နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

မတ္တရာအရှေ့ခြမ်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၇)ဦးသေဆုံးပြီး တစ်ဦးဖမ်းမိခဲ့တယ်လို့ MDY-PDF ထုတ်ပြန်

ဒီဇင်ဘာလ (၄)ရက်။

မတ္တရာမြို့နယ်အရှေ့ဘက်ခြမ်းရှိ မြို့ကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဒီဇင်ဘာလ (၂)ရက်နေ့ ညပိုင်းက MDY-PDF ထိန်းချုပ်စိုးမိုးထားတဲ့ မတ္တရာမြို့နယ်အရှေ့ဘက်ခြမ်းရှိ မြို့ကုန်းရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ (၃)ရက်နေ့မှာလဲ တစ်နေ့လုံးနီးပါး အဲ့ဒီစစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်တွေ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ပွဲတွေထဲ စစ်ကောင်စီထံကနေ အလောင်း (၇)လောင်းအပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်းတစ်ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် MDY-PDF တွေနဲ့ စစ်ကောင်စီတပ်တို့အကြား မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်နဲ့ နောင်ချိုမြို့နယ်တို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ (၂)ရက်ဆက်တိုက် ဗုံးကြဲခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 5 Views
ဇန်နဝါရီလ (၂၂)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီကျော်အချိန်က နောင်ချိုမြို့ရှိ ရဲစခန်းအနီးကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲချခဲ့တယ်လို့ TNLA ရဲ့
မြန်မာသတင်း

ကန့်ဘလူမြို့ပေါ်က လူငယ်(၇)ဦးကို စစ်မှုထမ်းဖို့ စစ်ကောင်စီ အဓမ္မဖမ်းဆီးခေါ်ဆောင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 5 Views
ဇန်နဝါရီလ (၂၂)ရက်။ မနေ့က နေ့လယ် (၁)နာရီခန့်က ကန့်ဘလူမြို့ပေါ်က လူငယ် (၇)ဦးကို စစ်မှုထမ်းဖို့ စစ်ကောင်စီက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့
မြန်မာသတင်း

စစ်ကောင်စီရဲ့ စစ်မှုထမ်းစုဆောင်းခံရတဲ့ တပ်သားတစ်ဦး KNDF ထံ ထွက်ပြေးခိုလှုံ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 6 Views
ဇန်နဝါရီလ (၂၂)ရက်။ ဇန်နဝါရီလ (၂၀)ရက်နေ့က စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းခံရတဲ့ တပ်သားတစ်ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မစုဆောင်းခံရပြီး စစ်မှုထမ်းနေရတဲ့ စစ်ကောင်စီတပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ
မြန်မာသတင်း

KNU ထိန်းချုပ်ထားတဲ့ ကျိုက်ဒုံမြို့ပေါ်ရှိ မီးသတ်စခန်းကို စစ်ကောင်စီ ဗုံးကြဲချ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 5 Views
ဇန်နဝါရီလ (၂၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်က ကျိုက်ဒုံမြို့ပေါ်ရှိ မီးသတ်စခန်းကို စစ်ကောင်စီက လေကြောင်းကနေ ဖျက်အားပြင်းဗုံးနဲ့ ကြဲချခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ကျိုက်ဒုံမြို့ပေါ် အမှတ်(၅)ရပ်ကွက်က မီးသတ်စခန်းကို စကစက ဖျက်အားပြင်းဗုံးနဲ့
မြန်မာသတင်း

ညစ်ညမ်းစာပေတွေကို အရေးယူတာက စာပေအဆိပ်သင့်တာကို ကာကွယ်တာလို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 5 Views
ဇန်နဝါရီလ (၂၂)ရက်။ ညစ်ညမ်းစာပေတွေကို အရေးယူတာက နိုင်ငံနဲ့ လူမျိုးအတွက် စာပေအဆိပ်သင့်တာကို ကာကွယ်တားဆီးတာလို့ စစ်ကောင်စီပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက မနေ့က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုအခါ စာပေထုတ်ဝေတဲ့ လုပ်ငန်းတွေမှာ ညစ်ညမ်းစာပေတွေကို ထုတ်ဝေဖြန့်ချိတာတွေ တွေ့နေရတာကြောင့် သက်ဆိုင်ရာဥပဒေနဲ့အညီ
မြန်မာသတင်း

အွန်လိုင်းငွေလိမ်လည်တဲ့လုပ်ငန်းတွေကိစ္စ ထိုင်းနဲ့ စစ်ကောင်စီတို့ ဆွေးနွေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 5 Views
ဇန်နဝါရီလ (၂၂)ရက်။ မနေ့က နေပြည်တော်မှာ ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံးက ဗိုလ်ချုပ်ကြီး ဒီရစ်ဘွန်ကန်နဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲမှာ နှစ်နိုင်ငံနဲ့ စစ်တပ်နှစ်ရပ်အကြား သံတမန်ဆက်ဆံရေးနဲ့ ချစ်ကြည်ရင်းနှီးမှုအပါအဝင် ခေါင်းဆောင်တွေနဲ့ အရာရှိကြီးတွေရဲ့
မြန်မာသတင်း

ထီးလင်းမြို့ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 17 Views
ဇန်နဝါရီလ (၂၁)ရက်။ မနေ့က နေ့လယ်(၁)နာရီခွဲအချိန် ထီးလင်းမြို့ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဗျူဟာအမှတ်(၈၁)-ယောဗျူဟာရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ထီးလင်းမြို့က စကစတပ်သားတွေ တပ်စွဲထားတဲ့ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်းကို
မြန်မာသတင်း

မြင်းခြံမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီရဲတွေ မိုင်းဆွဲခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 10 Views
ဇန်နဝါရီလ (၂၁)ရက်။ ဒီကနေ့ နံနက် (၆)နာရီ (၄၅)မိနစ်အချိန်က မြင်းခြံမြို့ ချောင်းဒေါင်းလမ်းဆုံမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီရဲတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ အမှတ်(၂)ရဲစခန်းက ရဲတပ်သား (၅)ဦးက