နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့နဲ့ တွေ့ဆုံ

ဧပြီလ (၅) ရက်။

မကြာသေးခင်က နေပြည်တော်မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့နဲ့ တွေ့ဆုံခဲ့တဲ့ ဓာတ်ပုံတွေ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချီတယ်လီဂရမ်ချန်နယ်တွေမှာ ပျံ့နှံ့လာပါတယ်။

နေပြည်တော်အသိုင်းအဝိုင်းမှာတော့ တပ်ချုပ်မင်းအောင်လှိုင်ကို နေရာလဲဖို့ ဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရ ရင်ဆိုင်နေရတဲ့ ဆုံးရှုံးမှုတွေ ကြီးထွားလာတဲ့အတွက် မြန်မာနိုင်ငံ တည်ငြိမ်ရေးအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာနေချိန် တရုတ်သံအမတ်ကြီးက ခေါင်းဆောင်ဟောင်းတွေနဲ့ သွားရောက်တွေ့ဆုံတာနဲ့ပတ်သက်ပြီး တရုတ်အစိုးရဟာ မြန်မာနိုင်ငံရဲ့ အရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ဖို့ ကြိုးပမ်းနေတာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားနယ်မြေတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေသလို လူထုရဲ့ခုခံမှုနဲ့ စီးပွားရေး ပြိုလဲမှုတို့နဲ့အတူ တိုင်းပြည်ဟာ အဆုံးစွန်အခြေနေကို ရောက်ရှိနေတာ ဖြစ်တယ်။ အရင် စစ်ခေါင်းဆောင်ဟောင်းတွေ ဖြစ်ကြတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဦးသိန်းစိန်တို့ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လာရောက်တွေ့ဆုံတာဟာ တရုတ်နိုင်ငံရဲ့ ရည်ရွယ်ချက်တွေက ဘာတွေဖြစ်လာနိုင်မလဲ ဆိုတာကို စောင့်ကြည့်ရမယ်လို့ သူက ဆက်ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံရဲ့ လူအခွင့်အရေးဆိုးဝါးနေမှုနဲ့ပတ်သက်လို့ တရုတ်နဲ့ ရုရှား နှစ်နိုင်ငံက မြန်မာနိုင်ငံရဲ့အခြေအနေဟာ ဒေသတွင်း ခြိမ်းခြောက်မှု မရှိဘူး၊ ပြည်တွင်းရေးသာ ဖြစ်တယ်လို့ စစ်ကောင်စီဘက်က ကာကွယ်ပြောဆိုသွားပါတယ်။ ဒီလိုပြောဆိုမှုဟာ တရုတ်ဟာ စစ်ကောင်စီဘက်က ရပ်နေတယ်ဆိုတာ ထင်ရှားနေတယ်လို့ သူက ဆိုပါတယ်။

တပ်မတော်အကြီးအကဲဟောင်းနှစ်ဦးဟာ တပ်မတော်အတွင်း သိသာထင်ရှားတဲ့ သြဇာလွှမ်းမိုးမှုရှိနေပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းတွေနဲ့ သဘာဝအရင်းအမြစ်ထုတ်ယူရေး အပါအဝင် စီးပွားရေးအရ အရေးပါတဲ့အကျိုးစီးပွားတွေ ရှိနေပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေးမြိုမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်း ဒရုန်းနဲ့ ဗုံးကြဲခံရ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 16 Views
မတ်လ (၇)ရက်။ မတ်လ (၅)ရက်နေ့ နေ့လယ် (၂)နာရီ (၄၀)မိနစ်ခန့်က ရေးမြိုမြောက်ပိုင်း ကနင်ကမော့ရွာအနီး စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့
မြန်မာသတင်း

အရှေ့အလယ်ပိုင်းဒေသ တိုက်ခိုက်တာတွေကို စိုးရိမ်တယ်ဆိုပြီး စစ်ကော််ရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 16 Views
မတ်လ (၇)ရက်။ အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပေါ်နေတဲ့ တိုက်ခိုက်တာတွေအတွက် အလွန် စိုးရိမ်ပူပန်တယ်‌ဆိုပြီး စစ်ကော်မရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ခဲ့တယ်လို သိရပါတယ်။
မြန်မာသတင်း

ကနီမှာ ရှင်ပြုအလှုပွဲပြုလုပ်တဲ့ နေအိမ်ကို စစ်တပ် ဒရုန်းနဲ့ဗုံးကြဲ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 16 Views
မတ်လ (၇)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခန့်က ကနီမြို နတ်လာပိုရွာမှာ ရှင်ပြုအလှူပွဲပြုလုပ်တဲ့ နေအိမ်ကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နမခဘက်ကနေ အသေခံဒရုန်း (၃)စီးနဲ့ ချင်းတွင်းမြစ်ရိုးက ရွာတွေကို
မြန်မာသတင်း

SRA အဖွဲဝင်တွေ ဖမ်းဆီးခံထားရတဲ့အပေါ် MOD စစ်ရုံးချုပ်နဲ့ တိုက်ရိုက်ညှိနှိင်းနေ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 14 Views
မတ်လ (၇)ရက်။ SRA အဖွဲဝင်အချို ဖမ်းဆီးခံထားရတဲ့ကိစ္စနဲ့ပတ်သက်ပြီး MOD စစ်ရုံးချုပ်နဲ့ တိုက်ရိုက် ဆွေးနွေးညှိနှိင်းနေတယ်လို BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ ကျနော်တို SRA အနေနဲ့ကတော့ MOD စစ်ရုံးချုပ်နဲ့
မြန်မာသတင်း

ကောလင်းမြို လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ရှောင်အမျိုးသမီး (၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 40 Views
မတ်လ (၆)ရက်။ မနေ့က ကောလင်းမြို ကချင်ကုန်းရွာအနီးကို စစ်တပ်က လေကြောင်းကနေ (၄)ကြိမ် တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က မကွေးလေတပ်ကနေ ဂျက်ဖိုက်တာတစီးနဲ့ ကချင်ကုန်းရွာနားကို (၄)ကြိမ် လေကြောင်းတိုက်ခိုက်သွားတာ။
မြန်မာသတင်း

ပုလဲနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်အပါအဝင် (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 34 Views
မတ်လ (၆)ရက်။ မတ်လ (၄)ရက်နေ့ ဘဲ (၉)နာရီကျော်အချိန်က ပုလဲနယ်အနောက်မြောက်ခြမ်းရှိ မရိုးတုန်းရွာကို စစ်တပ်က စက်တပ်လေထီးတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြေပြင်သတင်းတွေထံက သိရပါတယ်။ “ မတ်လ (၄)ရက်နေ့ ည (၉)နာရီ (၂)မိနစ်နဲ့ (၂၈)မိနစ်တိုမှာ
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ စက်သုံးဆီချွေတာဖို့ဆိုတဲ့ ကြေညာချက်ကို ပြည်သူ့ပါတီက အကြံပြုတင်ပြတာဆိုပြီး ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 39 Views
မတ်လ (၆)ရက်။ စစ်ကော်မရှင်ရဲ့ စက်သုံးဆီချွေတာသုံးစွဲဖို့ဆိုပြီး ကြေညာထားတာကို ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီက အကြံပြုတင်ပြချက်ဆိုပြီး မနေ့က ထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။ စစ်ကော်မရှင်က စက်သုံးဆီ ချွေတာသုံးစွဲဖို့ဆိုပြီး ကြေညာတာမှာ ကားတွေ၊ ဆိုင်ကယ်တွေကို စုံအက္ခရာနဲ့ မအက္ခရာခွဲပြီး စုံရက်နဲ့
မြန်မာသတင်း

တနင်္သာရီမြို့တိုက်ပွဲ စစ်တပ်ဘက်က အရာရှိအပါအဝင် (၄)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 42 Views
မတ်လ (၆)ရက်။ မတ်လ (၄)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က တနင်္သာရီမြို့ ခြောက်မိုင်ရွာရှိ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခြောက်မိုင်ရွာက ဘုန်းကြီးကျောင်းမှာ နေရယူထားတဲ့