နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

မတ္တရာအရှေ့ခြမ်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၇)ဦးသေဆုံးပြီး တစ်ဦးဖမ်းမိခဲ့တယ်လို့ MDY-PDF ထုတ်ပြန်

ဒီဇင်ဘာလ (၄)ရက်။

မတ္တရာမြို့နယ်အရှေ့ဘက်ခြမ်းရှိ မြို့ကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဒီဇင်ဘာလ (၂)ရက်နေ့ ညပိုင်းက MDY-PDF ထိန်းချုပ်စိုးမိုးထားတဲ့ မတ္တရာမြို့နယ်အရှေ့ဘက်ခြမ်းရှိ မြို့ကုန်းရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ (၃)ရက်နေ့မှာလဲ တစ်နေ့လုံးနီးပါး အဲ့ဒီစစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်တွေ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ပွဲတွေထဲ စစ်ကောင်စီထံကနေ အလောင်း (၇)လောင်းအပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်းတစ်ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် MDY-PDF တွေနဲ့ စစ်ကောင်စီတပ်တို့အကြား မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်နဲ့ နောင်ချိုမြို့နယ်တို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 12 ရက်
  • 13 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကိုကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်၊ ဒီည မြန်မာစံတော်ချိန်ည ၇နာရီခွဲမှာ ခေတ်မျက်လုံး Era’s Eye
မြန်မာသတင်း

စေတုတ္တရာရှိ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၈)ဦး ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 22 Views
ဧပြီလ (၁၁)ရက်။ မနေ့က နံနက် (၅(နာရီအချိန်က စေတုတ္တရာမြို့ ကင်ပွန်းခြုံရွာရှိ စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ CDF-Asho ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

အာရက္ခတပ်တော်၏ ၁၇နှစ်မြောက်တည်ထောင်သည့်အထိမ်းအမှတ်ကို ယောကာကွယ်‌ရေး တပ် (YDF) မှသဝဏ်လွှာပေးပို့။

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 22 Views
အာရက္ခတပ်တော်ကြောင့်ယောကာကွယ်ရေးတပ်အနေနှင့် ယောအမျိုးသားရေး လမ်းစဥ် ကိုအောင်မြင်စွာချမှတ်နိုင်ခဲ့သည့်အပြင် တပ်ဖွဲ့စည်းပုံကိုလည်း ခိုင်မာစွာတည်ဆောက် နိုင်ခဲ့ခြင်းသည် အာရက္ခတပ်တော်၏ ညီရင်းအကို စိတ်ဓါတ်ကြောင့်ဖြစ်ကြောင်းဂုဏ်ပြု ရေးသားထားသလိုအာရက္ခတပ်တော်၏မဆုတ်မနစ် မိမိရည်မှန်းချက်ကို မျက်ခြေပြတ် မခံဘဲကြိုးစားမှုကြောင့်ယခုအခါ အာရက္ခတပ်တော်သည်  မိမိရည်မှန်းချက်ကို ရရှိရန် လက်တကမ်းအလိုလောက်သာရှိတော့သည့်အတွက် စိတ်အားတက်မိကြောင်းလည်းဆိုသည်။ ရန်သူစစ်အုပ်စုကိုအမြန်ဆုံးခြေမှုန်းနိုင်စေ‌ကြောင်းလည်းရေးသားဂုဏ်ပြုခဲ့ပါသည်။
မြန်မာသတင်း

‌သင်္ကြန်ကာလ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ယာယီပိတ်မယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 18 Views
ဧပြီလ (၁၁)ရက်။ သင်္ကြန်ကာလထဲ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ဖြတ်သန်းသွားလာခွင့်နဲ့ပတ်သက်ပြီး မြို့နယ်ပကဖက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ လာမယ့် ဧပြီလ (၁၃)ရက်နေ့ကနေ (၁၇)ရက်နေ့ မြန်မာနှစ်ဆန်းတရက်နေ့အထိ မြို့ဝင်/ထွက်လမ်းတွေ အားလုံးကို ယာယီပိတ်ထားမယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်
မြန်မာသတင်း

တော်လှန်ရေးဦးဆောင်ကောင်စီ SCEF ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 25 Views
ဧပြီလ (၁၁)ရက်။ မနေ့က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို အွန်လိုင်းကနေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးကို မဟာဗျူဟာနဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ခေါင်းဆောင်တွေ၊ အတွင်းရေးမှူးအဖွဲ့ဝင်တွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီဝင်တွေ စုံညီစွာ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး
မြန်မာသတင်း

၂၀၂၇ခုနှစ်မကုန်ခင် လက်စသိမ်းအောင်ပွဲခံမယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 20 Views
ဧပြီလ (၁၁)ရက်။ အခုနှစ်နဲ့ ၂၀၂၇ခုနှစ် မကုန်ခင် လက်စသိမ်းအောင်ပွဲခံမယ်လို့ AA တပ်မမှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က (၁၇)နှစ်မြောက် အာရက္ခတပ်တော်နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုကာလဟာ စစ်ပွဲကာလဖြစ်ပြီး အဘက်ဘက်က အခက်အခဲပေါင်းစုံနဲ့ ဖြတ်သန်းနေရပြီး စစ်ကောင်စီက တိုက်ပွဲမှာ
မြန်မာသတင်း

AA တည်ထောင်တာ (၁၇)နှစ်ပြည့် အခမ်းအနားကို မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 27 Views
ဧပြီလ (၁၀)ရက်။ ဒီကနေ့ AA တည်ထောင်တာ (၁၇)နှစ်ပြည့်တဲ့ အထိမ်းအမှတ်အခမ်းအနားကို ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ ဒီကနေ့ နေ့ထူးနေ့မြတ်ကစပြီး AA
မြန်မာသတင်း

မင်းအောင်လှိုင်က စိုးဝင်းကို အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌနေရာပေး

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 178 Views
ဧပြီလ (၁၀)ရက်။ မင်းအောင်လှိုင်ရဲ့ အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌအနေနဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းကို နေရာပေးခန့်အပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ဖွဲ့စည်းတဲ့ အတိုင်ပင်ခံကောင်စီကို ဥက္ကဋ္ဌ စိုးဝင်းအပါအဝင် (၁၁)ဦးနဲ့ ဖွဲ့စည်းခဲ့ကာ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ကိုကိုလှိုင်၊ သန်းဆွေ၊