စက်တင်ဘာလ (၅)ရက်။
ဒေသဖွံ့ဖြိုးတိုးတက်မှု နောက်ကျစေဖို့နဲ့ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေဖို့ လုပ်ဆောင်တာက ဒေသခံတွေပဲဖြစ်တယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က လွိုင်ကော်မြို့တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့၊ တည်ငြိမ်အေးချမ်းဖို့အတွက် အဲ့ဒီဒေသမှာ နေထိုင်သူတွေကပဲ လုပ်ဆောင်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ဒေသထဲ တည်ငြိမ်အေးချမ်းဖို့နဲ့ လုံခြုံရေးကို ဖျက်ဆီးနေတဲ့ ဒေသထဲနေထိုင်တဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တာတွေ လျော့ပါးစေဖို့ ပြည်သူတွေက ဝိုင်း၀န်းတားဆီးပေးဖို့ သူက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အခုလိုတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာဟာ နိုင်ငံရေးအရ ရင့်ကျက်မှုမရှိတာလို့လဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။
မင်းအောင်လှိုင်ဟာ လွိုင်ကော်မြို့တွေ့ဆုံပွဲမှာလဲ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ဖို့ ပြင်ဆင်နေတာတွေကို ပြောဆိုခဲ့သလို ဒေသထဲ တည်ငြိမ်အေးချမ်းဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။