နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

တန့်ဆည်မြို့မြောက်ပိုင်းက စစ်ကောင်စီကင်းစခန်းတစ်ခုကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

မေလ (၆)ရက်။

ဒီကနေ့ နံနက် (၁)နာရီအချိန်က စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မြောက်ပိုင်းရှိ ကျွန်လည်ပျူစောထီးရွာက စစ်ကောင်စီကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ တန့်ဆည်မြို့နယ်ပကဖရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကျွန်လည်ပျူစောထီးရွာထဲ အခြေချထားတဲ့ စစ်ကောင်စီကင်းစခန်းကို တန့်ဆည်မြို့နယ်ပကဖနဲ့ ရွှေဘိုခရိုင်တပ်ရင်း(၂၅)တို့က ပူးပေါင်းတိုက်ခိုက်ပြီး အပြီးတိုင်ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က အများအပြားသေဆုံးကာ အချို့မှာ စခန်းစွန့်ခွာထွက်ပြေးခဲ့ပြီး MA1 တစ်လက်၊ G3 တစ်လက်၊ ကာဘိုင် (၃)လက်၊ ပြောင်းချော (၇)လက်၊ လက်ပစ်ဗုံး၊ နင်းမိုင်းနဲ့ ကျည်မျိုးစုံအပြင် စစ်အသုံးအဆောင်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကျွန်လည်ပျူရွာတိုက်ပွဲထဲ ကာကွယ်ရေးရဲဘော်တစ်ဦး ကျဆုံးကာ (၂)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း(၂၅)က အသိပေးထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်သိမ်းပိုက်ခံရတဲ့ ကျွန်လည်ပျူစောထီးရွာ ကင်းစခန်းနဲ့ ပျူစောထီးတွေက အနီးရှိ ကျေးရွာနေအိမ်တွေကို မကြာခဏ မီးရှို့ဖျက်ဆီးနေတာလို့ ပြောဆိုထားပါတယ်။

ဒါ့ပြင် ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေအပြင် ဒေသခံတွေဟာ သူတို့ရဲ့ ဘေးရန်ကို ကြောက်လန့်တာကြောင့် ရွာကနေ စွန့်ခွာနေကြရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ချင်းနဲ့ ရခိုင် လူမျိုးနှစ်မျိုးအကြား သမိုင်းသစ်တခုရေးထိုးဖို့ ULA/AA တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၂၁)ရက်။ ချင်းနဲ့ ရခိုင် လူမျိုးနှစ်မျိုးအကြား သမိုင်းသစ်တခုရေးထိုးကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)က ချင်းအမျိုးသားနေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ ရခိုင်ဒေသထဲနဲ့
မြန်မာသတင်း

ဒေါ်ကြည်ပြာကို ရာထူးတာဝန် ပြန်ခန့်အပ်ထားတာ မရှိသေးဘူးလို့ NUG ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်
  • 11 Views
ဖေဖော်ဝါရီလ (၂၁)ရက်။ ဒေါ်ကြည်ပြာကို ရာထူးတာဝန်ကနေ ယာယီရပ်နားထားဆဲဖြစ်ပြီး ပြန်လည်ခန့်အပ်တာ မရှိသေးဘူးလို့ NUG ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဒီကနေ့မှာပြုလုပ်တဲ့
မြန်မာသတင်း

မြစ်ကြီးနားလေဆိပ်မှာ MNA လေယာဉ် အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံရတယ်လို့ စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်
  • 13 Views
ဖေဖော်ဝါရီလ (၂၁)ရက်။ မနေ့က ည (၈)နာရီကျော်အချိန်က မြစ်ကြီးနားလေဆိပ်မှာ MNA ခရီးသည်တင်လေယာဉ်တစီး အသေခံဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒရုန်းတွေနဲ့ ပစ်ခတ်ခံရတဲ့ လေယာဉ်ဟာ မြစ်ကြီးနားလေဆိပ်ကနေ မန္တလေးကို ပြန်လည်ထွက်ခွာမယ့် MNA
မြန်မာသတင်း

အင်အားကြီးသူပြောတိုင်းအမှန်ပဲလာ?

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်
  • 14 Views
ဝါရင့်ရှေ့နေကြီးဦးကြီးမြင့်နဲ့အမြင်ဖလှယ်ခြင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကို အင်အားကြီးသူက တိုက်ခိုက်သိမ်းပိုက် အောင်ပွဲခံ နေတာဟာ တကယ့်အောင်ပွဲလား၊ ဘယ်လိုကောင်းကျိုးတွေ ဆိုးကျိုးတွေရှိသလဲဆိုတာ သူတို့အမြင်များကို ဦးကြီးမြင့်နဲ့ဦးထွန်းအောင်ကျော်တို့ကဆွေး‌နွေးတင်ပြထားပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

ကရင်နီမှာ တပ်တစ်တပ်ထဲ အမြန်ဆုံးဖွဲ့စည်းဖို့ တော်လှန်ရေးအင်အားစုတွေကို လူထု တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 21 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ ကရင်နီပြည်မှာ တပ်တစ်တပ်ထဲ အမြန်ဆုံးဖွဲ့စည်း‌တည်ဆောက်ဖို့ လူထုတွေ့ဆုံပွဲကနေ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကို တိုက်တွန်းထားတယ်လို့ သိရပါတယ်။ လွိုင်နန်းဖမြို့နယ်ရှိ ပြည်သူတွေက လူထုတွေ့ဆုံပွဲတခုပြုလုပ်ပြီး သက်ဆိုင်ရာ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေဆီ ဖေဖော်ဝါရီလ (၁၆)ရက်နေ့ရက်စွဲနဲ့ စာပို့မေတ္တာရပ်ခံထားတာပါ။ လူထုတွေ့ဆုံပွဲကနေ တိုက်တွန်းတဲ့စာကို ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)အပါအဝင်
မြန်မာသတင်း

ဒေါ်ကြည်ပြာကိစ္စ နစ်နာသူတွေ တရားမျှတမှုရရှိဖို့ CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့ တောင်းဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 17 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ NUG ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာရဲ့ သတင်းတွေနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့ CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့က မနေ့ကရက်စွဲနဲ့ တိုက်တွန်းတောင်းဆိုတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒေါ်ကြည်ပြာကိစ္စကို NUG ဝန်ကြီးချုပ်လက်မှတ်နဲ့ ထုတ်ပြန်ခဲ့တဲ့စာဟာ ပြည်သူ၊ တော်လှန်ရေးအင်အားစုတွေနဲ့
မြန်မာသတင်း

တောင်ခေါင်းလောင်းရွာမှာ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 15 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ ပုလောမြို့ တောင်ခေါင်းလောင်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNLA တပ်မဂာ-၄ အထူးတပ်ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစခန်းဟာ စစ်တပ်နဲ့ ပြည်သူ့စစ် အင်အား (၂၇)ဦးရှိပြီး နံနက်
မြန်မာသတင်း

နိုင်ငံတည်ငြိမ်အေးချမ်းဖို့ ချင်းတိုင်းရင်းသားတွေ ပူးပေါင်းကြဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 15 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ နိုင်ငံတည်ငြိမ်အေးချမ်းဖို့ ချင်းတိုင်းရင်းသားတွေအပါအဝင် တိုင်ရင်းသားပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ချင်းအမျိုးသားနေ့ သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအချိန်မှာ ချင်းပြည်နယ်ရဲ့ နေရာဒေသအချို့အပါအဝင် နိုင်ငံထဲ ‌ဆူပူအကြမ်းဖက်တာတွေ၊ တရားဥပဒေ ဖောက်ဖျက်ကျူးလွန်တာတွေက