ဩဂုတ်လ (၅)ရက်။
နေပြည်တော်ရှိ စစ်ကောင်စီရဲ့ ဒက္ခိဏမြို့မရဲစခန်းက ဒုတပ်ကြပ် ရဲမေတစ်ဦး ခဲယမ်းတွေနဲ့အတူ အလင်း၀င်လာတယ်လို့ Royal Eagle PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ခဲယမ်းတွေနဲ့အတူ အလင်း၀င်လာသူဟာ စစ်ကောင်စီလက်အောက်ခံ ဒက္ခိဏမြို့မရဲစခန်းမှာ တာ၀န်ထမ်းဆောင်တဲ့ ဒုတပ်ကြပ် အေးအေးအောင်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒုတပ်ကြပ် အေးအေးအောင်ဟာ G3 ကျည် (၂၄)တောင့်၊ ၉မမ ကျည် (၂၅)တောင့်အပါအ၀င် ကွန်ပျူတာတလုံးတို့နဲ့အတူ အလင်း၀င်လာခဲ့တာလို့ ဖော်ပြထားပါတယ်။
အခုလို ခဲယမ်းအသုံးအဆောင်တွေနဲ့အတူ အလင်း၀င်လာတဲ့ ဒုတပ်ကြပ် အေးအေးအောင်ကို ဆုငွေချီးမြှင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ရေးသားထားပါတယ်။
ရေစကြိုမြို့ရှိ Royal Eagle PDF ထံ ခဲယမ်းတွေနဲ့ အလင်း၀င်လာတဲ့ ဒုတပ်ကြပ် အေးအေးအောင်ဟာ တော်လှန်ရေးတာ၀န်တွေမှာ ပါ၀င်ထမ်းဆောင်ဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လကုန်ပိုင်းကလဲ စစ်ကောင်စီဘက်က ရဲတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်း၀င်လာတာကြောင့် ဆုကြေးငွေ သိန်း(၃၀)ကျပ် ချီးမြှင့်ခဲ့ကာ လွတ်မြောက်နယ်မြေကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။