နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင် လွိုင်ကော်မြို့ကို ရောက်ရှိချိန် လက်နက်ကြီးနဲ့ ပစ်ခတ်ခံရ

စက်တင်ဘာလ (၅)ရက်။

မနေ့က လွိုင်ကော်မြို့ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိခဲ့ချိန် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) စစ်ဦးစီးချုပ် မာဝီရဲ့ ဒီကနေ့မှာ အတည်ပြုပြောဆိုထားချက်အရ သိရပါတယ်။

“ သတင်းကြိုရတာကြောင့် KNDF ရဲ့ လက်နက်ကြီးအဖွဲ့ကို အမိန့်ပေးတိုက်ခိုက်ခိုင်းခဲ့တာပါ။ ပစ်လိုက်တဲ့ လက်နက်ကြီးကလဲ အကြမ်းဖက်စစ်တပ်ဆီက သိမ်းမိခဲ့တဲ့ (၁၂၀)နဲ့ ပစ်တာ” လို့ သူက ဆိုပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် လွိုင်ကော်မြို့ကို ရောက်ရှိချိန် လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာကို ဒေသခံတွေကလဲ ပြောဆိုထားပြီး ထိခိုက်ပျက်စီးတဲ့ အခြေအနေကိုတော့ အတည်ပြုဖို့ခက်ခဲနေတယ်လို့ သိရပါတယ်။

မနေ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပအိုဝ်းဒေသ ဆီဆိုင်မြို့ကို သွားရောက်ခဲ့ပြီး လွိုင်ကော်မြို့ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှာ နယ်မြေတည်ငြိမ်အေးချမ်းဖို့ အစည်းအဝေးပြုလုပ်တဲ့အချိန် ပစ်ခတ်ခံရတာပါ။

အဲ့ဒီအစည်းအဝေးထဲ လွိုင်ကော်မြို့နဲ့ ဆက်စပ်နေရာတွေမှာ လုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်ပြီး ကယားပြည်နယ်ကို ပုံမှန်အခြေအနေပြန်ရောက်အောင် ဆောင်ရွက်ဖို့ စစ်ခေါင်းဆောင်က ညွှန်ကြားခဲ့ပါသေးတယ်။

နောက်ပြီး ‌စစ်ကောင်စီကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် သန်ခေါင်း‌စာရင်းကောက်ယူတာကို အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့အတွက် လုံခြုံရေးတွေ ဝိုင်း၀န်းလုပ်ဆောင်ဖို့ မင်းအောင်လှိုင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

စစ်အုပ်စုကို တရားစွဲဖို့လုပ်တဲ့ ဘယ်အဖွဲ့နဲ့မဆို ပူးပေါင်းရမယ်လို့ TNLA ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ စစ်ရာဇဝတ်မှုပေါင်းစုံ ကျူးလွန်နေတဲ့ စစ်အုပ်စုကို တရားစွဲဖို့လုပ်တဲ့ ဘယ်အဖွဲ့နဲ့မဆို ပူးပေါင်းဖို့လိုတယ်လို့ TNLA ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ် တားဘုန်းကျော်က
မြန်မာသတင်း

ပေါင်မြို့မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလင်မယား(၂)ဦး ပစ်ခတ်ခံရပြီး သေဆုံး

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 9 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ပေါင်မြို့နယ်ရှိ ညောင်ကုန်းကြီးရွာရဲ့ အုပ်ချုပ်ရေးမှူး လင်မယား (၂)ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး
မြန်မာသတင်း

ကန့်ဘလူ ပလဖအချုပ်ခန်းမှာ အချုပ်သူကို မုဒိန်းကျင့်လို့ တာဝန်ကနေ ရပ်ဆိုင်းခံရတဲ့ ပအဖခေါင်းဆောင် စစ်အုပ်စုနဲ့ ပူးပေါင်းသွားတယ်လို့ဆို

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ ကန့်ဘလူမြို့ရှိ ပလဖအချုပ်ခန်းတခုမှာ အချုပ်သူတစ်ဦးကို မုဒိန်းကျင့်တဲ့ ပအဖတာဝန်ခံ မြင့်ဇော်ဦး(ခ)မဲခေါင်ဟာ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီလို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ ဦးမဲခေါင် စစ်အုပ်စုနဲ့ပေါင်းသွားတယ်ဆိုပြီး အခုရက်ပိုင်းထဲ ပြောနေကြတာတော့ကြားတယ်။ ဖြစ်နိုင်ချေ ရာခိုင်နှုန်းကတော့ များတယ်။
မြန်မာသတင်း

မင်းတပ်မြို့နေ ပြည်သူတွေ လက်နက်ခဲယမ်းတွေ အပ်နှံကြဖို့ CDF-MINDAT ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 8 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ မင်းတပ်မြို့နယ်ထဲ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ လက်နက်ခဲယမ်းတွေကို နီးစပ်ရာ တပ်ရင်း၊ တပ်ဖွဲ့တွေဆီ အပ်နှံကြဖို့ CDF-MINDAT ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းတပ်မြို့နေ ပြည်သူတွေအနေနဲ့ မြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီက
မြန်မာသတင်း

ရေဦးနယ်ထဲ မင်္ဂလာပွဲပြုလုပ်တဲ့ရွာကို စစ်ကောင်စီဗုံးကြဲ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 11 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ ဒီကနေ့ နံနက်ပိုင်း (၁၁)နာရီအချိန်က ရေဦးအနောက်မြောက်ခြမ်းရှိ မဲအိုးရွာကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ People’s Defense Comrade(PDC)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၁)နာရီ (၃)မိနစ်က ရေဦးအနောက်မြောက်ခြမ်း မဲအိုးရွာကို
မြန်မာသတင်း

ပေါင်မြို့မှာ PDF တွေကို ထောက်ပံ့တယ်ဆိုပြီး မြို့နယ်ထွေ/အုပ် ဒုဦးစီးမှူးနဲ့ မီးသတ်ဦးစီးမှူးအပါအဝင် (၆)ဦးကို စစ်ကောင်စီဖမ်းဆီး

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 14 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ မနေ့က ပေါင်မြို့နယ်ရှိ မြို့နယ်ထွေ/အုပ် ဒုဦးစီးမှူးနဲ့ မြို့နယ်မီးသတ်ဦးစီးမှူးအပါအဝင် (၆)ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ဖမ်းဆီးခံရသူတွေဟာ မြို့နယ်ထွေ/အုပ် ဒုဦးစီးမှူး ဦးကျော်မျိုးလှိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြတ်ကိုကိုအပြင်
မြန်မာသတင်း

ရွှေကုက္ကိုလ်နဲ့ KK Park နယ်မြေက ကျားဖြန့်လုပ်ကိုင်တဲ့ ပြည်ပနိုင်ငံသား (၂၅၀၀)ကျော်အထိ စစ်ကောင်စီဖမ်းဆီးထား

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 12 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ ‌ရွှေကုက္ကိုလ်နဲ့ KK Park နယ်မြေတွေထဲက ကျားဖြန့်လုပ်ငန်းလုပ်ကိုင်တဲ့ ပြည်ပနိုင်ငံသား (၂၅၃၈)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုင်ငံထဲ တရားမဝင် ဝင်ရောက်လာကာ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုနဲ့ ဒုစရိုက်မှုတွေ
မြန်မာသတင်း

ပေါက်ခေါင်းမြို့မှာ ပျုစောထီးခေါင်းဆောင်ရဲ့တူ ဦးဆောင်တဲ့ လောင်းကစားဝိုင်း စီးနင်းဖမ်းဆီးခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 12 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ ဖေဖော်ဝါရီလ (၂၄)ရက်နေ့ နေ့လယ် (၂)တာရီခွဲအချိန်က ပေါက်ခေါင်းမြို့အပိုင် ကြူဝတ်ကျေးရွာမှာ လောင်းကစားဝိုင်းတစ်ခုကို ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ပြည်ခရိုင်(၃၆၀၂)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လောင်းကစားဝိုင်းကို စကစအမာခံထောက်တိုင်ဖြစ်တဲ့ သားသတ်ဝက်ကုမ္ပဏီက ဇေယျာဦးနဲ့ ပျူခေါင်းဆောင်