက်ရိုက်ထုတ်လွှင့်နေပါတယ်။

ညီလာခံကို နွေဦးတော်လှန်ရေးထဲ တိုက်ပွဲဝင်နေကြတဲ့ အင်အားစုတွေ၊ ရွေးကောက်ခံကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေအပါအဝင် ကိုယ်စားလှယ် (၂၄၈)ဦး တက်ရောက်ဖို့ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့ပြင် ညီလာခံမှာ ပါဝင်ဆွေးနွေးဖို့ အထူးဖိတ်ကြားထားသူတွေနဲ့ လေ့လာသူတွေလဲ ပါဝင်တက်ရောက်သွားဖို့ရှိနေတယ်လို့ ပြောဆိုထားပါတယ်။

ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို အရင်က မတ်လထဲ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် ပြင်ဆင်တဲ့အချိန်လုံလောက်မှုရှိစေဖို့အတွက် ဒီကနေ့ကို ပြောင်းလဲသတ်မှတ်လိုက်တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုင်းရယ်မြို့ကို SSPP/SSA ဝင်ရောက်ထိန်းချုပ်

  • 2024 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 3 Views
++++++++++++++++++++++++++ ဇူလိုင်လ (၁၃) ရက်။ ဒီကနေ့ ဇူလိုင်လ မနက် ၅ နာရီ ဝန်းကျင်မှာ မိုင်းရယ်မြို့ကို SSPP/SSA
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

သံတွဲငပလီ ဟိုတယ်ဇုန်ကို AA အပြည့်အဝထိန်းချုပ်

  • 2024 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 4 Views
**** သံတွဲ၊ မောင်တော မြိုဝင်နေရာများတွင် မိုင်းအန္တရာယ်သတိထားရန် AA ပြော *** ဇူလိုင်လ (၁၃) ရက်။ သံတွဲငပလီ
မြန်မာသတင်း

ကော်သူးလေနယ်မြေထဲ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေကြောင့် အရပ်သား (၁၃၄)ဦးသေဆုံးခဲ့ရ

  • 2024 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 3 Views
ဇူလိုင်လ (၁၃)ရက်။ အခုနှစ် (၆)လတာကာလမှာ ကော်သူးလေနယ်မြေထဲ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေကြောင့် အရပ်သား (၁၃၄)ဦး သေဆုံးခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ KNU ရဲ့ ကော်သူးလေနယ်မြေထဲ စစ်ကောင်စီတပ်တွေဟာ
1027 Operations မြန်မာသတင်း

အာဏာရှင်ကို တက်ညီလက်ညီ ၀ိုင်းတိုက်ရင် တကယ်ပြိုတယ်လို့ TNLA ဗိုလ်ချုပ် တားဘုန်းကျော်ပြော

  • 2024 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 4 Views
ဇူလိုင်လ (၁၃)ရက်။ အာဏာရှင်ကို တက်ညီလက်ညီ ဝိုင်းတိုက်ပါက တကယ်ပြိုတယ်လို့ TNLA ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ် တားဘုန်းကျော်က ဒီကနေ့မှာ တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အာဏာရှင်တံတိုင်းကို ခေါင်းနဲ့တိုက်တဲ့အမိုက်မဲတွေတဲ့၊ ရှောင်လွှဲမရလို့ တိုက်ကြည့်လိုက်တယ်၊ အာဏာရှင်တံတိုင်းတွေ
မြန်မာသတင်း

စစ်မှုထမ်းဥပဒေကို ပီပီပြင်ပြင် အကောင်အထည်ဖော်ဖို့ စစ်ခေါင်းဆောင် ညွှန်ကြားထား

  • 2024 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 2 Views
ဇူလိုင်လ (၁၃)ရက်။ စစ်မှုထမ်းဥပဒေကို ပီပီပြင်ပြင် အကောင်အထည်ဖော်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ညွှန်ကြားထားတယ်လို့ စစ်ကောင်စီကာကွယ်ရေး၀န်ကြီး တင်အောင်ဆန်းရဲ့ မနေ့ကပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ စစ်မှုထမ်းဥပဒေကို ထိထိရောက်ရောက် ပီပီပြင်ပြင် အကောင်အထည်ဖော်ဆောင်ရွက်ဖို့နဲ့ သက်ဆိုင်ရာ၀န်ကြီးတွေနဲ့
မြန်မာသတင်း

မတ္တရာမြို့မှာ စစ်ကောင်စီရဲ့ ပစ်ခတ်တာတွေကြောင့် အရပ်သား (၆)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 3 Views
ဇူလိုင်လ (၁၃)ရက်။ မတ္တရာမြို့မှာ စစ်ကောင်စီက ဒရုန်းအပါအ၀င် လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၆)ဦးသေဆုံးကာ (၄)ဦးဒဏ်ရာရရှိခဲ့တယ်လို့ wetlet information network ထံက သိရပါတယ်။ မနေ့က ည(၉)နာရီ (၄၀)မိနစ်ချိန်မှာ မတ္တရာမြို့၊ ဇီးဖြူပင်ဘောင်ကြီးကနေ စစ်ကောင်စီတပ်က
မြန်မာသတင်း

၀က်လက်မြို့က ကျောင်းသားသမဂ္ဂတစ်ဦး သေဆုံးခဲ့တဲ့အပေါ် တရားခံကိုဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ NUG ပြော

  • 2024 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 2 Views
ဇူလိုင်လ (၁၃)ရက်။ ၀က်လက်မြို့က ကျောင်းသားသမဂ္ဂအဖွဲ့၀င် မောင်မြင့်မြတ်ဦး သေဆုံးခဲ့တဲ့အပေါ် တရားခံကို အမြန်ဆုံးဖမ်းဆီးအရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ NUG ပြည်ထဲရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အသက်(၁၇)နှစ်အရွယ် မောင်မြင့်မြတ်ဦးဟာ စိုင်နိုင်ကြီးကျေးရွာသင်္ချိုင်းအနီး လည်ပင်းပြတ်ရှဒဏ်ရာ၊ ဝဲနဖူးပြတ်ရှဒဏ်ရာ၊ ညာဘက်ဂျိုစောင်းပြတ်ရှဒဏ်ရာ၊
1027 Operations မြန်မာသတင်း

စစ်ကောင်စီရဲ့ ဂုတ်ထိပ်/တွင်းစခန်းကို သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းမိခဲ့တယ်လို့ TNLA ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 3 Views
ဇူလိုင်လ (၁၃)ရက်။ မနေ့က နံနက်(၅)နာရီခွဲအချိန်မှာ နောင်ချိုမြို့ ဒုံးတပ်ရင်း (၆၀၆)စခန်းကနေ ဂုတ်ထိပ်/ဂုတ်တွင်းစခန်းသို့ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ဂုတ်တွင်းစခန်းကနေ လက်နက်(၁၅)လက်၊ RPG-7(၂)လက်၊