ဩဂုတ်လ (၄)ရက်။
ဇူလိုင်လထဲ မူတြော်ခရိုင်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတက်ဖွဲ့တို့အကြား တိုက်ပွဲပေါင်း (၁၀၁)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီတိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က တပ်သား (၅၂)ဦး သေဆုံးခဲ့ကာ (၁၂)ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီရဲ့ အဆောက်အဦ (၂)ခု ထိခိုက်ပျက်စီးခဲ့သလို မြင်း (၂)ကောင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မူတြော်ခရိုင်မှာ ဇူလိုင်လတိုင်ပွဲထဲ KNLA တပ်မဟာ(၅)နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိခိုက်တာမရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲတွေကြောင့် မြေပြင်အထိနာနေတဲ့ စစ်ကောင်စီဘက်က လေကြောင်းကနေသာ ရိက္ခာတွေချပေးတာတို့ကို လုပ်ဆောင်နိုင်တော့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ လက်နက်ကြီးတွေ၊ လေကြောင်းတို့နဲ့ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေထဲနဲ့ လုပ်ငန်းခွင်တွေထဲကို အကြိမ်ရေများစွာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။