နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

AA၊ MNDAA နဲ့ TNLA တို့ကို စစ်ကောင်စီက အကြမ်းဖက်အနေနဲ့ကြေညာတာ တရားမ၀င်ဘူးလို့ NUG ပြော

စက်တင်ဘာလ (၄)ရက်။

AA၊ MNDAA နဲ့ TNLA တို့ကို စစ်ကောင်စီက အကြမ်းဖက်အုပ်စုအနေနဲ့ ကြေညာတာဟာ တရားမ၀င်ဘူးလို့ NUG အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အခုလို အမိန့်ကြေညာစာကို NUG အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အ‌နေနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၆)၊ ပုဒ်မခွဲ (င)နဲ့ ပုဒ်မ (၇၂)၊ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ထုတ်ပြန်တာလို့ ဆိုပါတယ်။

စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ “ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” အမည်ရှိတဲ့ အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ၂၀၂၁ခုနှစ်မှာ အကြမ်းဖက်အုပ်စုအနေနဲ့ ကြေညာထားပါတယ်။

NUG တရားရေး၀န်ကြီးဌာနကလဲ “ အိမ်စောင့်အစိုးရအဖွဲ့” လို့ အမည်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီကို မတရားအသင်းအနေနဲ့ ထပ်မံ ကြေညာခဲ့ပါတယ်။

ဒါ့ကြောင့် မတရားအသင်းနဲ့ အကြမ်းဖက်အုပ်စုအနေနဲ့ သတ်မှတ်ထားတဲ့ စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ဟာ AA၊ MNDAA နဲ့ TNLA တို့ကို ကြေညာတာက တရားမ၀င်ဘူးလို့ ဆိုပါတယ်။

အဲ့ဒီ “ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့” လို့ အမည်ရှိတဲ့ အဖွဲ့ဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေထဲ ပူးပေါင်းပါ၀င်တာကြောင့် NUG က အကြမ်းဖက်အုပ်စုအနေနဲ့ ကြေညာလိုက်ပြီး အဖွဲ့ ဥက္ကဋ္ဌနဲ့ အဖွဲ့၀င်တွေကို အကြမ်းဖက်သမားတွေအနေနဲ့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မုံရွာထောင်မှာ CDM နိုင်/ကျဉ်းတွေကို Non-CDM လုပ်ဖို့ ဖိအားပေးလက်မှတ်ထိုးခိုင်း

  • 2024 ခုနှစ်၊ အောက်တိုဘာလ 6 ရက်
  • 3 Views
အောက်တိုဘာလ (၆)ရက်။ မုံရွာအကျဉ်းထောင်ထဲက CDM ပြုလုပ်ထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက Non-CDM ပြုလုပ်ဖို့ ဖိအားပေးနေတယ်လို့ PPNM ရဲ့
မြန်မာသတင်း

တလထဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၃၅၀)အထိရှိခဲ့၊ အရပ်သား (၂၀၀)ကျော်သေဆုံးပြီး (၃၀၀)ကျော်ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 6 ရက်
  • 3 Views
အောက်တိုဘာလ (၆)ရက်။ စက်တင်ဘာလထဲ တိုင်းနဲ့ပြည်နယ် (၉)ခုမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ စုစုပေါင်း (၃၅၀)အထိရှိခဲ့တယ်လို့ Blood Money Campaign
မြန်မာသတင်း

နောင်ချိုတိုက်ပွဲထဲ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးအပါအဝင် ဗုံးအလုံး (၆၀)နီးပါး ကြဲချတိုက်ခိုက်ခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 6 ရက်
  • 3 Views
အောက်တိုဘာလ (၆)ရက်။ မနေ့က နောင်ချိုတိုက်ပွဲထဲ စစ်ကောင်စီက လေကြောင်းကနေ အဆိပ်ငွေ့ဗုံးအပါအဝင် ဗုံး (၅၉)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ နောင်ချိုမြို့မှာ တိုက်ပွဲဖြစ်ပွားနေတဲ့ အမြောက်တပ်(၃၅၄)တပ်စခန်းနေရာကို Y-12
မြန်မာသတင်း

ဒီပဲယင်းနယ်ထဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 6 ရက်
  • 3 Views
အောက်တိုဘာလ (၆)ရက်။ မနေ့က ည (၇)နာရီခွဲအချိန်မှာ ဒီပဲယင်းမြို့နယ်ထဲ စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးနဲ့ ပစ်ခတ်သွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ ည (၇)နာရီ (၂၀)မိနစ်မှာ ဒီပဲယင်းနယ်တစ်နေရာနဲ့ တင်းတိမ်ရံနားတဝိုက်ကို ‌စခတွေက ‌ဂျက်ဖိုက်တာနဲ့
မြန်မာသတင်း

ငါန်းဇွန်မြို့ရှိ ကွတ်ကီးစက်ရုံတစ်ရုံ ဓါးပြတိုက်ခံရ၊ ငွေကျပ် သိန်း (၃၀၀)ခန့်နဲ့ ကားတစ်စီးပါသွား

  • 2024 ခုနှစ်၊ အောက်တိုဘာလ 5 ရက်
  • 8 Views
အောက်တိုဘာလ (၅)ရက်။ ဒီကနေ့ နံနက် (၇)နာရီဝန်းကျင်ခန့်က ငါးဇွန်မြို့နယ်ရှိ Myanmar Ding Wang ကွတ်ကီးစက်ရုံ ဓါးပြတိုက်ခံခဲ့ရတယ်လို့ စစ်ကောင်စီသတင်းတွေရဲ့ ဖော်ပြထားချက်တွေအရ သိရပါတယ်။ “ နံနက် (၆)နာရီ (၅၅)မိနစ်လောက်မှာ စက်ရုံကို လက်နက်ကိုင်လူတစုရောက်လာပြီး
မြန်မာသတင်း

တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ၊ စစ်ကောင်စီဘက်က (၅)ဦးသေဆုံးပြီး တပ်ရေးဗိုလ်ကြီးတစ်ဦးအပါအဝင် (၄)ဦး ဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 5 ရက်
  • 9 Views
အောက်တိုဘာလ (၅)ရက်။ ဒီကနေ့ နံနက် (၃)နာရီ (၄၀)မိနစ်အချိန်က တောင်ငူမြို့ရှိ စစ်ရှုံးစစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တောင်ငူမြို့က စစ်ရှုံးစစ်ကောင်စီရဲ့
မြန်မာသတင်း

လားရှိုးမြို့ ကွန်ပျူတာတက္ကသလိုအနီးကို စစ်ကောင်စီက ဗုံး (၄)ကြိမ် ကြဲချ၊ အဆောက်အဦးအများအပြား ထိခိုက်တာတွေရှိခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 5 ရက်
  • 7 Views
အောက်တိုဘာလ (၅)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန်က လားရှိုးမြို့၊ မယ်ဟန် ကွန်ပျူတာတက္ကသိုလ်အနီးတဝိုက်ကို စစ်ကောင်စီက ဗုံး (၄)ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကိုးကန့်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မယ်ဟန် ကွန်ပျူတာတက္ကသိုလ်အနီးကို ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်တာ
မြန်မာသတင်း

စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ဖို့ နိုင်ငံတကာကို ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို

  • 2024 ခုနှစ်၊ အောက်တိုဘာလ 5 ရက်
  • 11 Views
အောက်တိုဘာလ (၅)ရက်။ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်တပ်က ပြင်ဆင်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ဖို့ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအထွေထွေညီလာခံမှာ တောင်းဆိုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အာဏာသိမ်းစစ်တပ်က ပြင်ဆင်နေတဲ့ ဘယ်လိုရွေးကောက်ပွဲမဆို လွတ်လပ်မျှတပြီး အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ