နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 19 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ကရင်နီနဲ့ ရှမ်းတောင်ဒေသတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၅၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ KNDF ထုတ်ပြန်

ဩဂုတ်လ (၄)ရက်။

ဇူလိုင်လထဲ ကရင်နီနဲ့ ရှမ်းတောင်နယ်‌စပ်ဒေသက တိုက်ပွဲမှာ စစ်ကောင်စီဘက်က (၅၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဇူလိုင်လ တစ်လတာထဲ လွိုင်ကော်၊ ဖားဆောင်းနဲ့ ဒီမော့ဆိုမြို့နယ်တို့မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သလို ဖယ်ခုံ၊ ပင်လောင်းနဲ့ ညောင်ရွှေတို့မှာ စစ်ကောင်စီစစ်ကြောင်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လကစပြီး လွိုင်ကော်မြို့မှာ စစ်ကောင်စီက အင်အားဖြည့်တင်းပြီး စစ်မျက်နှာတွေဖြန့်ခွဲကာ စစ်ကြောင်းထိုး ထိုးစစ်ဆင်တာတွေ လုပ်ဆောင်ခဲ့တဲ့အတွက် KNDF နဲ့အတူ တော်လှန်ရေးတပ်တွေ ပူးပေါင်းကာ တန်ပြန်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီနဲ့ PNO ပူးပေါင်းအင်အား (၅၀၀)ကျော်ပါတဲ့ စစ်ကြောင်းဟာ ပင်လောင်းဘက်ကနေ ကရင်နီဘက်ကို အင်အားအလုံးအရင်းနဲ့ ၀င်ရောက်လာခဲ့တာကြောင့် တော်လှန်ရေးတပ်တွေက တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီထိတွေ့တိုက်ပွဲဟာ ပိုမိုပြင်းထန်ခဲ့ပြီး စစ်ကောင်စီနဲ့ PNO ပူးပေါင်းစစ်ကြောင်းဘက်က (၂၀)ဦးနီးပါးကို ချေမှုန်းနိုင်ခဲ့ပြီး ဆောင်းပြောင်းရှိ အထိုင်စခန်းကုန်းတစ်ခုနဲ့ ရဲစခန်းတို့ကို မီးရှို့ရှင်းလင်းနိုင်ခဲ့သလို လက်နက်ငယ်စုံ (၁၅)လက်နဲ့ ခဲယမ်းမီးကျောက်တွေ၊ စစ်အသုံးအဆောင်တွေနဲ့ သုံ့ပန်းတွေ ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ (၁၈)ရက်နေ့ကစပြီး ညောင်ရွှေနဲ့ ဖယ်ခုံမြို့အစပ်မှာရှိတဲ့ မှော်ဘီ-ဆီဆိုင်လမ်းပေါ်ရှိ စစ်ကောင်စီနဲ့ PNO ပူးပေါင်းထားတဲ့ လွယ်လုံစခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်တို့ကို တိုက်ခိုက်ခဲ့ကာ မီးရှို့ရှင်းလင်းနိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၃၀)ကျော်ကို သုတ်သင်နိုင်ခဲ့ပြီး လက်နက်ငယ် (၁၅)လက်နဲ့ ခဲယမ်း၊ မီးကျောက်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အခုအချိန်အထိ ဆောင်းပြောင်းအပါအ၀င် ဖယ်ခုံနဲ့ ညောင်ရွှေနယ်စပ်က စံကားနဲ့ မှော်ဘီဘက်တို့မှာ စစ်ကောင်စီစစ်ကြောင်းတွေ ဆက်ရှိနေတာကြောင့် နေ့တိုင်းနီးပါး ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ပြောဆိုထားပါတယ်။

ဖားဆောင်းမြို့ရှိ စစ်ကောင်စီအခြေစိုက်တပ်တွေနဲ့ ကာကင်းစခန်းတွေကို တော်လှန်ရေးတပ်တွေက အဆတ်မပြတ် တိုက်ခိုက်နေပြီး ဒီမော့ဆိုမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၄၂၇)တပ်ဘက်က စစ်ကြောင်းတခုဟာ ဒီမော့ဆို (၆)မိုင်လမ်းမကြီးပေါ်ရှိ ဒေါခလိုက်လင်းကျေးရွာဖက်ကို ရောက်လာတာကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေကို ခုခံတိုက်ခိုက်ရင်း တိုက်ပွဲတွေထဲ အသက်ပေးသွားခဲ့ရတဲ့ KNDF  ရဲဘော်တွေကို အာဇာနည်သူရဲကောင်းတွေအနေနဲ့ အစဉ်အမြဲ မှတ်တမ်းတင်ထားမယ်လို့ ဖော်ပြထားပါတယ်။

ဇူလိုင်လက လွိုင်ကော်မြို့မှာ တိုက်ပွဲတွေထဲ စစ်ကောင်စီရဲ့ လက်နက်ကြီးတွေ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရရှိမှု များပြားခဲ့ပြီး သေဆုံးသူ (၅)ဦးနဲ့အထက်ရှိနိုင်ကာ နေအိမ် (၉၀)ကျော် မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ (၂)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ရှောင်နေအိမ် (၅)လုံးခန့်နဲ့ စာသင်ကျောင်းတစ်ခု ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 14 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့
မြန်မာသတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်ရတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 16 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့မှာ အသက်(၈၁)နှစ်မြောက် မွေးနေ့ရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတာ (၅)နှစ်ကျော်ရှိပြီလို့ CRPH နဲ့ NUG
မြန်မာသတင်း

နှင်းဆီလှုပ်ရှားမှု လုံခြုံရေး သတိပြုကြဖို အသိပေးနှိးဆော်ထား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 17 Views
ဇွန်လ (၁၈)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အနေနဲ့ ပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှု ပြုလုပ်မယ့်အပေါ် လုံခြုံရေးသတိပြုဖို အင်အားစုတွေက အသိပေးထားတယ်လို သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ နှင်းဆီပန်းတွေ ရောင်းချတာ၊ ပန်ဆင်တာနဲ့ ကိုင်ဆောင်တာတိုကို ပြင်းပြင်းထန်ထန် ဖျက်ဆီးအရေးယူဖို ပြင်ဆင်နေတယ်လို
မြန်မာသတင်း

မုံရွာမှာ စစ်ကော်မရှင်တပ်တွေ တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံးကာ ကား(၂)စီးပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 18 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၅)ရက်နေ့က မုံရွာမြိုမှာ စစ်ကော်မရှင်တပ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနေ့ ညနေပိုင်းက မုံရွာမြိုစက်မှုဇုန် တောရွာကျောင်းမှာ အင်အား (၃၀)ခန့်နဲ့ အထိုင်ချတပ်စွဲထားတဲ့
မြန်မာသတင်း

NMSP ထိန်းချုပ်နယ်မြေထဲရှိ စစ်ရှောင်စခန်းကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 21 Views
ဇွန်လ (၁၈)ရက်။ ဒီကနေ့ နံနက် (၁)နာရီခွဲခန့်က NMSP ထိန်းချုပ်နယ်မြေထဲက ရေးချောင်းဖျားဒေသရှိ စစ်ရှောင်စခန်းကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နံနက်အစောပိုင်း (၁)နာရီခွဲလောက် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေက စစ်ရှောင်စခန်းကို စစ်တပ်က
တရုတ် မြန်မာ့နိုင်ငံရေး မြန်မာသတင်း

တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပံ့ပိုးကူညီသွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 22 Views
ဇွန်လ (၁၈)ရက်။ တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပံ့ပိုးကူညီသွားမယ်ဆိုပြီး မနေ့က နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပူးတွဲကြေညာချက်ထဲ စစ်ကော်မရှင်က မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် တရုတ်က ပါဝင်တဲ့အပေါ် ကျေးဇူးတင်တယ်လို့ ဆိုထားပါတယ်။ နောက်ပြီး
မြန်မာသတင်း

အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းတာမလုပ်ဖို့ဆိုပြီး SSPP ကို စစ်ကော်မရှင်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 27 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၂)ရက်နေ့က နေပြည်တော်မှာ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီနဲ့ SSPP/SSA ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို SSPP ဘက်က ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ခွန်ဆိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့
မြန်မာသတင်း

ဝက်လက်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 25 Views
ဇွန်လ (၁၇)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီကျော်အချိန်က ဝက်လက်နယ်ဝက်လက်နယ်အရှေ့တောင်ခြမ်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁၂)နာရီ (၄၂)မိနစ်နဲ့ (၄၅)မိနစ်က ညောင်ပင်ကြီးတောရွာတောင်ပိုင်းကို တံတားဦးတက်ကနေ ဂျက်ဖိုက်တာနဲ့