ဩဂုတ်လ (၅)ရက်။
MDY-PDF ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်ထဲက တရုတ်နိုင်ငံသားတွေကို နေရပ်ပြန်ခွင့်ပြုခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
စဉ့်ကူးမြို့နယ်ထဲ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ တရုတ်နိုင်ငံသား (၁၅)ဦးကို တွေ့ဆုံဆွေးနွေးပြီးနောက် သူတို့ရဲ့ သဘောဆန္ဒအရ နေရပ်ပြန်ခွင့်ပြုခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီတရုတ်နိုင်ငံသားတွေကို ဩဂုတ်လ (၄)ရက်နေ့မှာ MDY-PDF ထိန်းချုပ်နယ်မြေရဲ့ အဆုံးတနေရာအထိ လုံခြုံစွာပို့ဆောင်ပေးခဲ့တာလို့ ဖော်ပြထားပါတယ်။
စဉ့်ကူးမြို့ကို MDY-PDF က ထိန်းချုပ်ထားကာ မနေ့က စစ်ကောင်စီဟာ လေကြောင်းအသုံးပြုပြီး အတွဲလိုက်ဗုံးသီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူအများအပြား ထိခိုက်သေဆုံးခဲ့ရပါသေးတယ်။
ဒါ့အပြင် စဉ့်ကူးမြိုနယ်ဟာ စစ်ဆင်ရေးလုပ်ငန်းတွေ ဖော်ဆောင်နေချိန်ဖြစ်တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ကျင့်၀တ်တွေကို လေးစားလိုက်နာကြဖို့ MDY-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။